Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းအနောက်ခြမ်းက ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ စစ်တပ်က အင်အား ၁,၀၀၀ကျော် ထပ်မံဖြည့်တင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်မှာ စစ်ကြောင်းထိုးဖို့ အာဏာသိမ်းစစ်တပ်က အင်အား ၁,၀၀၀ကျော် ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဩဂုတ်-၂၂၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမပေါ်မှာ စစ်ကြောင်းထိုးဖို့ အာဏာသိမ်းစစ်တပ်က အင်အား ၁,၀၀၀ကျော် ထပ်မံဖြည့်တင်းနေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်တပ်က အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ်(၁၂)ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ-၁၂ ) ပို့ဆောင်ပြီးနောက် ဒီကနေ့(ဩဂုတ် ၂၂ ရက်)မှာ မင်းတုန်းမြို့ကို စတင်၀င်ရောက်နေပြီလို့ ဆိုပါတယ်။

“ဘာဆက်ဖြစ်နိုင်လဲဆိုရင် ရခိုင်ဘက်ကိုပဲ ဖိအားပေးဖို့ ဖြစ်တယ်။မင်းတုန်းအနောက်ခြမ်းနဲ့ ရိုးပေါ် စစ်ကြောင်း ထိုးဝာာတွေ ထပ်ဖြစ်နိုင်ပါတယ်”လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာ၀န်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ရဲ့ ယာဉ်အစီး (၁၀၀) ကျော်မှာ ခန့်မှန်းအင်အား (၂,၅၀၀) ၀န်းကျင်ခန့်ဟာ သရက်မြို့နယ် ကပစ (၁၂) ကို ၀င်ရောက်လာပြီး ခန့်မှန်းအင်အား ၁,၂၀၀ ၀န်းကျင်က မင်းတုန်းမြို့ဘက်သို့ ဦးတည်ထွက်ခွာနေတယ်လို့ သရက်ခရိုင် ပကဖ တာ၀န်ခံ ကိုဗဟိန်းက သူရဲ့လူမှုကွန်ရက်က တဆင့် အသိပေးပါတယ်။

“သရက်- မင်းတုန်း လမ်းပိုင်းမှာ စစ်အုပ်စု အင်အား ထောင်နဲ့ချီပြီး ယာဉ်တန်းများ ဖြတ်သန်းနေသည့်အတွက် ပြည်သူတွေအထူးဂရုစိုက်ကြပါ”လို့ သူက ပြောပါတယ်။

စစ်တပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦးစီးပြီး အင်အား ၁၀၀၀ ၀န်းကျင်နဲ့ ရခိုင်ရိုးမ ကို ဇွန်လဆန်းပိုင်းကတည်းက ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ရိုးမပေါ်တက်တဲ့ တိုက်ပွဲတွေမှာ အသေများနေတာကြောင့် ရိုးခြေက ကျေးရွာတွေမှာပဲ ပြန်ပြီး တပ်စွဲနေခဲ့ရပါတယ်။

လက်ရှိ မင်းတုန်းအနောက်ခြမ်းက ပြောင်းကျေးရွာ၊ထန်းပင်ကုန်းကျေးရွာ၊ဖြူကန်ကျေးရွာ၊ထိန်ကိုင်း နဲ့ တမာ ကျေးရွာတွေမှာ စစ်တပ်က တပ်စွဲထားပါတယ်။ ဒါ့အပြင် အဲဒီစစ်ကြောင်းက စစ်သားတချို့ ဟာ လက်နက်တွေနဲ့အတူ တော်လှန်ရေးတပ်တွေထံ ထွက်ပြေး အလင်းဝင်လာခဲ့တာလည်း ရှိပါတယ်။

ဇွန်လက ထိုးစစ်ဆင်တဲ့ စစ်တပ်ရဲ့ တပ်တွေမှာ သရက်မြို့အခြေစိုက် အမှတ်(၄၄) ခြေလျင်တပ်ရင်း (ခလရ-၄၄)၊အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၁၂) ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက် အောက်ကတပ်တွေ ပါ၀င်ပါတယ်။အခုတခေါက် စစ်ကြောင်းမှာ ဘယ်တပ်တွေပါ၀င်တယ်ဆိုတာတော့ မသိရသေးပါဘူး။

မင်းတုန်းမြို့နယ်အနောက်ဘက်မှာ ရခိုင်ပြည်နယ်တောင် ကုတ်မြို့ရှိပြီး အာရက္ခတပ်တော် (AA)က ၂၀၂၄ နိုဝင်ဘာကတည်းက သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ကြိုး၀ကျေးရွာမှာ အထိုင်ချပြီး ရခိုင်ရိုးမဘက်တက်ဖို့ကြိုးပမ်းမယ့် အာဏာသိမ်းစစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရာ အထိနာပြီး မင်းတုန်းမြို့ဘက်ပြန်ဆုတ်သွားတယ်လို့ သရက်ခရိုင်အမှတ် (၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရခိုင်နဲ့ မကွေးအစပ်က မင်းတုန်းမြို့နယ်တိုက်ပွဲမှာ စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေ အများအပြားသေဆုံး‌နေတယ်လို့ မြေပြင်သတင်းရင်းမြစ်နဲ့ရဲဘော်တချို့က ပြောပါတယ်။

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

Facebook