Connect with us

Hi, what are you looking for?

LuduNwayOo

အတွေးအမြင်

စောင့်​မျှော်​နေတဲ့ အမှန်တရားအတွက်တိုက်ပွဲ

လွတ်​မြောက်ချင်တယ် ၊​အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်အားကိုကိုးရမယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

နေပြည်​တော်က အာဏာရူးတစ်​ကောင်​ကြောင့် မြန်မာပြည်သူ​တွေ ငရဲကျတာရက်​ပေါင်း ၂၀၂ရက်​ရှိပါပြီ။

လတ်တ​လော ကမ္ဘာ့မီဒီယာ​တွေမှာ လွှမ်းမိုး​နေတဲ့ အာဖဂန်နစ္စတန်​တောင် တကယ်​တော့ မြန်မာ​လောက်မဆိုးဝါးဘူးလို့ဆိုချင်ပါတယ် ။မြန်မာပြည်သူ​တွေခံစားရတဲ့ ဒုက္ခဟာအာဖဂန်နစ္စတန် ပြည်သူ​တွေထက်​​တောင် ပိုကြီးသလို ၊အကြမ်းဖက်စစ်တပ်ကလည်း တာလီဘန်တွေထက် ပိုရက်စက်ယုတ်မာ၊​အောက်တန်းကျပါတယ်။

​ဖေ​ဖော်ဝါရီ ၁ ရက်​ကစကြုံခဲ့ရတဲ့အ​ခြေအ​နေအားလုံးဟာပြန်​တွေးကြည့်ရမှာ​တောင် ​ကြောက်စရာ​ကောင်းတဲ့ တစ်ကယ့်ရူးချင်စရာအ​ခြေအ​နေ​တွေပါ။ ပြည်သူ​တွေ​ရွေးချယ်ထားတဲ့​နိုင်ငံ​ခေါင်း​ဆောင်​တွေကိုဖမ်းဆီး​ထောင်ချတယ်၊ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ပြည်သူ​တွေကို ရက်ရက်စက်စက်ပစ်သတ်တယ်။ဖမ်းဆီးနှိပ်စက်တယ်။ စစ်​ကြော​ရေး​တွေမှာ ပြည်သူ​တွေကို ရက်ရက်စက်စက်သတ်တယ်။ ပြည်သူပိုင်ပစ္စည်း​တွေ ဖျက်ဆီးတယ်၊လုယက်တယ်။ အမျိုး​ကောင်းသမီး​တွေကိုလည်းလိင်ပိုင်းဆိုင်ရာကျူးလွန်တယ်။

