Connect with us

Hi, what are you looking for?

သတင်း

အမြင့်ကျွန်းကစစ်စခန်း နှစ်ခုကိုAAထပ်သိမ်း

ငပြီကျွန်းတိုက်ပွဲမှာစစ်သားအလောင်း ၄၀ ခန့်ရပြီး၂၀ ကျော်ဖမ်းမိဟု​စစ်​ရေးသတင်းရင်းမြစ်​ပြော

(ငပလိကမ်း​ခြေကိုသိမ်းပိုက်ပြီး​နောက်​ အာရက္ခတပ်​​တော်(AA)တပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။ ။ဓါတ်ပုံ-AA Infodesk)

အောက်တိုဘာ-၁၂၊ ၂၀၂၆။ခိုင်မြတ်/ People’s Spring

စစ်တွေမြို့နယ်မှာ တိုက်ပွဲ​တွေပြင်းထန်​နေရာ အာရက္ခတပ်​တော်(AA)က အမြင့်ကျွန်းရှိစစ်တပ်စခန်း နှစ်ခုကိုထပ်မံသိမ်းပိုက်နိုင်ခဲ့​ပါတယ် ။

​အောက်တိုဘာ ၁၀ ရက် နဲ့ ၁၁ ရက်မှာ အမြင့်ကျွန်းရှိစစ်တပ်စခန်း ၂ ခုကို AA ကထပ်မံသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး AA က​ရှေ့ကိုတိုးပြီး​တော့ထိုးစစ်ဆင်​နေတယ်လို့ AA သတင်းရင်းမြစ်က​ပြောပါတယ် ။ ​ရေချမ်းပြင်ဘက်မှာလည်း စစ်တပ်ရဲ့ဘန်ကာ​တွေကို AA ကသိမ်းပိုက်ရရှိတယ်လို့သူကဆက်​ပြောပါတယ်။

“အမြင့်ကျွန်းက စခန်းနှစ်ခုရတယ်။ မနေ့ကနဲ့ တနေ့ကရတာ။ရှေ့တိုးနေကြတယ်။ နာရီကန်နားကနေလည်း တိုက်ပွဲဖော်နေတယ်။ ရေချမ်းပြင်ဘက်မှာလည်း ဘန်ကာတွေရထားတယ်။ စခန်းကြီးတော့ မဟုတ်ဘူး။​ေွးတွေ နေခဲ့တဲ့ ကင်းစခန်ငယ်ပါ၊ အထိနာပြီးတော့ ဆုတ်ပြေးသွားလို့ ရလိုက်တာ။ “လို့ AA သတင်းရင်းမြစ်က ရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်အခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ငပြီကျွန်းမှာလည်း စစ်သားအ​​လောင်း ၄၀ ​လောက်ရပြီး စစ်သုံ့ပြန်းအချို့ကို ဖမ်းဆီးရရှိထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက ပြောပါတယ်။ ငပြီကျွန်း​ပေါ် တက်လာတဲ့ စစ်သားဆယ်နဲ့ချီကျန်​နေ​သေးပြီး တိုက်ပွဲဆက်လက်ဖြစ်ပွား​နေတယ်လို့သိရပါတယ် ။

“(ငပြီကျွန်းတိုက်ပွဲမှာ)စစ်သားအလောင်း ၄၀ လောက်ရပြီ၊ ဖမ်းမိတာ ၂၀ ကျော်လောက်ရှိတယ်။ ​ေွး တွေကျန်တော့ကျန်ပါသေးတယ်။ ဒီကောင်တွေ ၅၀၊ ၆၀ လောက်က ကျန်မယ်ထင်တယ်။ လိုက်ပြီးတော့ ရှင်းနေတုန်းပဲ။အလယ်ရွာကို ရသွားတာဟုတ်တယ်။ အလယ်ရွာဆိုတာက အိမ် ဆယ်ကိုးဆောင်ပဲ ရှိတဲ့ရွာပါ၊ စာသင်ကျောင်းတခု ရှိတယ်။အဲဒီမှာ ဓါတ်ပုံရိုက်ကြတာ။ ဒါပေမယ့် ခဏပါပဲ၊ အခုတာ(ပုဇွန်ကန်)တွေမှာ ပုန်းနေကြတယ် ဒီကောင်တွေ”လို့ အထက်ပါစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့​ရေတပ် သင်္ဘောတွေဟာ ငပြီကျွန်းမှာ ကမ်းတက်လို့ထပ်မ​ရ​တော့ဘဲ​အ​ဝေးက​​နေ လက်နက်ကြီးနဲ့ ငပြီကျွန်း​ပေါ် လှမ်းပစ်​နေတယ်လို့သူကဆက်​ပြောပါတယ်။

ငပြီကျွန်းဟာ စစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီးဖြစ်တဲ့ ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက်တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာ ကုလာတန်မြစ်​ပေါ်မှာ တည်ရှိပါတယ်။ စတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။အဲဒီကျွန်းပေါ်မှာ လူနေကျေးရွာသုံးရွာတည်ရှိပါတယ်။

စစ်တပ်ကရွှေမင်းဂံရေတပ်စခန်းရဲ့အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း ဖြစ်တဲ့ ငပြီကျွန်းကိုအောက်တိုဘာ ၇ ရက်ကစပြီးထောက်ပို့လေယာဉ်Y12 ၊တိုက်လေယာဉ် ၁၀ စီးကျော်၊ စစ်သေင်္ဘာ ၅ စီးခန့်နဲ့ ပစ်ကူပေးကမ်းတက်ဖို့ကြိုးစားခဲ့တာဖြစ်ပြီး စစ်သားအချို့ကမ်းပေါ်တက်နိုင်ခဲ့ပါတယ်။

AA ကငပြီကျွန်းပေါ် တက်လာတဲ့ စစ်တပ်ကို တိုက်ခိုက်နေသလို တချိန်တည်းမှာ စစ်တွေမြို့နယ်အတွင်းရှိ စစ်တပ်ကာကင်းစခန်းတွေကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်​နေတာဖြစ်ပါတယ်။​အောက်တိုဘာ၈ ရက်ညနေပိုင်းမှာ ငပြီကျွန်းအနီးကိုကမ်းတက်ဖို့ကြိုးစားတဲ့ စစ်သင်္ဘောတွေကို AA က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာသင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

ဒါ​ပေမယ့်​စစ်​ရေယာဥ်အချို့ ငပြီကျွန်း​မှာကပ်နိုင်တာ​ကြောင့် စစ်သားဆယ်နဲ့ချီကျွန်း​ပေါ်ထပ်​ရောက်ပြီး တိုက်ပွဲ​တွေဆက်လက်ဖြစ်​နေတာဖြစ်ပါတယ် ။တိုက်ပွဲ​တွေမှာ AA တပ်ဖွဲ့ဝင်အချို့လည်းထိခိုက်ကျဆုံးမှုရှိ​တယ်လို့သိရပါတယ်။

စစ်တပ်ဟာ စစ်တွေမြို့ရဲ့ အနောက်ဘက်ရေချမ်းပြင်ဝန်းကျင်၊ မြောက်ဘက် ပါဒလိတ်တပ်ရင်းအနီး အမြင့်ကျွန်းဝန်းကျင်၊ ရွှေမင်းဂံရေတပ်စခန်းဝန်းကျင်တို့မှာရှိတဲ့စစ်တပ်ရဲ့ တပ်စခန်းတွေ ကို AA ကထိုးစစ်ဆင်တိုက်ခိုက်လာပြီး အထိနာနေချိန်မှာငပြီကျွန်းကို ကမ်းကပ်ပြီးထိန်းချုပ်နိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။AA ကလည်း ငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်​နေသလို ကျန်​နေရာ​တွေကလည်းစစ်တပ်ကို အရှိန်မြှင့်ထိုးစစ်ဆင်ရင်းစစ်စခန်းအချို့ကို ထပ်မံသိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ် ။ဒါ​ကြောင့်တိုက်ပွဲ​တွေဟာ စစ်​တွေမြို့နဲ့ ပိုနီးလာပြီဖြစ်ပါတယ် ။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန်ထိုးစစ်ဆင်နေခဲ့တာ တလကျော်ရှိပြီဖြစ်ပါ တယ်။

တလကျော်ပေမယ့် AA စခန်းတခုမှ မသိမ်းနိုင်ဘဲ AA ကသာ စစ်တပ်စခန်းတွေကို ပြန်သိမ်းနေပြီး AA ကခုခံစစ်ကနေ ထိုးစစ်အသွင်နဲ့ ပြန်လည်တိုက်ခိုက်နေတာဖြစ်ပါတယ်။

AAက ပြည်သူ၅၁ဦးသေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တဲ့ ကျောက်တော်ဗုံးကြဲမှုနောက်ပိုင်း အောက်တိုဘာလဆန်းမှစပြီး ရခိုင်ပြည်တွင်ထိုးစစ်အရှိန်မြှင့်လိုက်တာဖြစ်ပါတယ်။တောင်မော်ဦးရေတပ်စခန်းကာကင်းတွေကို လည်း ထိုးစစ်အသွင်နဲ့ တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလကျော်ကာလအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ်စခန်း ၁၁ ခု၊ ကျောက်ဖြူမြို့နယ် အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အတွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၄ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပြီး ဖြစ်ပြီး အကျအဆုံးတွေလည်းရာချီ ရှိနေပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် (ULA/AA)တို့ အောက်တိုဘာ ၈ရက်မှာ ဒုတိယအကြိမ် တွေ့ဆုံကာ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးခဲ့ကြောင်း SCEFက ထုတ်ပြန်ပါတယ်။

သတင်း

တစ်လကျော်အတွင်းကျောက်ဖြူမှာစစ်တပ်စခန်း နှစ်ခုကိုAA သိမ်းပိုက်ထား

သတင်း

စစ်တွေမြို့ကို ပိတ်ဆို့ဝန်းရံတိုက်ခိုက်ခံနေရချိန်မှာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်ဖို့ကြိုးစားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်သေင်္ဘာ​တွေကို အာရက္ခတပ်တော်(AA)က ပစ်ခတ်တိုက်ခိုက်တာကြောင့် သင်္ဘော တစီးထိမှန်ကာ စစ်သား ၂၀ ခန့်သေဆုံးခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်တွေက စစ်တပ်ရဲ့ စခန်းငယ်တခုကို AAထပ်မံသိမ်းပိုက်

Facebook