Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည် ပစ်ခတ်မှုတွေကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ကို အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်ပြော

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

ဓာတ်ပုံ - AP/File

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

အမေရိကန်နဲ့ အီရန်တို့ကြားက တိုက်ခိုက်မှုတွေဟာ သုံးရက်လောက် ငြိမ်သက်နေခဲ့တဲ့နောက် ဇူလိုင် ၂၈ ရက်နေ့မှာ အရှေ့ အလယ်ပိုင်း ဒေသတွင်းက ဂျော်ဒန်နိုင်ငံနဲ့ ဟောမုဇ် ရေလက်ကြားနားမှာ ရှိနေတဲ့ အမေရိကန် တပ်တွေကို အီရန်က ပဲ့ထိန်း ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM)က စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဒုံးကျည် အားလုံးကို အမေရိကန်က ကြားဖြတ် ပစ်ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အီရတ်နိုင်ငံ ပိုင်နက်ထဲမှာ ရှိနေတဲ့ အီရန် မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တချို့ကို အမေရိကန်နဲ့ ဆော်ဒီအာရေးဘီးယားတို့ ပူးပေါင်းပြီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့နောက် အီရန်က အမေရိကန်ကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာပါ။

IRGCက ဂျော်ဒန်မှာရှိတဲ့ အမေရိကန် လေတပ်စခန်း တစ်ခုနဲ့ စစ်ရေးကွပ်ကဲမှု ဌာနတစ်ခုကို ပစ်မှတ်ထားခဲ့ကြောင်း အတည်ပြုခဲ့ပြီး ဒါဟာ ကလေးတွေကိုတောင် ချမ်းသာမပေးဘဲ သတ်ဖြတ်နေတဲ့ အမေရိကန် စစ်တပ်ရဲ့ ရန်လိုမှုတွေအတွက် လက်စားချေတာလို့ ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၉ ရက်နေ့မှာတော့ အဲဒီရန်လိုမှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ IRGCနဲ့ ဆက်နွှယ်တဲ့ ပစ်မှတ်တချို့ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြောင်း CENTCOMက ထုတ်ပြန်ပါတယ်။ အဲဒီ စစ်ဆင်ရေးအတွင်း ဒါဇင်နဲ့ချီ များပြားတဲ့ IRGC ပစ်မှတ်တွေကို ဖျက်ဆီးနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အီရတ်မှာရှိတဲ့ အီရန်လက်ဝေခံ အဖွဲ့အစည်းတွေကို ဗုံးကြဲခဲ့တာဟာ ဖေဖော်ဝါရီ လကုန်မှာ စတင်ခဲ့တဲ့ အီရန်စစ်ပွဲ ကာလတလျှောက် အမေရိကန်နဲ့ ဆော်ဒီတို့ရဲ့ ပထမဆုံးအကြိမ် လူသိရှင်ကြား ပူးပေါင်း စစ်ဆင်ရေး ဆင်နွှဲမှုလည်း ဖြစ်လာပါတယ်။ တစ်ဖက်မှာလည်း အခုကိစ္စကြောင့် ဆော်ဒီပါ စစ်ပွဲထဲ ဆွဲသွင်းခံလာရမှာကို စိုးရိမ်မှုတွေ ရှိနေပါတယ်။

ဆော်ဒီဟာ ဆွန်နီ မွတ်ဆလင် အင်အားကြီး နိုင်ငံဖြစ်ပြီး အီရန်ကတော့ ရှီးဟိုက် မွတ်ဆလင် အင်အားစုကို ဦးဆောင်တဲ့ နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ အဲဒီနှစ်နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသတွင်းမှာ ဩဇာလွှမ်းမိုးရေးအတွက် ဆယ်စုနှစ်တွေနဲ့ချီ အားပြိုင်နေခဲ့ကြပါတယ်။

အမေရိကန် အစိုးရရဲ့ အမည်မဖော်လိုသူ အရာရှိ တစ်ဦးကတော့ သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီ ကာကွယ်ရေး ဝန်ကြီးဖြစ်သူ မင်းသား ခါလစ်ဒ် ဘင်ဆယ်လ်မန်နဲ့ တွေ့ဆုံခဲ့ကြောင်း၊ သူက ဆော်ဒီ အနေနဲ့ အရှေ့အလယ်ပိုင်းက လက်ရှိ တင်းမာမှုတွေ လျော့ပါးသွားဖို့ လိုလားတယ်ဆိုတာ ထရမ့်ဆီ အသိပေးခဲ့ကြောင်း Axios သတင်းဌာနဆီ ထုတ်ပြောခဲ့ပါတယ်။

အီရန်က ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲစကားကို မီဒီယာတွေဆီ အတည်ပြု ပြောဆိုခဲ့ချိန် ကတည်းက ထရမ့်ဟာ ဒီလုပ်ရပ်အတွက် ပြင်းပြင်းထန်ထန် လက်စားချေမယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။ အမေရိကန် အလှည့်ကျရင် အရမ်း ပြင်းပြင်းထန်ထန် ထိုးနှက်မှာ ဖြစ်ကြောင်း၊ ဒါကို အီရန်ကလည်း သဘောပေါက်လို့ အဲဒီလို မလုပ်ဖို့ တောင်းဆိုထားကြောင်း ထရမ့်က ဇူလိုင် ၂၈ ရက်နေ့မှာ ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လူတူစက်ရုပ်တွေ တင်သွင်းမှုကို ပိတ်ပင်တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ဟာ တရုတ် နည်းပညာ ကုမ္ပဏီတွေကို ဖိနှိပ်တဲ့ အစီအစဉ် တစ်ခုလို့ တရုတ်က စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။