Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ အာဇာနည်နေ့မှာ စစ်တပ်က အင်အားအပြားနဲ့ တင်းကျပ်စွာ စစ်ဆေးနေ

ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့က အာဏာသိမ်းစစ်တပ်က လုံခြုံရေး အများအပြားတင်းကျပ်စွာ ချထားပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(မန္တလေးမြို့က အာဇာနည်ဗိမာန်အား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)

​ဇူလိုင်-၁၉၊ ၂၀၂၆။မေရီ/People’s Spring

ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့က အာဏာသိမ်းစစ်တပ်က လုံခြုံရေး အများအပြားတင်းကျပ်စွာ ချထားပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ဇူလိုင်လ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်းကတည်းက မန္တလေးမြို့ရဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေ၊လမ်းဆုံလမ်းခွတွေနဲ့ အချက်အချာကျတဲ့ နေရာတွေမှာ စစ်တပ်၊ ရဲ၊ ပျူစောထီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အင်အားအများအပြားနဲ့ စစ်ဆေးတာ၊ ကင်းပုန်းချတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“​”မနက်ကတည်းက လမ်းဆုံတွေမှာ အင်အားအပြည့်နဲ့ စစ်နေတာ။ ကားတွေရော၊ သုံးဘီးတွေရော အကုန်တားပြီး စစ်ဆေးနေတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ဒါ့အပြင် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူတွေ အနက်ရောင် ဝတ်ဆင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်မှာကို စိုးရိမ်ပြီးအင်္ကျီအနက်ရောင်တွေ မဝတ်ဆင်ကြဖို့ အုပ်ချုပ်ရေးမှူးတချို့က လိုက်လံပြောဆို တားမြစ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ လင်မယား၂ဦး နေအိမ်အတွင်း သတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

မန္တလေးမြို့အဝင်တံခွန်တိုင်အဝိုင်းပတ်ကို အဝေးပြေးကားတွေဝင်လိုက်တာနဲ့ Welcome To Mandalay ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူလမ်းပေါ်မှာသုံးဘီးယာဥ်တွေကိုအများအပြားမြင်လိုက်ရပါတယ်။တချိန်က စက်ဘီးမြို့တော်၊ ဆိုင်ကယ်မြို့တော်ဆိုတဲ့ အမည်နာမအမျိုးမျိုးတွင်ခဲ့တဲ့ မန္တလေးမြို့ဟာ ယခုအခါမှာတော့ သုံးဘီးမြို့တော်လို့ ခေါ်ဆိုရ​တော့မယ့်အနေအထားပါ။

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook