အောက်တိုဘာ၁၂၊၂၀၂၆။ကတ်သရင်း/ People’s Spring
စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျေးရွာ ၄ရွာကို စစ်တပ်က ၂နာရီကြာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား ၃ဦး သေဆုံးပြီး ၁၂ဦးဒဏ်ရာရကာ ဒဏ်ရာပြင်းထန်သူတွေလည်းရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာ ၁၂ရက် ဒီကနေ့မနက် ၃နာရီကျော်ကစတင်ပြီး ဝက်လက်မြို့နယ်အနောက်ခြမ်းက ကျီးကန် မြောက်ရွာ၊ဥယျာဉ်မရွာ၊ရေထွက်ရွာနဲ့ မဲကုန်းကျေးရွာတို့ကို တံတားဦး လေတပ်က Y-12နဲ့ အကြိမ်ကြိမ်ဗုံးကြဲချခဲ့တာလို့ ဒေသခံက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုမှာ အသံဗုံးတွေအပါအဝင် ဗုံးအလုံး အရေအများအပြားကြဲခဲ့ပြီး မဲကုန်းရွာကို ဗုံး ၇လုံးကျကာ အမျိုးသား ၃ဦး သေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် ဥယျာဉ်မရွာမှာ ၁ဦး၊ရေထွက်ရွာမှာ ၄ဦး၊ကျီးကန်မြောက်ရွာက ၁ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“ရွာထဲချည်းကိုချတာ။အမျိုးသားတဦးက အိမ်နီးစပ်မှာဗုံးကျလို့မှန်တာ။တယောက်က မန်ကျည်းပင် အောက်ဝပ် နေတာထိတာ။တယောက်က ထွက်ပြေးဖို့အိမ်ထဲက နေတံခါးအဖွင့်ကို ခြေထောက်မှန်ပြီးထိတာ။အဲဒီ၃ယောက်က သေဆုံး။တယောက်က ဒဏ်ရာတော် တော်ပြင်းတယ်။အဲဒီလူက တော့ ဆေးရုံသွားပြီ”လို့ ဒေသခံတဦးက ပြောပါတယ်။
ဒဏ်ရာရသူတွေထဲမှာ နေအိမ်တွေမှာရှိနေတဲ့ သက်ကြီးအဖိုးအရွယ် လည်းပါဝင်တယ်လို့ သိရပါတယ်။
ပြည်သူတွေအိပ်မောကျ နေချိန်ကို စစ်တပ်က လေကြောင်းကနေ ရုတ်တရက်လာတိုက်တာမို့ အထိခိုက်များသွားတာလို့ဆိုပါတယ်။
ဒါ့အပြင်စစ်တပ်က ဗုံးအားလုံးကို ကျေးရွာတွေ အတွင်းသာကြဲသွားပြီး အရပ်သားပစ်မှတ်တွေကို အဓိက ထားတိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ကလည်း ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ရွာက မဟာစည်ဘုန်းကြီး ကျောင်း၊တရားစခန်းကို စစ်တပ်ကဗုံးကြဲခဲ့တာမို့ ပြည်သူ ၂ဦး သေဆုံးခဲ့ပါတယ်။



















































