Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမှာ မူးမြစ်ရေကြီးလို့ ကျေးရွာ ၁၄ ရွာထက်မနည်း ရွှေ့ပြောင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။

(ခင်ဦးမြို့နယ်အတွင်း ရေဝင်ရောက်မှုကြောင့် ကျေးရွာအချို့ ရေကြီးနေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

သြဂူတ် ၇၊ ၂၀၂၆။ ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ မူးမြစ်ရေကြီးမှုကြောင့် ကျေးရွာ ၁၄ ရွာထက်မနည်း နေရာရွှေ့ပြောင်းနေရပါတယ်။

ဒီကနေ့ သြဂုတ် ၇ ရက် မနက် ၁ နာရီခန့်ကစပြီး ခင်ဦးမြို့နယ်၊ မူးမြစ်(နတ်မူး)အရှေ့ဘက်နဲ့ DY-1 တူးမြောင်းအတွင်းရှိ ဥယျာဥ်၊ကျွန်းတောကြီး၊ယာတော်၊မကျီးအုပ်၊သရက်ပင်စု၊ကားဆိပ်၊မြင်းဒေါင်း၊အင်းပတ်၊ရွာသစ်၊မူးသာ၊သက်ပေး၊ဇီးတော၊လက်ပံကွက်၊တာတိုင်စတဲ့ ကျေးရွာတွေကို မူးမြစ်ရေတွေ စတင်ဝင်ရောက်နေလို့ ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာ ရေဘေးရှောင်နေရကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

“တစ်ညလုံး မအိပ်ရသေးဘူး။ မူးဘေးနားကရွာတွေအကုန်ရေနစ်နေပြီ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

မူးမြစ်ရေဟာ ခင်ဦးမြို့နယ်အပြင် ဒီပဲယင်း၊ ရေဦး၊ တန့်ဆည်နဲ့ စစ်ကိုင်း၊ ဝက်လက်၊ မြင်းမူနယ်ဘက်တွေအထိ သက်ရောက်မှာဖြစ်ပြီး အဆိုပါ ဒေသတွေမှာ ရေကြီးရေလျှံမှုတွေ ကြုံတွေ့နေရပြီဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်​။

လက်ရှိ ကျွန်းလှနယ် သဖန်းဆိပ်ဆည်ကနေ ရေလွှတ်နေပြီး အဲဒီရေတွေဟာ ကာဘိုးဆည်ကနေတဆင့် ရေတံခါးတွေဖွင့်ထားတာကြောင့် မူးမြစ်အတွင်း ရောက်ကာအောက်ဘက်သို့ ဆက်လက်ဆင်းလာနေကြောင်း၊ မူးမြစ်ရေဟာ ယခုလက်ရှိ ရေပြင်ထက် ပိုပြီး တက်လာနိုင်တာကြောင့် မူးမြစ်ဘေး ကျေးရွာတွေ ရေဘေးအန္တရာယ်ကို သတိပြုကြဖို့နဲ့ ကောက်ပဲသီးနှံတွေကို ရေလွတ်ရာ အချိန်မီ ရွှေ့ပြောင်းကြဖို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။