Connect with us

Hi, what are you looking for?

သတင်း

ဆောမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ပြည်သူ ၂ဦး သေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် – ၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လောင်းရှည်မြို့ကတဆင့် ဆောမြို့ကို ဝင်ရောက်ဖို့ ဆော-ဆိပ်ဖြူလမ်းအတိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က သီးကုန်းကျေးရွာအရှေ့ဘက် ဒေသအခေါ် စိုက်ခင်း (ကြံခင်း)ကျေးရွာကို ဇူလိုင်၂၆ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေ အရ (၃)နှစ်အရွယ်ကလေးငယ်က ဗိုက်ပွင့်ပြီး သတ်လတ်ပိုင်း အရွယ်အမျိုးသားဖြစ်သူက နောက်ကျော ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း ဒရုန်းဗုံးကြောင့် ‌ခြေထောက်တစ်ဖက် ဒဏ်ရာအပြင်း အထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းက သီးကုန်းရွာထဲတော့ မ၀င်သေးဘူး။အဲဒီ စစ်ကြောင်းကို ကူဖို့ ဆောမြို့ဘက်ကနေပါ စစ်တပ်စစ်ကြောင်းတစ်ခု ဒီနေ့ထွက်လာတယ်”လို့ ဆောမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ချင်းပြည်တောင်ပိုင်း(မင်းတပ်၊ကန်ပက်လက်)ကို ပြန်ထိန်းချုပ်ဖို့ နဲ့ ယောဒေသ(ဆော၊ထီးလင်း၊ကျောက်ထု၊လောင်းရှည်)က ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်နိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေတာ ၂လကျော်ရှိနေပြီ ဖြစ်ပါတယ်။

နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုတွေအပြင် အရပ်သားတွေကို သတ်ဖြတ်တာ၊ဓားစားခံအဖြစ် ဖမ်းဆီးတာ နဲ့ နေအိမ်တွေ မီးရှို့တာတွေလည်း ရှိနေပါတယ်။

မကွေးတိုင်းမှာ စစ်ဘောင်ပိုမိုကျယ်ပြန့်လာနေပြီး စစ်ဘေးရှောင်ပြည်သူ ၅၀,၀၀၀ နီးပါးက နေရပ်ကို မပြန်နိုင်ကြဘဲ စားနပ်ရိက္ခာ၊ အမိုးအကာ နေရာထိုင်ခင်းနဲ့ ဆေးဝါးအထောက်အပံ့တွေ အပါအ၀င် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အပြင်းအထန် ရင်ဆိုင်နေရတယ်လို့ မကွေးဒေသ အခြေအနေတွေကို ပြုစုနေတဲ့ Tamar Institute က အခုဇူလိုင် ဒုတိယပတ်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။