Connect with us

Hi, what are you looking for?

သတင်း

အင်းတော်ကနေထွက်လာတဲ့စစ်ကြောင်း လေကြောင်းပစ်ကူဖြင့်ဝန်းသိုဘက်ဦးတည်နေ

အင်းတော်မြို့နယ်၊မဲဇာရွာကထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာလေကြောင်း ပစ်ကူယူပြီး ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။

(စစ်တပ်စစ်​ကြောင်းတစ်​ကြောင်း (ပုံအ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-စစ်​ကောင်စီ)

​​အောက်တိုဘာ-၁၂၊၂၀၂၆။အိမ်သွင်/People’s Spring

အင်းတော်မြို့နယ်၊မဲဇာရွာကထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာလေကြောင်း ပစ်ကူယူပြီး ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်နေတယ်လို့ သတင်းရရှိပါတယ်။

အင်အား ၁,၀၀၀ ကျော်ပါတဲ့အဲဒီစစ်ကြောင်းဟာမဲဇာရွာကိုထိန်းချုပ်ပြီးတဲ့နောက်ပိုင်း အောက်တိုဘာလ၁၁ရက်နေ့ညနေက ပါအောရွာကို ရောက်ရှိခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ပါအောရွာကနေ ဗန်းမောက်နဲ့ ဝန်သိုဘက်ကိုသွားလို့ရပြီး စစ်ကစစ်ကြောင်းကအောက်တိုဘာလ၁၂ရက် မနက်ပိုင်းမှာ ဝန်းသိုမြို့နယ်ဘက်က်ို ဦးတည်သွားတာလို့သိရပါတယ်။

” မဲဇာကိုစစ်တပ်ကထိန်းသွားပြီ။ အခုကဝန်းသိုနယ်အတွက်အထူးသတိထားရမယ့်အခြေအနေဖြစ်ပါတယ်။ ဒီနေ့မနက်ပိုင်းမှာတင် ပါအော နဲ့ တပ်လွင်ရွာဘက် ဗုံးကြဲသွားပါပြီ။ တိုက်ပွဲလည်းဆက်ဖြစ်နေပါတယ်”လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အင်းတော်နဲ့ဝန်းသိုမြို့နယ်ဟာ မိုင် ၄၀ နီးပါးကွာဝေးပါတယ်။ကောလင်းခရိုင်၊ အမှတ်(၄)တပ်ရင်းကတော့ ဝန်းသို့မြို့နယ်ကဒေသခံတွေအတွက် လုံခြုံရေးအထူးသတိပြုနေထိုင်ကြဖို့ အောက်တိုဘာလ၁၁ရက်နေ့မှာ သတိပေးချက်ထုတ်ပြန်ထားပါတယ်။ ဒေသတွင်းမှာ စစ်တပ်ကနယ်မြေထိန်းချုပ်နိုင်ရေးအတွက်ကြိုးစားနေပြီး လေကြောင်းကနေ အချိန်မရွေးပစ်ခတ်နိုင်တာကိုသတိပြုဖို့နဲ့ မြေပြင်စစ်ကြောင်းအန္တရာယ်တွေကိုသတိပြုဖို့ ထုတ်ပြန်ထားပါတယ်။

အရေးပေါ်အခြေအနေကြုံတွေ့လာခဲ့ရင် တည်ငြိမ်စွာဖြေရှင်းဖို့နဲ့ လိုအပ်တဲ့အကူအညီတွေကို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ ဆက်သွယ်တောင်းခံဖို့လည်း အသိပေးထားပါတယ်။ဒါ့အပြင်လူမှုကွန်ရက်သုံးစွဲမှုကိုဂရုပြုဖို့၊ လူစုလူဝေးနေ‌ထိုင်မှုကို ရှောင်ရှားပေးဖို့နဲ့ ဘုန်း‌တော်ကြီးကျောင်း၊ စာသင်ကျောင်းတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။အင်း‌‌တော်မြို့နယ်ထဲမှာ အောက်တိုဘာ၁၀ရက်နေ့ကတိုက်ပွဲတွေပြင်းထန်နေစဉ် စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦးသေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်နဲ့ မကွေးတိုင်းအစပ်က မင်းတုန်းမြို့နယ်အနောက်ခြမ်းကနေ ရခိုင်ရိုးမပေါ် တက်ဖို့ကြိုးပမ်းနေတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းတွေ တိုက်ခိုက်ခံရပြီး လန်ကျနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့ တော်လှန်ရေးရဲဘော်တချို့က လူထုနွေဦးကို ပြောပါတယ်။

သတင်း

အင်းတော်မြို့နယ်၊ မဲဇာရွာအနီးတိုက်ပွဲပြင်းထန်‌နေစဥ်မှာ စစ်တပ်ကတိုက်ပွဲနဲ့ မဆိုင်တဲ့လူနေကျေးရွာအတွင်း လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ်နှစ်ဦး သေဆုံးသွားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကသာ-ထီးချိုင့်လမ်းပိုင်းကို အသုံးမပြုဖို့ PDFသတိပေး

သတင်း

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်း၀င်တဲ့ ကျေးရွာက ပြည်သူတွေကို ကယ်ထုတ်ဖို့သွားရင် ပခုက္ကူခရိုင် တပ်ရင်း(၁၉)တပ်ခွဲ-၃ က ရဲဘော် တချို့ကျဆုံးပြီး တပ်ခွဲမှူး ဗိုလ်မထား ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook