Connect with us

Hi, what are you looking for?

သတင်း

နယူးယောက်မြို့ ကုလရုံးရှေ့က သံအမတ်ကြီး ဦးကျော်မိုးထွန်း လူထုထောက်ခံချီတက်ပွဲ

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ဓတ်ပုံ - Terrywin

စက်တင်ဘာ-၂၀၊၂၀၂၆။သတိုး/People’s Spring

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်တည်ရှိရေးအတွက် Global Action for Credential Campaign 2026 လှုပ်ရှားမှုအနေနဲ့ နယူးယောက်မြို့ UN ရုံးချုပ်ရှေ့မှာ မြန်မာပြည်ဖွားတိုင်းရင်းသားတွေရဲ့ လူ‌ထုထောက်ခံချီတက်ပွဲ ပြုလုပ်ခဲ့ပါတယ်။

ဒီပွဲကို NYCBC အဖွဲ့က ဦးဆောင်ပြီး အမေရိကန်ရဲ့ ပြည်နယ်အသီးသီးမှာနေထိုင်တဲ့ မြန်မာပြည်ဖွားတိုင်းရင်း သား ထောင်နဲ့ချီတက်ရောက်ခဲ့ပါတယ်။

ဒီဆန္ဒထုတ်ဖော်ပွဲကို Our UN Ambassador HE Kyaw Moe Tun, True Voice of Myanmar ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး UN ရုံးချုပ်ရှေ့ကနေ နယူးယောက်မြို့လယ် Times Square ရင်ပြင်အထိ ကြွေးကြော်သံ တွေနဲ့ ချီတက်ခဲ့ကြတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

သံအမတ်ကြီး ဦးကျော်မိုးထွန်း နဲ့NUG နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်တို့လည်းတက်ရောက်ခဲ့ပြီး ဂုဏ်ပြုထောက်ခံစကားတွေပြောခဲ့ပါတယ်။

ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးအတွက် ဆုတောင်းတာနဲ့ စတင်ခဲ့ပြီး ပွဲစီစဉ်သူတွေက Global Action for Credential Campaign 2026 လှုပ်ရှားမှု အကြောင်းရှင်းပြခဲ့ကာ တက်ရောက်လာသူတွေကလည်း ကမ်ပိန်းနဲ့ပတ်သက်တဲ့ သဘောထားတွေကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

ကုလသမဂ္ဂမှာ မြန်မာပြည်သူတွေကို ကိုယ်စားပြု တဲ့ ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအပြင် တရားဥပဒေမဲ့စွာ ပြောင်ပြောင်တင်းတင်းလုပ်ဆောင်နေတဲ့ စစ်အကြမ်းဖက်အုပ်စုကို နိုင်ငံတကာက ဖယ်ကျဉ်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်ကူညီ ပေးကြဖို့တောင်းဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းဆက်လက်တည်ရှိရေးအတွက် ပြည်ပရောက်မြန်မာတွေက ထောက်ခံပွဲတွေဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

သြစတြေးလျနိုင်ငံ၊ဆစ်ဒနီမြို့မှာပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျပန်နိုင်ငံ တိုကျိုမြို့ ရှီဘူယဘူတာမှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအား ဆက်လက်ထောက်ခံကြောင်း ပြသတဲ့ “Credential Challenge Campaign – 2026” လူထုလှုပ်ရှားမှုကို ဒီကနေ့ (စက်တင်ဘာ ၁၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကုလသမဂ္ဂ (UN)မှာ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ သံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်း ဆက်လက် ကိုယ်စားပြုခွင့်ရရှိရေးအတွက် ​ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပါလီမန်အဆောက်အအုံရှေ့မှာ ပြည်ပရောက် မြန်မာတွေက ဒီကနေ့ (စက်တင်ဘာ ၁၂) ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

သတင်း

ကုလသမဂ္ဂမှာ ‌သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်လက်တာဝန်ထမ်းဆောင်နိုင်ဖို့ ထောက်ခံကြောင်းပြသတဲ့ Our Ambassador - Our Voice လှုပ်ရှားမှု စာမျက်နှာကို ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် လုံခြုံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်ထားတယ်လို့ People Movement Platform-Myanmar က အသိပေးထားပါတယ်။