Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမြို့ အာဇာနည်နေ့မှာ စစ်တပ်က အင်အားအပြားနဲ့ တင်းကျပ်စွာ စစ်ဆေးနေ

ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့က အာဏာသိမ်းစစ်တပ်က လုံခြုံရေး အများအပြားတင်းကျပ်စွာ ချထားပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

(မန္တလေးမြို့က အာဇာနည်ဗိမာန်အား တွေ့ရစဥ်။ ဓာတ်ပုံ-ဒေသခံ)

​ဇူလိုင်-၁၉၊ ၂၀၂၆။မေရီ/People’s Spring

ဒီကနေ့ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့မှာ မန္တလေးမြို့က အာဏာသိမ်းစစ်တပ်က လုံခြုံရေး အများအပြားတင်းကျပ်စွာ ချထားပြီး စစ်ဆေးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

​ဇူလိုင်လ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်းကတည်းက မန္တလေးမြို့ရဲ့ မြို့ဝင်မြို့ထွက်ဂိတ်တွေ၊လမ်းဆုံလမ်းခွတွေနဲ့ အချက်အချာကျတဲ့ နေရာတွေမှာ စစ်တပ်၊ ရဲ၊ ပျူစောထီးနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ အင်အားအများအပြားနဲ့ စစ်ဆေးတာ၊ ကင်းပုန်းချတာတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

“​”မနက်ကတည်းက လမ်းဆုံတွေမှာ အင်အားအပြည့်နဲ့ စစ်နေတာ။ ကားတွေရော၊ သုံးဘီးတွေရော အကုန်တားပြီး စစ်ဆေးနေတယ်”လို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ဒါ့အပြင် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ပြည်သူတွေ အနက်ရောင် ဝတ်ဆင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်မှာကို စိုးရိမ်ပြီးအင်္ကျီအနက်ရောင်တွေ မဝတ်ဆင်ကြဖို့ အုပ်ချုပ်ရေးမှူးတချို့က လိုက်လံပြောဆို တားမြစ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မသမာတဲ့နည်းနဲ့ ဝင်ငွေကြမ်းတဲ့ မန္တလေးမြို့စည်ပင်နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနတွေမှာ စစ်တပ်ခန့်ဝန်ကြီးတွေနဲ့ နီးစပ်သူတွေကို အရာရှိအဖြစ် ခန့်အပ်ပြီး ကျန်သူတွေကို ဦးစီးမှူးရာထူး လျှောက်ထားခွင့်ပိတ်ထားတယ်လို့ ဝန်ထမ်းအသိုင်းဝိုင်းက သိရပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။