Connect with us

Hi, what are you looking for?

သတင်း

ငပလီမြို့ကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။

(သံတွဲမြို့နယ် ငပလီမြို့ကို စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးမှုများ။ ဓါတ်ပုံ - AA Info Desk)

ဇူလိုင် ၂၄၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

အာဏာသိမ်းစစ်တပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ လူနေရပ်ကွက် ၂ခုကို ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် (၁)နှစ်ကျော်အရွယ်ကလေးငယ် ၁ ဦးအပါအဝင် ၇ ဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA)က ထုတ်ပြန်ပါတယ်။

မနေ့က ဇူလိုင်လ ၂၃ ရက် နေလည်ပိုင်းမှာ ငပလီမြို့ ဂျိတ္တော(၅)ရပ်ကွက်ရှိ ပုလဲရတနာဘုန်းကြီးကျောင်း၊ ကျောင်းအနီးဝန်းကျင်တွေနဲ့ လင်းသာရပ်ကွက်ရှိ AZ Family Resort ဘန်ဂလိုတွေ၊ အဲဒီအနီးဝန်းကျင်တွေကို ဗုံးကြဲခဲ့တာဖြစ်ပြီး နေအိမ် ၁၀လုံးကျော်လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

“ရှေ့ဆင့်နောက်ဆင့် လာကြဲတာ။ ပထမတခေါက်ကြဲပြီးတော့ ဒီလောက်ဆို ပြီးပြီထင်နေကြတာ ထပ်လာကြဲတယ်။ စုစုပေါင်း ဗုံးလေးလုံး။ ဒီဘက်ကမ်းခြေတလျှောက်မှာ လူတွေပြန်နေတာတောင် မကြာသေးဘူး။ လူတွေ နေတာသိလို့ တမင်ဗုံးကြဲတာထင်တယ်။ တိုက်ပွဲလည်း မရှိတော့ဘူး။ စစ်တပ်စခန်းလည်း မရှိတဲ့နေရာလေ” လို့ သံတွဲမြို့ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ ဗုံးကြဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေဟာ အသက် ၁ နှစ်နဲ့ ၅ လအရွယ် မောင်လင်းထက်ပိုင်၊ ၄၅ နှစ်အရွယ် ဆရာတော် အရှင်ခေမာနန္ဒ၊ ၂၄ နှစ်အရွယ် ကိုအောင်ကိုလင်း၊ ၅၃ နှစ်အရွယ် ဒေါ်ညိုထွေး၊ ၆၀ အရွယ် ဦးဝင်းအောင်နဲ့ ၇၄ နှစ်အရွယ် ဦးရွှေထုံတို့ဖြစ်ကြပါတယ်။

စစ်တပ်ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၉ ရက်ကလည်း သံတွဲမြို့ပေါ် ရဲစခန်း၊ တရားရုံးဝန်းကျင်တို့ကို ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၂ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

အဲဒီ ဇူလိုင် ၁၉ ရက်က သံတွဲမြို့အပြင် ပုဏ္ဏားကျွန်း၊ တောင်ကုတ်မြို့နယ် မအီမြို့တို့ကိုလည်း ဗုံးကြဲခဲ့ပြီး အဲဒီနေ့တရက်တည်းအတွင်း စစ်တပ်လက်ချက်ကြောင့် အရပ် သား ၅ ဦး သေဆုံးကာ ၂၉ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

အာရက္ခတပ်တော်(AA)ကတော့ ရခိုင်ဒေသတွင်း ရေဘေးဒုက္ခကြုံနေရချိန် ပြည်သူတွေကို ဗုံးကြဲတဲ့ စစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်အပေါ် မှတ်တမ်းတင်ထားပြီး တုံ့ပြန်သွားမယ်လို့ ဆိုထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူအပြင် ရခိုင်ရိုးမရှေ့ဘက်ခြမ်း မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းစစ်မျက် နှာတွေမှာလည်း AA က စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောထားကြပါတယ်။

ရခိုင်ပြည်နယ်ကို စစ်တပ်က အခုနောက်ပိုင်း တိုက်လေယာဉ်သုံးစီးနဲ့ အထက်၊ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေ အရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက်ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

Facebook