Connect with us

Hi, what are you looking for?

သတင်း

၂၀၂၁ နောက်ပိုင်း ထိုင်းမှာ မြန်မာမိခင်တွေက မွေးဖွားတဲ့ ကလေး ၁၃၀,၀၀၀ ကျော်ရှိ

၂၀၂၁ ကစလို့ ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။

(ထိုင်း​ရောက်မြန်မာ​တွေရဲ့က​လေး​မွေးဖွားနှုန်းဟာ တစ်နှစ်ထက်တစ်ထက်ပိုများလာ​နေပါတယ်။ ဓါတ်ပုံ-Thaiger)

သြဂုတ်-၂၅၊၂၀၂၆။People’s Spring

၂၀၂၁ ကစလို့ ထိုင်းနိုင်ငံမှာ မြန်မာမိခင်တွေက မွေးဖွားခဲ့တဲ့ကလေးငယ် ၁၃၀,၀၀၀ ကျော် ရှိလာကြောင်း သိရပါတယ်။

၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၂၁ ရက်နေ့ထိ ကာလအတောအတွင်း ထိုင်းနိုင်ငံမှာ မြန်မာ အမျိုးသမီးတွေက မွေးဖွားတဲ့ ကလေးငယ် ၁၃၁,၈၆၀ ဦး ရှိတယ်လို့ ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်တုန်းက ထိုင်းမှာ မြန်မာ ကလေးငယ် ၁၈၉၀၅ ဦး မွေးဖွားခဲ့ပြီး ၂၀၂၂ မှာ ၁၈၇၂၈ ဦး၊ ၂၀၂၃ မှာ ၂၄၁၅၄ ဦးနဲ့ ၂၀၂၄ မှာ ၂၅၀၈၇ ဦး အသီးသီး မွေးဖွားခဲ့တယ်လို့ စာရင်းတွေမှာ ပါရှိပါတယ်။

Public Service Announcement

Public Service Announcement

၂၀၂၅ မှာတော့ အဲဒီ အရေအတွက်ဟာ ၂၈,၈၆၉ ဦးထိ မြင့်တက်သွားပြီး မြန်မာမိခင်တွေက ထိုင်းမှာ နှစ်အလိုက် ကလေးမွေးဖွားမှု အများဆုံး ဖြစ်လာပါတယ်။ လက်ရှိ ၂၀၂၆ ခုနှစ်မှာတော့ နှစ်မကုန်သေးပေမယ့် ထိုင်းရောက် မြန်မာ အမျိုးသမီးတွေ မွေးဖွားတဲ့ ကလေးဦးရေက ၁၆,၁၁၇ ယောက် ရှိပြီလို့​ဖော်ပြထားပါတယ် ။

အဲဒီ စာရင်းအင်း ကိန်းဂဏန်းတွေဟာ မိခင်တွေရဲ့ နိုင်ငံသားဖြစ်မှုအပေါ်မှာပဲ အခြေခံ ပြုစုထားတာဖြစ်ပြီးထိုင်းမှာမွေးဖွားတဲ့ ကလေးတွေရဲ့ နိုင်ငံသားဖြစ်ခွင့်နဲ့ တခြားကိစ္စတွေအပေါ် သက်ရောက်မှု ရှိစေမှာ မဟုတ်ကြောင်း သိရပါတယ်။

ကိုးကား-Thaiger

ဆက်စပ်သတင်းများ

သတင်း

ဘန်ကောက်မှာ တရုတ် ကျောင်းသူ တစ်ဦးကို ပြန်ပေးဆွဲပြီး မြန်မာဖက်ခြမ်း နယ်စပ်ကို လူကုန်ကူး ပို့ဆောင်ဖို့ ကြံစည်မှုနဲ့ ထိုင်းနိုင်ငံသား ၄ ဦး အဖမ်းခံခဲ့ရပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ စတိုးဆိုင် အလစ်သုတ်မှုအပြီး ထွက်ပြေးချိန် လိုက်ဖမ်းတဲ့ ရဲကိုပါ ဓားနဲ့ တိုက်ခိုက်ခဲ့တဲ့ အမေရိကန် နိုင်ငံသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံတောင်ပိုင်း ဒေသတချို့မှာ ဩဂုတ် ၂၂ ရက်နေ့ ညပိုင်းက ဆူပူမှု၊ တိုက်ခိုက်မှုတွေ ဆက်တိုက် ဖြစ်ပွားပြီး ဒေသခံတွေအတွက် အထိတ်တလန့် ဖြစ်စရာတွေ ကြုံတွေ့ခဲ့ပါတယ်။