Connect with us

Hi, what are you looking for?

သတင်း

ခေါင်လန်ဖူးတိုက်ပွဲ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အရာရှိနဲ့တပ်ဖွဲ့ဝင်အချို့ကို KIA ပူးပေါင်းတပ် ဖမ်းမိ

ကချင်ပြည်နယ်< ခေါင်လန်ဖူးမြို့နယ် တိုက်ပွဲမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အရာရှိ ၁ဦးကို ၎င်းရဲ့တပ်ဖွဲ့ဝင်အချို့နဲ့အတူ ဖမ်းမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(KIA ပူးပေါင်းတပ် ဖမ်းမိထားတဲ့ ပြည်သူ့စစ်အရာရှိ။ ဓာတ်ပုံ - Lung Jung LA N/FB)

နိုဝင်ဘာ ၁၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်< ခေါင်လန်ဖူးမြို့နယ် တိုက်ပွဲမှာ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က အရာရှိ ၁ဦးကို ၎င်းရဲ့တပ်ဖွဲ့ဝင်အချို့နဲ့အတူ ဖမ်းမိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၁၁ရက်က ရှေ့တန်းစစ်မြေပြင် တနေရာမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

” သူက ခေါင်လန်ဖူးပြည်သူ့စစ်ခေါင်းဆောင်မဟုတ်ဘူး။ ဗိုလ်ကြီးအဆင့် ။ ကျနော်တို့ တိုက်ပွဲဖြစ်နေတဲ့နေရာက စစ်ကြောင်းမှူးလို့ ခေါ်ရမှာပေါ့။” လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူ့စစ်တွေ KIA ထံ အလင်းဝင်သွားတယ်လို့ စစ်တပ်ဘက်က ဝါဒဖြန့်ဖို့ ကြိုးစားနေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

” စကစက သိက္ခာအကျမခံချင်တဲ့အခါကျတော့ KIA ဆီမှာ လက်နက်ချ အလင်းဝင်သွားတယ်ဆိုပြီးမှ သတင်းဖြန့်ခိုင်းနေတယ်လို့ သိရတယ်”လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဇူလိုင်က ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင်က စစ်တပ်နဲ့ ပြည်သူ့စစ်စခန်းတွေ သိမ်းပိုက်ခဲ့သလို စက်တင်ဘာလမှာလည်း ခေါင်လန်ဖူးမြို့နယ်အတွင်း အရေးပါတဲ့ ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းတခုကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ခေါင်လန်ဖူးမြို့နယ်အတွင်းမှာ KIA ပူးပေါင်းတပ်က စစ်ရေးအသာရပြီးနယ်မြေတွေ တိုးပြီးထိန်းချုပ်လာနိုင်တဲ့ အခြေအနေမှာ စစ်တပ်ဘက်ကလည်း ကချင်ပြည်နယ်ရှိ ပြည်သူ့စစ်တပ်ဖွဲ့တွေကို ခေါင်လန်ဖူးစစ်မြေပြင်သို့ ပို့ဆောင်ကာ ရှေ့တန်းက စစ်တိုက်ခိုင်းနေတဲ့ အခြေအနေဖြစ်တယ်လို့ KIAနဲ့ စစ်ရေး သတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ စစ်တပ်ကလည်း ပူတာအိုနဲ့ ခေါင်လန်ဖူးဒေသတွေမှာ လူသစ်စုဆောင်းမှုတွေ ပိုလုပ်လာသလို ဒေသခံတွေကို ပေါ်တာဆွဲ ရှေ့တန်းစစ်မြေပြင်သို့ အထမ်းထမ်း ပစ္စည်းပို့ခိုင်းတာတွေ လုပ်ဆောင်လျက်ရှိနေတယ်လို့ ဒေသခံအချို့က ပြောထားပါတယ်။

ဆက်စပ်သတင်းများ