Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မှာဝမ်းရောဂါဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ အရေးပေါ်ကုသမှုခံနေရသူ​တွေရှိလာ

ရန်ကုန်မြို့ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား​​​နေသူ​တွေ​ဆယ်နဲ့ ချီရှိ​နေပြီး ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရတယ်လို့ သတင်းရရှိပါတယ် ။

(ရန်ကုန်​ဆေးရုံကြီးကို ​တွေ့ရစဥ်(ပုံ​ဟောင်းဖြစ်ပါတယ်)။ဓါတ်ပုံ-CJ )

သြဂုတ်-၁၂၊၂၀၂၆။တာရာ၊သုည/People’s Spring

ရန်ကုန်မြို့ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွား​​​နေသူ​တွေ​ဆယ်နဲ့ ချီရှိ​နေပြီး ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေရတယ်လို့ သတင်းရရှိပါတယ် ။

သြဂုတ်လ(၁၁)ရက်နေ့က လသာမြို့နယ်က ဝမ်းပျက်ဝမ်းလျှောလူနာတွေ ရန်ကုန်ဆေးရုံကြီးကိုအရေးပေါ်ရောက်ရှိလာပြီး ကုသမှုတွေလုပ်ထားပေးရတယ်လို့ ကျန်းမာ​ရေးဝန်ထမ်းအချို့က​ပြောပါတယ်။

သြဂုတ် ၁၁ ရက်မှာ ရန်ကုန်​ဆေးရုံကြီးအရေးပေါ်ဌာနမှာ ဝမ်းပျက်ဝမ်းလျှောလူနာ ၃၉ ဦးစောင့်ကြည့်လူနာဌာနမှာ တက်ရောက်ကုသ​နေတယ်လို့ ကျန်းမာ​ရေးဝန်ထမ်းတဦးက လူမှုကွန်ယက်မှာ​ရေးသားထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ​ပေမယ့် စစ်တပ်လက်​အောက်ခံကျန်းမာရေးဝန်ကြီးဌာနကတော့ ရန်ကုန်တိုင်း‌‌မှာ ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူနေရသူ ၉ ဦးပဲရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ​ကြောင့် အ​ရေအတွက်ဟာသတင်းထွက်​​ပေါ်​နေတာနဲ့များစွာ ကွာဟ​နေပါတယ်။

ရန်ကုန်ဆေးရုံကြီးမှဆရာဝန်တဦးက”မိုးတွင်းဆိုရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေက ဖြစ်လာပြီ။အဓိကသန့်ရှင်းမှုတွေ​မရှိတာကြောင့်ဖြစ်တာ။ပြီးတော့အဲဒီဘက်တွေက တိုက်ခန်းတွေများတယ်။အမှိုက်တွေကိုလည်း နောက်ဖေးလမ်းကြားတွေထဲကို ကြုံသလိုပစ်ချတော့ ကြွက်တွေ၊ ခြင်တွေ၊တခြားပိုးမွှားတွေကနေဆင့် ကူးတာ။ အခုဆေးရုံးတတ်နေတဲ့သူတွေကတော့ စိုးရိမ်စရာအခြေအနေတော့မရှိဘူး” လို့ ပြောပါတယ်။ ဒါ​ပေမယ့် ဝမ်းပျက် ဝမ်း​လျှောဖြစ်ပြီး ရန်ကုန်​ဆေးရုံကြီး​ရောက်တဲ့ လူနာ​တွေ ဆက်တိုး​နေတယ်လို့ စုံစမ်းသိရပါတယ် ။

ဝမ်းပျက်ဝမ်းလျောလူနာ(၁၀)ဦးထက်မနည်းရှိလာတဲ့အတွက်ပြင်းထန်ဝမ်းပျက်၊ဝမ်းလျှောရောဂါမဖြစ်အောင်မသန့်ရှင်းတဲ့ရေ၊နဲ့ အစားအသောက်တွေမစားကြဖို့အထက်ပါဆရာဝန်က​ပြောပါတယ်။

လသာ၊လမ်းမ​တော်အပြင် အခြားမြို့နယ်တွေက ဝမ်းပျက်ဝမ်းလျှောလူနာတွေလည်း ဆေးရုံကြီးမှာရှိနေပါတယ် ။လတ်တ​လောဝမ်းပျက်ဝမ်း​လျှော လူနာ​တွေထဲမှာ ဧရာတီတိုင်းကအများဆုံးလို့ စုံစမ်းသိရပါတယ်။

ထပ်မံရရှိတဲ့သတင်းအရ စစ်အုပ်စုက ​ဆေးရုံနားမှာ​ရောင်းတဲ့ လမ်း​ဘေး​စား​သောက်စရာဆိုင်​တွေကို ပိတ်ဖို့ စီစဥ်​​နေပါတယ် ။

“ဆေးရုံကြီး အနီးအနားတွေမှာ ရောင်းတဲ့ လမ်း​ဘေးစားစရာဆိုင်တွေကို အခုပိတ်ခိုင်းထားပါတယ်။ ဝမ်းပျက်ဝမ်းလျောရောဂါတွေက လမ်းဘေးစာတွေကနေ ကူးစက်တာမျိုး ဖြစ်နိုင်တဲ့အတွက်လို့ သိရပါတယ်။ မပိတ်တဲ့ဆိုင်တွေကို စည်ပင်က လူတွေက ကားတွေနဲ့ ပစ္စည်းတွေပါ လိုက်သိမ်းပါတယ်။ ရန်ကုန်က အခြားဆေးရုံ အနီးအနားတွေကိုလည်း လမ်းဘေးဆိုင်တွေ ပိတ်ခိုင်းမယ်လို့ ကြားပါတယ်”လို့ ရန်ကုန်မြို့နေပြည်သူတစ်ဦးက​ပြောပါတယ်။

စစ်အုပ်စုက ​ဆေးရုံမှာ ​ဈေးသက်သာပြီး သန့်ရှင်းတဲ့ ဝန်ထမ်းသက်သာဆိုင်မျိုးဖွင့်ဖို့ မစီမံ​ပေးနိုင်ပဲ ပြည်သူ​တွေ ​ငွေ​ကြေးမတက်နိုင်လို့အဓီက အားကိုး​​နေရတဲ့ လမ်း​​ဘေးဆိုင်​တွေကိုပဲ အပြစ်ရှာ ဖိအား​ပေးပိတ်ခိုင်းမယ့်အစီအစဥ်အ​ပေါ် တလွဲစီမံခန့်ခွဲမှုလို့ ပြည်သူအချို့က​ဝေဖန်ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြိုနယ်နှစ်ခုမှာ ဒီရက်ပိုင်းအတွင်း ယာဉ်တိုက်မှုကြောင့် အမျိုးသမီး ၂ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

Facebook