Connect with us

Hi, what are you looking for?

သတင်း

အောင်ဇမ္ဗူသီချင်းဆိုပြိုင်ပွဲ ဝေဖန်သူတွေကို ထိရောက်စွာအရေးယူမယ်လို့ ဂီတအစည်းအရုံး ခြိမ်းခြောက်

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အောင်ဇမ္ဗူသီချင်းဆိုပြိုင်ပွဲအပေါ် လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုရေးသားခဲ့သူတွေ၊ အားပေးအားမြှောက် ပြုသူတွေကို ထိရောက်စွာ အရေးယူမယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်း)က ထုတ်ပြန်ပါတယ်။

သြဂုတ်-၇၊ ၂၀၂၆၊ ဟာနာဆန်/People’s Spring

မန္တလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ အောင်ဇမ္ဗူသီချင်းဆိုပြိုင်ပွဲအပေါ် လူမှုကွန်ရက်မှာ ဝေဖန်ပြောဆိုရေးသားခဲ့သူတွေ၊ အားပေးအားမြှောက် ပြုသူတွေကို ထိရောက်စွာ အရေးယူမယ်လို့ မြန်မာနိုင်ငံဂီတအစည်းအရုံး (မန္တလေးတိုင်း)က ထုတ်ပြန်ပါတယ်။

မန္တလေးမြို့မှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (မန္တလေးတိုင်း)နဲ့ အောင်ဇမ္ဗူ ဇာတ်သဘင်တို့ ပေါင်းပြီးသီချင်းဆိုပြိုင်ပွဲကို ဇူလိုင် ၃၁ ရက်ကနေ သြဂုတ် ၃ ရက်အထိ ပြုလုပ်သွားပါတယ်။ အဲဒီသီချင်းဆိုပြိုင်ပွဲကို ဘက်မလိုက်ဘဲ ဆုရွေးချယ်ပေးခဲ့တယ်လို့ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (မန္တလေးတိုင်း)က ဆိုပါတယ်။

ယခုအခါ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး (မန္တလေးတိုင်း)ရဲ့ ဂုဏ်သိက္ခာကျဆင်းစေဖို့ ရည်ရွယ်ပြီး ရေးသား ပြောဆိုတာတွေကို မှတ်တမ်းတွေအရ သိရှိထားကြောင်း၊ ဒါ့ကြောင့် လူမှုကွန်ယက်စာမျက်နှာပေါ်မှာရေးသားထားကြသူတွေအနေနဲ့ ဂုဏ်သိက္ခာကျဆင်းစေဖို့ ရေးသားပြောဆိုထားတာ၊ သွယ်ဝိုက်ပြီး အားပေးအားမြှောက်ထားတာတွေကို မြန်မာနိုင်ငံဂီတ အစည်းအရုံး (မန္တလေးတိုင်း)ကနေ တည်ဆဲဥပဒေ၊ နည်းဥပဒေတွေနဲ့ထိရောက်စွာ အရေးယူသွားမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

“ခြိမ်းခြေက်သလိုဖြစ်နေပါတယ်။ လူကြိးပီသစွာ ၂၀ ဦးကိုပညာရှင်တွေနဲ့ ပြန်စစ်ပြီးတရားမျှမျှတတ ရွေးပေးသင့်တယ်”လို့ အဆိုပြိုင်ပွဲနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ဂီတအစည်းအရုံးအနေနဲ့ ခုလိုပြိုင်ပွဲတွေလုပ်နေမယ့်အစား ဂီတသမားတွေအလုပ်အကိုင်ပြန်ရအောင်သာ ကြိုးစားသင့်တယ်လို့ ဂီတသမားအချို့က မှတ်ချက်အကြံပြုပါတယ်။

“ခုက အားလုံးငတ်ပြတ်နေကြတာ။ တွေး ကြည့် ကြဦး။ဂီတာတီးတဲ့လူက ဘေးတွဲမောင်းနေတဲ့လူနဲ့ အဆိုတော် က ကွမ်းရောင်းနေတာနဲ့ စုတ်ပြတ်နေရော”လို့ ဂီတသမားတစ်ဦးက မှတ်ချက်ပြုပါတယ်။

လက်ရှိ အာဏာသိမ်းကာလမှာ ပေါ်ထွက်လာတဲ့ ဇာတ်မင်းသားအောင်ဇမ္ဗူနဲ့ စမ်းရေမိုးဟာ စစ်ကောင်စီအလိုကျ တစ်နိုင်ငံလုံး အေးချမ်းနေသယောင် ဝါဒဖြန့်မှုအတွက် သဘင်လောကမှာ ထိပ်ဆုံးက ဦးဆောင်ကာ ဝါဒဖြန့်ပေးနေသူတွေဖြစ်ပါတယ်။ အောင်ဇမ္ဗူဟာ ပြီးခဲ့တဲ့လကပဲ စစ်တပ်ရဲ့လွှတ်တော်မှာ သွားရောက်ဖျော်ဖြေခဲ့ပါသေးတယ်။ ဒါ့အပြင် စစ်ခေါင်းဆောင်သမီး ခင်သီရိသက်မွန်ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေသူဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

စစ်တပ်ရဲ့ပြည်သူ့လွှတ်တော်သဘင်ဆောင်မှာ ဇာတ်မင်းသားအောင်ဇမ္ဗူ ဇတ်အဖွဲ့သွား​ရောက်ကပြဖျော်ဖြေခဲ့ပါတယ်။