စက်တင်ဘာ-၂၀၊၂၀၂၆။ သုည/People’s Spring
ကနေဒါနိုင်ငံ၊ ဗန်ကူးဗား ဆာရီမြို့ရှိ ဟော်လန်ပန်းခြံမှာ ပြည်ပရောက်မြန်မာတွေ ပါဝင်တဲ့ BCSBC အဖွဲ့က ဦးဆောင်ပြီး သံအမတ်ကြီးဦးကျော်မိုးထွန်းထောက်ခံရေးဆန္ဒပြပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး “FREE HER” ကမ်ပိန်းကို စက်တင်ဘာ ၁၉ ရက်က ပြုလုပ်ခဲ့ပါတယ်။
ဆန္ဒပြမြန်မာတွေက “Our Un Ambassador U Kyaw Moe Tun, The True Voice of Myanmar” စာသားကို ကိုင်ဆောင်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိဖို့ ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။
ဒါ့အပြင် “FREE HER” ၊ “Free Daw Aung San Suu Kyi and All Political Prisoners” စာသားတို့ကို ကိုင်ဆောင်ပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် “FREE HER” ကမ်ပိန်းကို လုပ်ဆောင်ခဲ့သလို နိုင်ငံရေးအကျဥ်းသားအားလုံးလွတ်မြောက်ရေးအတွက်လည်း တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

Public Service Announcement



















































