Connect with us

Hi, what are you looking for?

သတင်း

ဆောမှာ စစ်ကြောင်းထိုးနေတဲ့စစ်တပ် ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအ၀င် ပြည်သူ ၂ဦး သေဆုံး

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

ဇူလိုင် – ၂၇၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် (၃)နှစ်အရွယ်ကလေးငယ် အပါအ၀င် ပြည်သူ ၂ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

လောင်းရှည်မြို့ကတဆင့် ဆောမြို့ကို ဝင်ရောက်ဖို့ ဆော-ဆိပ်ဖြူလမ်းအတိုင်း စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က သီးကုန်းကျေးရွာအရှေ့ဘက် ဒေသအခေါ် စိုက်ခင်း (ကြံခင်း)ကျေးရွာကို ဇူလိုင်၂၆ရက်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသူတွေရဲ့ မှတ်တမ်းဓာတ်ပုံတွေ အရ (၃)နှစ်အရွယ်ကလေးငယ်က ဗိုက်ပွင့်ပြီး သတ်လတ်ပိုင်း အရွယ်အမျိုးသားဖြစ်သူက နောက်ကျော ဗုံးစထိမှန်သေဆုံးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် သက်ကြီးပိုင်းအမျိုးသားတစ်ဦးလည်း ဒရုန်းဗုံးကြောင့် ‌ခြေထောက်တစ်ဖက် ဒဏ်ရာအပြင်း အထန်ရရှိခဲ့တယ်လို့ သိရပါတယ်။

“စစ်ကြောင်းက သီးကုန်းရွာထဲတော့ မ၀င်သေးဘူး။အဲဒီ စစ်ကြောင်းကို ကူဖို့ ဆောမြို့ဘက်ကနေပါ စစ်တပ်စစ်ကြောင်းတစ်ခု ဒီနေ့ထွက်လာတယ်”လို့ ဆောမြို့နယ် စစ်ရေးသတင်းရင်းမြစ်က ‌ပြောပါတယ်။

ချင်းပြည်တောင်ပိုင်း(မင်းတပ်၊ကန်ပက်လက်)ကို ပြန်ထိန်းချုပ်ဖို့ နဲ့ ယောဒေသ(ဆော၊ထီးလင်း၊ကျောက်ထု၊လောင်းရှည်)က ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်နိုင်ဖို့ စစ်တပ်က ကြိုးပမ်းနေတာ ၂လကျော်ရှိနေပြီ ဖြစ်ပါတယ်။

နေ့စဉ်ရက်ဆက်လေကြောင်းတိုက်ခိုက်မှုတွေအပြင် အရပ်သားတွေကို သတ်ဖြတ်တာ၊ဓားစားခံအဖြစ် ဖမ်းဆီးတာ နဲ့ နေအိမ်တွေ မီးရှို့တာတွေလည်း ရှိနေပါတယ်။

မကွေးတိုင်းမှာ စစ်ဘောင်ပိုမိုကျယ်ပြန့်လာနေပြီး စစ်ဘေးရှောင်ပြည်သူ ၅၀,၀၀၀ နီးပါးက နေရပ်ကို မပြန်နိုင်ကြဘဲ စားနပ်ရိက္ခာ၊ အမိုးအကာ နေရာထိုင်ခင်းနဲ့ ဆေးဝါးအထောက်အပံ့တွေ အပါအ၀င် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို အပြင်းအထန် ရင်ဆိုင်နေရတယ်လို့ မကွေးဒေသ အခြေအနေတွေကို ပြုစုနေတဲ့ Tamar Institute က အခုဇူလိုင် ဒုတိယပတ်က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်၊ နန်းမယ်ခုံမြို့အနီးကို စစ်တပ်က ဒရုန်းနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားတချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့အရပ်သားပြည်သူ‌တွေရှိရာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေလို့ ထိခိုက်သေဆုံးမှုတွေ ပိုမိုများပြားလာတယ်လို့ အာရက္ခတပ်တော်(AA)က ဒီနေ့ စက်တင်ဘာ ၁၄ရက်မှာ သတင်းထုတ်ပြန်ပါတယ်။