Connect with us

Hi, what are you looking for?

သတင်း

NUG၊ ဖက်ဒရယ်ယူနစ်နဲ့ ဆရာ၊ကျောင်းသားအဖွဲ့တွေပါဝင်တဲ့ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီရဲ့ အမှုဆောင်အဖွဲ့ ဖွဲ့စည်း

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်

ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင် တာဝန်ယူပြီး NUG ပညာရေးဝန်ကြီးနဲ့ တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်

ဩဂုတ် ၁၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (iFEC)ရဲ့ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကောင်စီက ဒီကနေ့ ဩဂုတ် ၁၅ရက်မှာ ထုတ်ပြန်လိုက်ပြီး အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင်က တာဝန်ယူထားကြောင်း အသိပေးပါတယ်။

ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council – iFEC)ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပညာရေးဝန်ကြီးဌာန၊ ချင်း၊ မွန်၊တအာင်း ၊စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပအိုဝ်း ပညာရေးအဖွဲ့အစည်းများ၊ ဆရာ၊ ကျောင်းသား၊ ပညာရေးလုပ်သား အဖွဲ့အစည်းများနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကောင်စီကို ကဏ္ဍ (၆)ခုမှ အဖွဲ့အစည်း (၁၈) ဖွဲ့၊ ပညာရေးပညာရှင် (၂) ဦး ပါဝင်ဖွဲ့စည်းထားတာပါ။

ကောင်စီအနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပညာရေးမူဝါဒကို အကောင်အထည်ဖော်လျက်ရှိရာ ပိုမိုထိရောက်ပြီး စနစ်တကျရှိသော အဟုန်တစ်ခုဖြင့် တိုးမြှင့် အကောင်အထည်ဖော်နိုင်ရေး ရည်ရွည်ပြီး ဩဂုတ် ၁၁ရက်မှာ အဖွဲ့ဝင်များရဲ့ စုံညီအစည်းအဝေး ဆုံးဖြတ်ချက်နဲ့ ကောင်စီ အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းလိုက်တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“ ဆက်လက်အကောင်အထည်‌ဖော်ရန်ရှိသော ကောင်စီ၏လုပ်ငန်းများကို ဥက္ကဋ္ဌဦးဆောင်မှုဖြင့် စနစ်တကျဆောင်ရွက်ရန်၊ ပြည်တွင်း၊ ပြည်ပ မိတ်ဖက် အဖွဲ့အစည်းများနှင့် တရားဝင် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရန်၊ လိုအပ်သည့် စာချုပ်စာတမ်းများ လက်မှတ်ရေးထိုးခြင်းတို့ကို လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်နိုင်ရန်၊ ဟူသော ရည်ရွယ်ချက်များဖြင့် ဤအလုပ်အမှုဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပါသည်” လို့ ထုတ်ပြန်ပါတယ်။

ဒီလို ဖွဲ့စည်းရာမှာ ပညာရေးကဏ္ဍအတွင်းရှိ သက်ဆိုင်ရာအစုအဖွဲ့များ ပိုမိုစုံလင်စွာ ပါဝင်နိုင်ရေးကို ထည့်သွင်းစဉ်းစားဖွဲ့စည်းခဲ့ဟု အသိပေးပါတယ်။

ဖွဲ့စည်းတာဝန်ပေးအပ်လိုက်တဲ့ အမှုဆောင်အဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ဒေါက်တာသိန်းလွင်၊

ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာမိုးစံ၊ ဒုဥက္ကဋ္ဌ(၂) ဆရာမမယ်အိ၊ အတွင်းရေးမှူး – ဒေါက်တာမျိုးမြတ်၊ တွဲဖက်အတွင်းရေးမှူး (၁) – ကိုအောင်သန်း၊ တွဲဖက်အတွင်းရေးမှူး (၂) – ဒေါက်တာခင်စိုး တို့ ဖြစ်တယ်လို့ ဖော်

ရုံးလုပ်ငန်းအဖွဲ့ဝင် ၃ဦး၊ ပြောရေးဆိုခွင့်ရှိသူ ၂ဦး ဘဏ္ဍာရေးမှူး ၂ဦး၊အဖွဲ့ဝင် ၂၁ဦး ပါဝင်ဖွဲ့စည်းထားပြီး အဖွဲ့ဝင်ထဲမှာ NUG ပညာရေးဝန်ကြီး ဆရာမဂျာထွယ်ပန်လည်း ပါဝင်ပါတယ်။

အခုလို အမှုဆောင်အဖွဲ့ ဖွဲ့စည်းဆောင်ရွက်ပေမယ့် ကောင်စီရဲ့ မူလအနှစ်သာရနဲ့ အခြေခံမူဖြစ်တဲ့ အဖွဲ့ဝင်အဖွဲ့အစည်းအားလုံး တန်းတူညီမျှဖြစ်မှုနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို အမှုဆောင်အဖွဲ့က ကျော်လွန်ဆုံးဖြတ်ဆောင်ရွက်မှာ မဟုတ်ဘူးလို့လည်း အသိပေးထားပါတယ်။

လက်ရှိကောင်စီဝင် အဖွဲ့အစည်းတွေကတော့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ချင်းပြည်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ပညာရေးဌာန၊ တအာင်းပြည်ပညာရေးကောင်စီ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရ၊ ပညာရေးဝန်ကြီးဌာန၊မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ပညာရေးဌာနကြီး၊ မကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ ပညာရေးဝန်ကြီးဌာန၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ၊ ပညာရေးကော်မတီ တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ကောင်စီမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာများအဖွဲ့ချုပ်၊ နည်းပညာဆိုင်ရာ ဆရာများအဖွဲ့ချုပ်၊ အခြေခံပညာပညာရေးလုပ်သားသမဂ္ဂများအဖွဲ့ချုပ်၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ Federal Health Professional Council၊ Interim Federal Health Assistant and Public Health Supervisor Council၊ Interim Federal Nursing and Midwifery Council၊ Interim Federal Veterinary Council၊ Interim Federal Dental Councilနဲ့ ပညာရေးပညာရှင်များလည်းပါဝင်တယ်လို့ ဆိုပါတယ်။

ကောင်စီမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာန၊ ပြည်နယ်နှင့် ဖက်ဒရယ် ယူနစ်အသီးသီးရှိ ပညာရေးဝန်ကြီးဌာနများ၊ လူမျိုး/ဒေသအခြေပြု ပညာရေးဌာနများ၊ ဆရာသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ ပရော်ဖက်ရှင်နယ်ကောင်စီများပါဝင်လာခဲ့ပြီး အခြားသောပညာရေးအဖွဲ့အစည်းများကိုလည်း ဆက်လက်ဖိတ်ကြား သွားဖို့ရှိကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရဲ့ တရားဝင်ဖိတ်ကြားချက်အရ ဒီလီအပြည်ပြည်ဆိုင်ရာ မာရသွန်ပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မြန်မာအားကစားအဖွဲ့ စေလွှတ်ခဲ့ကြောင်း ဒီကနေ့ (သြဂုတ် ၁၂)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။