Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကြီးဒေသမှာ KIA နဲ့ စစ်တပ် တိုက်ပွဲဆက်ဖြစ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရွာအနီးက စစ်တပ် လက်အောက်ခံ ရှမ်းနီတပ်(SNA)စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပေမဲ့ စစ်တပ်နဲ့ ရှမ်းနီစခန်းတွေ ကျန်ရှိနေဆဲဖြစ်ပြီး တိုက်ပွဲ ဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ဇူလိုင် ၁၆ရက် ညနေပိုင်းက လုံးတုံကျေးရွာအနီး ဟဲပန်လမ်းခွဲရှိ SNA စခန်းကို သိမ်းပိုက်အပြီး သိမ်းရတဲ့ လက်နက်တွေ။ ဓာတ်ပုံ - Lung Jung LA N)

ဇူလိုင်-၁၈၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ လုံးတုံရွာအနီးက စစ်တပ် လက်အောက်ခံ ရှမ်းနီတပ်(SNA)စခန်းအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့ပေမဲ့ စစ်တပ်နဲ့ ရှမ်းနီစခန်းတွေ ကျန်ရှိနေဆဲဖြစ်ပြီး တိုက်ပွဲ ဆက်ရှိနေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဇူလိုင် ၁၆ရက် ညနေပိုင်းက လုံးတုံကျေးရွာအနီး ဟဲပန်လမ်းခွဲရှိ SNA စခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီတိုက်ပွဲမှာ လက်နက် ၆လက် သိမ်းရပြီး SNA ရုပ်အလောင်း ၇လောင်းနဲ့ခဲယမ်းတွေ သိမ်းရခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသတွင်းမှာ စစ်တပ်နဲ့ SNA ပူးပေါင်းစခန်းတွေ ဆက်ရှိနေပြီး တိုက်ပွဲဆက်ရှိနေကြောင်း သတင်းရင်းမြစ်က ဇူလိုင် ၁၇ရက် ညပိုင်းက ပြောပြပါတယ်။

KIA ပူးပေါင်းတပ်သိမ်းပိုက်ခဲ့တဲ့ လုံးတုံရွာအနီး SNA စခန်းဟာ အခု ဇူလိုင် ၂ရက်က KIA တပ်တွေ လက်လွှတ်ခဲ့ရတဲ့နေရာ ဖြစ်ပါတယ်။

အဲဒီ ရှမ်းနီတပ်စခန်းကို ၂ရက်ကြာ တိုက်ခိုက်ပြီး ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာလို့ အခြား စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။

ဒါ့အပြင်ဒေသတွင်း နယ်မြေဆက်စပ်နေတဲ့ဥရုချောင်းရိုး ဖားကန့်ဒေသ ဆယ်ဇင်းအောက် ဘက်မှာလည်း တိုက်ပွဲအချို့ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အင်းတော်ကြီး ဒေသအပါအဝင် ကချင်ဒေသ စစ်ရေး အခြေအနေတွေ သိရဖို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ကို စစ်တပ်ကတပ်မ ၂ မသုံးပြီးစစ်ကြောင်းထိုးနေတာ​ကြောင့် နေ့စဉ်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်းမှူး၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်မှူးဒါဘောက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသတိုက်ပွဲမှာ စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် (SNA)တပ်ဖွဲ့က အထိနာခဲ့ရာ တိုက်ပွဲမှာ ကျန်နေခဲ့တဲ့ ရုပ်အလောင်းတွေကို တော်လှန်ရေးတပ်တွေက ကောက်ယူပြီး ထုံးတမ်းအစဉ်အလာအတိုင်း နာရေးပြုလုပ်ပေးခဲ့တယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က စစ်တပ်ရဲ့ ကာဘိုးကျေးရွာတပ်စခန်းအနီး တိုက်ပွဲအတွင်း စစ်တပ် ထိခိုက်သေဆုံးမှုရှိပြီး လက်နက်၂လက် သိမ်းရခဲ့တယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။