Connect with us

Hi, what are you looking for?

သတင်း

ဒေါငံခါးတိုက်ပွဲ စစ်တပ်အထိနာပြီး ဗုံးကြဲနေ

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Screenshot

ဇူလိုင်- ၃၁၊ ၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

ဒီကနေ့(ဇူလိုင် ၃၁ ရက်)မနက်ပိုင်းကတည်းက စစ်တပ်ဟာ ဂျက်ဖိုက်တာ ၂စီးထက်မနည်း ဒီးမော့ဆိုမြို့ပေါ်ပျံဝဲပြီး ဗုံးကြဲနေတယ်လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ် နန်းဖယ်ခုံ- ဒေါငံခါးလမ်းပိုင်းကို စစ်တပ်ကထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာကြောင့် ဒေါငံခါးရွာအနီးမှာ တပတ်ကျော်ကြာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မနေ့ညကတော့ သူတို့တော်တော်လေး ခံရတယ်။‌ဘော်ဒီတွေ ဆွဲပြေးတာတို့။ပြန်ဆုတ်ပြေးတာတွေရှိတယ်”လို့ ဒီးမော့ဆိုအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက ‌ပြောပါတယ်။

စစ်တပ်က လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ကူပေးပြီး တိုက်ခိုက်နေတာကြောင့် ဒေါငံခါးရွာအနီးက ကာကင်းတချို့ကို ကနဦးလက်လွှတ်ထားရတယ်လို့ သိရပါတယ်။

“မနက်အစောကတည်းက လေယာဉ်တောက်လျှောက်ပျံနေတယ်။ကြဲတာ ၉ နာရီ ၁၅ လောက်မှာ။ဒီးမော့ဆိုမြို့နားပဲ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒေါငံခါးရွာဟာ လွိုင်ကော်-ဒီးမော့ဆို လမ်းဆုံ နဲ့ မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းပိုင်းပေါ်မှာရှိပြီး စစ်တပ်ရဲ့ အခြေစိုက်တပ်တွေကိုချိတ်ဆက်ဖို့ အရေးပါတဲ့ နေရာဖြစ်ပါတယ်။

လက်ရှိစစ်တပ်စစ်ကြောင်းမှာ ဒီးမော့ဆိုအခြေစိုက် ခလရ(၁၀၂)၊ ခမရ(၄၂၇)တပ်ရင်းနဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တွေပါ၀င်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောထားပါတယ်။

စစ်တပ်က ဒေါငံခါးရွာမှာရှိတဲ့ နှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရား ကျောင်းဝင်းထဲက သီလရှင်ကျောင်းဆောင်တွေကို လွန်ခဲ့တဲ့ ၂လ၀န်းကျင်က မီးရှို့ဖျက်ဆီးထားပါ‌တယ်။

ပြီးခဲ့တဲ့နှစ် ဩဂုတ်လပိုင်းမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် ဒီးမော့ဆိုမြို့ပေါ်က နေရာအများစုကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း မြို့အနီးပတ်ဝန်းကျင်နေရာတွေကို အထိုင်ချတပ်စွဲ ပြီး စစ်ကြောင်းထိုးတာ၊လက်နက် ကြီးနဲ့ပစ်ခတ်မှုတွေ မကြာခဏ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်က ဒရုန်းနဲ့ ကျေးရွာတွင်း ဗုံးကြဲခဲ့တာကြောင့် ဆည်ကွဲကျေးရွာက အမျိုးသားတစ်ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိအာဏာသိမ်းစစ်တပ်ရဲ့ တခုတည်းသော ထိန်းချုပ်နယ်မြေ စစ်တွေနဲ့ ထိစပ်နေတဲ့ ပု ဏ္ဏားကျွန်းမြို့နယ်ကနေရာအချို့ကိုဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က ဂျက်ဖိုက်တာတွေနဲ့ ဗုံးပတ်ကြဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ဇင်းဘုံကျေးရွာအနီးဝန်းကျင်နဲ့ ဗန်းမော်မြို့နယ် စင်းခန်းတံတား အနီးတွေမှာ ဒီကနေ့ စက်တင်ဘာ ၃ရက်မနက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကို တရားဝင်မှုပေးနိုင်တဲ့လုပ်ရပ်တွေ ရှောင်ရှားဖို့နဲ့ ဒုက္ခသည်တွေကို အဓမ္မပြန်လည်ပို့ဆောင်တာတွေကနေကာကွယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ဆီကို တောင်းဆိုတဲ့လှုပ်ရှားမှုကို ပြည်ပရောက် မြန်မာတွေက ဒီနေ့(စက်တင်ဘာ၂) သက်ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးတွေရှေ့မှာ တပြိုင်နက်လုပ်ဆောင်ခဲ့ကြပါတယ်။