Connect with us

Hi, what are you looking for?

သတင်း

လီဒိုလမ်းမပေါ်က ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ ခြိမ်းခြောက်တားမြစ်

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

(စစ်တပ်လက်အောက်ခံ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်၊ ဓာတ်ပုံ − Warazup)

ဩဂုတ် ၁၇၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွားလမ်း လီဒိုလမ်းမတလျှောက်ရှိ ကျေးရွာအချို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာတွေမလုပ်ဖို့ စစ်တပ်လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ခြိမ်းခြောက်တားမြစ်ထားတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ကချင်သတင်းရင်းမြစ်အချို့က ပြောပါတယ်။

ဩဂုတ် ၁၅ရက် KIA သတင်းပြန်ကြားရေးဌာနရဲ့ ဖော်ပြချက်မှာ လီဒိုလမ်းမပေါ်ရှိ ရှဒူးဇွပ်၊ စံပြ၊ ဘန်ကောက်ရွာများက ဒေသခံ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်တာ မလုပ်ဖို့ မင်းဇေသန့် တပ်တွေက ခြိမ်းခြောက်ထားတာလို့ ဖော်ပြပါတယ်။

KIA ပူးပေါင်းတပ်နဲ့ မင်းဇေသန့် ပြည်သူ့စစ်တွေအကြား စစ်ရေးတင်းမာနေလို့ စစ်ဖြစ်လာကို ဒေသခံတွေ စိုးရိမ်နေရတဲ့ အခြေအနေမှာ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်တာ တွေ့ရင် ပစ်ခတ်သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်ထားတာလို့ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“လူသားဒိုင်းအတွက် အသုံးချဖို့ပါ။ တော်လှန်ရေးဘက်က လာတိုက်ရင် ပြည်သူတွေကို အကာအကွယ်ယူဖို့ သူတို့ စိတ်ကူးက ” လို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာလည်း စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တွေဟာ ဒေသတွင်း ပြည်သူတွေကို စစ်ဆေးမှုတွေ တင်းကြပ်စွာလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ထိုင်ထားတဲ့ လဝါးဂိတ်မှာဆိုရင် ဒေသခံတွေရဲ့ ဖုန်းတွေကို စစ်ဆေးတဲ့အခါ ပြည်သူ့စစ်အဖွဲ့ရဲ့ ၀ိုင်ဖိုင်အင်တာနက်နဲ့ချိတ်ဆက်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပြပါတယ်။

ဒေသတွင်း တိုက်ပွဲတွေ ထပ်မံ ဖြစ်လာနိုင်ခြေရှိမရှိကတော့ လတ်တလောမှာ ခန့်မှန်းရခက်တဲ့ အခြေအနေလို့ ကချင်သတင်းရင်းမြစ်က ပြောပါတယ်။

မင်းဇေသန့် ပြည်သူ့စစ်အဖွဲ့ဟာ ဩဂုတ် ၉ရက်နေ့မှာ လီဒိုလမ်းမပေါ်က နောင်းမီရွာ ဒေသခံ ၄ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။ ရှဒူးဇွပ်ရွာက မင်းဇေသန့် ပြည်သူ့စစ် အခြေစိုက်တဲ့တပ်နေရာကို KIA က ဩဂုတ် ၈ရက်မှာ လာရောက်တိုက်ခိုက်ခဲ့တဲ့အပေါ် ပြည်သူ့စစ်တွေကနောက်နေ့မှာ ဒေသခံ ၄ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒေသခံတွေကို သတ်ဖြတ်တဲ့ ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ကို ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) က ကန့်ကွက်ရှုတ်ချထားပြီး လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ခဲ့တဲ့ လုပ်ရပ်အတွက် တရားမျှတမှု ရရှိရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ပြောထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းနဲ့ ကချင်ကြားအငြင်းပွားမှုပိုတိုးစေဖို့ စစ်တပ်ကပြဿနာတွေ ဖန်တီး​နေ

သတင်း

ပူတာအိုဒေသမှာ စစ်တပ်နဲ့ ပြည်သူ့စစ်က စစ်မှုထမ်းလူ ၂၅၀၀ ပြည့်မီအောင် နည်းမျိုးစုံနဲ့ စုဆောင်းဖို့ လုပ်နေဟုဆို

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ပြည်သူ့စစ်တွေအသတ်ခံရပြီးနောက် စစ်တပ်အင်အား၂၀၀ ကျော်နဲ့ စစ်ကြောင်းထိုး

Trending

Facebook