Connect with us

Hi, what are you looking for?

သတင်း

ကလေးနေမကောင်းလို့ သွားတွေ့တဲ့ဖခင် ပေါ်တာဆွဲခံရ

ကလေးနေမကောင်းလို့ ပြန်သွားတွေ့တဲ့ ဖခင်တစ်ဦး ရန်ကုန်-မန္တလေးလမ်းဟောင်းပိုင်းမှာ ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

ကလေးနေမကောင်းလို့ ပြန်သွားတွေ့တဲ့ ဖခင်တစ်ဦး ရန်ကုန်-မန္တလေးလမ်းဟောင်းပိုင်းမှာ ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

​စက်တင်ဘာ ၈၊ ၂၀၂၆။ မေရီ/People’s Spring

ကလေးနေမကောင်းလို့ ပြန်သွားတွေ့တဲ့ ဖခင်တစ်ဦး ရန်ကုန်-မန္တလေးလမ်းဟောင်းပိုင်းမှာ ပေါ်တာဆွဲခံလိုက်ရကြောင်း သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းနဲ့ မြစ်သားလမ်းဆုံ(ဒေသအခေါ် လက်ညှိုးထိုး)နေရာမှာ မန္တလေးမြို့ကနေ မိတ္ထီလာမြို့ကိုသွားတဲ့ လိုင်းကားပေါ်ကနေ ကိုမိုးနှင်းဦးဆိုသူ အမျိုးသားတစ်ဦး ပေါ်တာဆွဲခံလိုက်ရကြောင်း ၎င်းရဲ့အမျိုးသမီးဖြစ်သူက ငြိမ်းချမ်းရေးကွန်ရက်ဆိုတဲ့ Tiktok စာမျက်နှာကနေ ပြောထားပါတယ်။

၎င်းတို့ဟာ မန္တလေးမြို့က လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်နေတာဖြစ်ပြီး အမျိုးသားဖြစ်သူ ကိုမိုးနှင်းဦးဟာ အမျိုးသမီးရဲ့ မိဘတွေနေအိမ်မှာထားထားတဲ့ ၎င်းတို့ရဲ့ (၄)လသမီးလေး ကျန်းမာရေး အရေး​ပေါ်ဖြစ်လို့ သွားတွေ့တဲ့အချိန် ပေါ်တာဆွဲခံလိုက်ရတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခံရကြောင်း မြစ်သားမြို့နယ် ရဲစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို သွားရောက်သတင်းပို့ခဲ့ပြီး အသနားခံစာတင်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အခုစက်တင်ဘာမှာ စစ်မှုထမ်းအပတ်စဥ် (၂၈) စတင်ပြုလုပ်နေပြီးဖြစ်ပေမဲ့ မန္တလေးမြို့အပါအဝင် ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ညောင်ဦး၊ ဝမ်းတွင်း စတဲ့ဒေသတွေမှာပါ စစ်မှုထမ်းဆင့်ခေါ်တာ၊ ပေါ်တာဆွဲတာတွေ ဆက်တိုက်ပြုလုပ်နေဆဲဖြစ်ပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ လူငယ်တွေအနေနဲ့ ပေါ်တာအဆွဲမခံရအောင် ကြိုတင်ရှောင်ရှားကြဖို့ သတိပေးနေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အရာတော်မြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်ရဲ့ စစ်မှုထမ်းဥပဒေနဲ့ ပေါ်တာဆွဲ စုဆောင်းမှု‌တွေကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်တာကြောင့် နှစ်လအတွင်း ဖမ်းဆီးခံရသူ ၁၆ ဦးရှိတယ်လို့ အသံအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

မန္တလေးမြို့၊ ကျောက်တော်ကြီးဘုရားပွဲမှာ မနေ့ညက လူငယ် ၃ ဦးကို အာဏာသိမ်းစစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း Voice Of Mandalay အဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က တစ်ရက် လူ ၄၀ ထက်မနည်း ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း မုံရွာရပ်ကွက် ကင်းထောက်များအဖွဲ့က ပြောပါတယ်။