Connect with us

Hi, what are you looking for?

သတင်း

မန္တလေး-ဗန်းမော်လမ်းတိုက်ပွဲ စစ်သား ၁၇ဦးထက်မနည်းသေ၊ လက်နက် ၉လက်သိမ်းရဟု အမှတ်(၁)စစ်ဒေသထုတ်ပြန်

‎မန္တလေး-ဗန်းမော်ကားလမ်းမကြီးဘေးမှာ အခြေပြုလှုပ်ရှားနေတဲ့စစ်တပ်ရဲ့ ခလရ (၁၄၈) တပ်ဖွဲ့ဝင်​တွေကို ​တော်လှန်​ရေးပူးပေါင်းတပ်ဖွဲ့​တွေက တိုက်ခိုက်ခဲ့ရာစစ်သား စုစုပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့​ကြောင်းအမျိုးသားညီညွတ်ရေအစိုးရ(NUG) အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

(စစ်တပ်ထံက သိမ်းဆည်းရရှိတဲ့လက်နက်ခဲယမ်း​တွေ ။ ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ)

‎နိုဝင်ဘာ-၂၈၊၂၀၂၆။ထားမြတ်/People’s Spring

‎မန္တလေး-ဗန်းမော်ကားလမ်းမကြီးဘေးမှာ အခြေပြုလှုပ်ရှားနေတဲ့စစ်တပ်ရဲ့ ခလရ (၁၄၈) တပ်ဖွဲ့ဝင်​တွေကို ​တော်လှန်​ရေးပူးပေါင်းတပ်ဖွဲ့​တွေက တိုက်ခိုက်ခဲ့ရာစစ်သား စုစုပေါင်း ၁၇ ဦးထက်မနည်း သေဆုံးခဲ့​ကြောင်းအမျိုးသားညီညွတ်ရေအစိုးရ(NUG) အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

‎PDF တပ်ရင်းတွေနဲ့ ဒေသခံ ပကဖ တပ်တွေ ပေါင်းပြီး နိုဝင်ဘာ ၂၆ရက်နဲ့ ၂၇ရက်တွေမှာ စစ်ရေး ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။

‎အောက်တိုဘာလ ၂၆ ရက်၊နံနက် ၃ နာရီခန့်က ဆိပ်ငူလမ်းခွဲနဲ့ သဲဖြူချောင်းနေရာတွေမှာ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ခဲ့တာမှာစစ်သား ၈ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ပွဲမှာ လက်နက်ငယ် ၅လက်နဲ့ ခဲယမ်းကျည်တွေ သိမ်းဆည်းရရှိခဲ့တယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

‎အဲဒီစစ်ဆင်ရေးကို‎ ကသာခရိုင် အမှတ် (၅) တပ်ရင်း၊ ကသာခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း အထူးတပ်ဖွဲ့နဲ့ အင်းရွာတိုက်နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

‎ နိုဝင်ဘာလ ၂၇ ရက် နံနက် ၆ နာရီ ခွဲ ခန့်မှာလည်း မန္တလေး-ဗန်းမော် ကားလမ်းမကြီးဘေးမှာ ကသာခရိုင် အမှတ် (၅) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) တပ်ရင်း အထူးတပ်ဖွဲ့နဲ့ အင်းရွာတိုက်နယ် ပကဖ မဟာမိတ်အဖွဲ့တို့ ထပ်မံပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၉ ဦးထက်မနည်း ထပ်မံသေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ် ။

‎တိုက်ပွဲအတွင်း စစ်သားတွေဆီက လက်နက် ၄လက်နဲ့ ကျည်ခဲယမ်းတွေ သိမ်းရခဲ့တဲ့ အပြင်မူးယစ်ဆေးဝါးနဲ့ အမျိုးသားကာမစိတ်ကြွဆေး အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း​ဖော်ပြထားပါတယ်။

‎အာဏာသိမ်းစစ်တပ်ဟာ ကချင်နဲ့ စစ်ကိုင်းအစပ် ဒေသတွေက လမ်းပိုင်းတွေ ထိန်းချုပ်နိုင်ဖို့ စစ်အင်အားတွေ ဖြည့် စစ်ရေးလှုပ်ရှားနေလို့ အမှတ်(၁)စစ်ဒေသနဲ့ KIA တပ်တွေ ပူးပေါင်း တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။

ဆက်စပ်သတင်းများ