Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုသတ်ဖြတ်မှုများကြောင့် သြဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံး

စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(မြောင်မြို့နယ် ဆွဲလွဲအိုရွာ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓါတ်ပုံ − CJ)

​စက်တင်ဘာ ၃၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်အုပ်စုရဲ့ အစုလိုက်၊အပြုံလိုက် သတ်ဖြတ်မှုများနဲ့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ဩဂုတ်အတွင်း ကလေးငယ် ၂၅ ဦးအပါအဝင် ပြည်သူ ၂၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ပြိးခဲ့တဲ့ ဩဂုတ် တစ်လအတွင်း စစ်အုပ်စုဟာ နိုင်ငံဒေသ အသီးသီးက အရပ်သားပြည်သူတွေအပေါ် စစ်ရာဇဝတ်မှုပေါင်းများစွာကို စနစ်တကျ ပြင်းပြင်းထန်ထန် ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၅၂၈) မှု ကျူးလွန်ခဲ့တာကို မှတ်တမ်းကောက်ယူထားရှိနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရက အသိပေးပါတယ်။

စစ်အုပ်စုဟာ တရားလက်လွတ်သတ်ဖြတ်မှု၊ အတင်းအဓမ္မဖမ်းဆီးမှုနဲ့ ကိုယ်ပိုင်ပစ္စည်းတွေ ဖျက်ဆိးခံရခြင်းတို့ အပါအဝင် ချိုးဖောက်မှုပေါင်းများစွာ ကျူးလွန်ခဲ့ပြီး မန္တလေးဒေသဟာ (၁၁၀) မှုနဲ့ အများဆုံး ချိုးဖောက်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စု ကျူးလွန်တဲ့ အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှုဖြစ်စဉ်တွေဟာ ဒေသ (၄)ခုမှာ (၈) မှု ဖြစ်ပွားခဲ့ပြီး ပြည်သူ ၆၈ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၇ ဦး ပါဝင်ခဲ့ကြောင်း NUG ရဲ့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

ဒါ့အပြင် ဒေသ (၁၃) ခုမှာလည်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း ၅၃၀ အထိ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ရပြီး စစ်ကိုင်းဒေသဟာ အဆိုးရွားဆုံး ခံခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ ၁၃၉ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၁၈ ဦး ပါဝင်ခဲ့ကြောင်း NUG က ထပ်မံ အသိပေးပါတယ်။

သြဂုတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာက တရားစခန်းလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ဟာ အဆိုးရွားဆုံးထဲ ပါဝင်ပြီး ယနေ့အထိ သေဆုံးသူ ၁၆ ဦးအထိ ရှိနေပြီး ၂၆ ဦးထက်မနည်း ဆေးကုသမှုခံယူနေရကြောင်း ဒေသခံတွေက ပြောပါတယ်။

“ထိခိုက်သေဆုံးသူတွေက ယောဂီတွေများပါတယ်။ မြောင်နယ်တဝိုက် ရွာတွေကနေ လာပြီး တရားစခန်းဝင်ကြတဲ့ ယောဂီတွေပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လေကြောင်းဗုံးကြဲမှုတွေကြောင့် အရပ်သားနေအိမ် ၁၂၆ လုံး၊ ဘာသာရေးအဆောက်အအုံ ၁၇ ခု၊ စာသင်ကျောင်း ၁၀ ကျောင်းနဲ့ ဆေးဘက်ဆိုင်ရာအဆောက်အအုံ ၄ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေကို စနစ်တကျ မှတ်တမ်းတင်ထားကာ ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေး စတဲ့ ဦးတည်ချက်တွေ လက်ကိုင်ထားပြီး ကျူးလွန်သူတွေကို ထိုက်တန်တဲ့ ပြစ်ဒဏ်ရရှိပြီး တာဝန်ခံလာစေရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

Trending

Facebook