အလိမ်အညာဝါဒဖြန့်သတင်း​တွေတစ်ချိန်လုံးဖြန့်ချီတယ်။ အကြီးအကျယ်လာဘ်စားတယ်။အာဏာသိမ်းစစ်တပ်ရဲ့ လက်​အောက်မှာ ဘယ်သူမှ​ကျောမလုံ​တော့သလို ၊တန်ဖိုးရှိလှတဲ့လူ့အသက်တစ်​ချောင်းကလည်း ဖက်ဆစ်တပ်လက်​အောက်မှာ ပုရွက်ဆိတ်တစ်​ကောင်လို
မထင်ရင်မထင်သလို သတ်ဖြတ်တာခံ​​နေရတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ​တွေနဲ့နိုင်ငံ​တော်အတွက် ​စေတနာမရှိဘဲ အာဏာနဲ့​ငွေ​ကြေး ဥစ္စာသာမက်​မောတဲ့ မင်း​အောင်လှိုင်နဲ့ စစ်​ကောင်စီ​အောက်မှာ ကိုဗစ်နိုင်တီး တတိယလှိုင်းကို ရင်ဆိုင်လိုက်ရချိန်မှာ​တော့ ပြည်သူ​တွေဘဝကူရာ၊ကဲရာမဲ့ဖြစ်သွားပါတယ်။ စစ်အာဏာသိမ်းမှု​ကြောင့် ကျန်းမာ​ရေးစနစ်ပျက်စီး​နေတဲ့အ​ခြေအ​နေမှာ ​ရောဂါကြိုတင်ကာကွယ်​ရေး ၊​ရောဂါကွင်းဆက်ဖြတ်​တောက်​ရေး ဘာမှမလုပ်သလို ၊ကပ်​ရောဂါကို နိုင်ငံ​ရေးလက်နက်အဖြစ်အသုံးချခဲ့တဲ့ စစ်​ကောင်စီကြောင့် တန်ဖိုးရှိလှတဲ့ ပြည့်သူ့အသက်​​ပေါင်း ​သောင်း​ပေါင်းများစွာ​ကြွေပြုန်းခဲ့ရပါတယ်။ ဒါ​ပေမယ့်စစ်​ကောင်စီက​တော့​ နောင်တမရပါဘူး။အာဏာဆက်လက်ဆုပ်ကိုင်နိုင်​ရေးအတွက် ​အောက်စီဂျင်​တွေဖြတ် ၊​ဆေးဝါး​တွေလုယက် ၊ ​အောက်စီဂျင်လိုချင်ရင်စစ်​​ကောင်စီယန္တရား​တွေကိုမဖြစ်မ​နေအသုံးပြုဖို့ ၊ ကာကွယ်​ဆေးထိုး​ပေးပြီးနိုင်ငံ​ရေးအမြတ်ထုတ်ဖို့​​၊ကပ်​ရောဂါ​ကြောင့် နိုင်ငံတကာက အာဏာသိမ်းစစ်​ကောင်စီကို အသိအမှတ်ပြုလာဖို့ တွေအတွက်သာအားထုတ်ခဲ့ပါတယ်။ ပြည်သူ​တွေက ကပ်​ရောဂါကို မိမိဘာသာ​တော်လှန်ကြရပြီး ပိုးကူးစက်မှု​​လျှော့လာတဲ့အချိန်ကြမှ စစ်​ကောင်စီက မန္တ​လေး ၊မုံရွာ စတဲ့မြို့​တွေမှာ ကိုဗစ်ကာကွယ်​ရေးအ​ကြောင်းပြ ​နေ့မထွက်ရအမိန့်​တွေထုတ်ပါတယ်။အဲလိုအမိန့်ထုတ်ပြီး ​​ငွေညှစ်လိုက် ၊ပုံစံမျိုးစုံနဲ့ဖိနှိပ်လိုက်လုပ်ပြန်ပါတယ်။ တကယ်​တော့ ​နေ့မထွက်ရအမိန့်ထုတ်တာရဲ့ရည်ရွယ်ချက်က စစ်​ကောင်စီကိုဖီဆန်သူ​တွေကိုဖိနှိပ်ဖို့လွယ်​ကူအောင် ၊ ​စစ်မျက်နှာအစုံကိုဖက်ဆစ်တပ်​တွေပို့ထားရချိန် သူတို့အားနည်းတာကိုသိမှာစိုးတဲ့အတွက် ပြည်သူ​တွေ​ကိုအ​ကြောက်တရားရိုက်သွင်းပြီးမလှန်ရဲ​အောင်၊ သူတို့ကို​တော်လှန်မယ့်သူ​တွေ လမ်း​ပေါ်ထွက်မလာ​အောင် ဥာဏ်များနေတာပဲဖြစ်ပါတယ်။ မန္တ​လေးမှာဆို ရဟန်း​​တော်တွေကို​တောင် ဂိတ်​စောင့်ခိုင်းဖို့ စီစဥ်လိုက်​သေးတာပါ။ ရဟန်းသံဃာ​​တွေနဲ့ပြည်သူ​တွေ ဝိုင်းကန့်ကွက်လို့သာပျက်သွားတာပါ။

အရှုံးထဲကအမြတ်က​တော့နှစ်​ပေါင်းများစွာလိမ်ညာဝါဒဖြန့်မှု​တွေရဲ့ အလွန်မှာစစ်အာဏာသိမ်းမှု​ကြောင့် မင်း​အောင်လှိုင်အပါအဝင် အာဏာသိမ်း​ခေါင်း​ဆောင်​တွေရယ် ၊အကြမ်းဖက်စစ်တပ်ရဲ့သရုပ်သကန်ကို ပြည်သူ​တွေအားလုံးက ၊တစ်ကမ္ဘာလုံးကထင်ထင်ရှားရှား မြင်​တွေ့ရတာဖြစ်ပါတယ်။ ဘယ်သူကအကြမ်းဖက်သမားအစစ်လဲဆိုတာကို ပြည်သူ​တွေသိသွားပါပြီ။ ဒါ့ကြောင့် ပြည်သူ​တွေက ဒီတစ်ကြိမ်မှာ​​တော့ ၁၉၅၈ ကတည်းက တင်​နေတဲ့ အ​ကြွေးဖြစ်တဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်က​နေ ဆွဲနှုတ်ပစ်ရပါ​တော့မယ်။ ပြည်သူ​တွေနဲ့ ထိုက်တန်တဲ့ လွတ်လပ်မှုနဲ့တန်းတူညီမျှမှုကို အာမခံနိုင်တဲ့ဖက်ဒရယ်ဒီမိုက​ရေစီစနစ်ထူ​ထောင်နိုင်ဖို့ ၊အာဏာရူး​တွေနဲ့ထိုက်တန်တဲ့ ပစ်ဒဏ်​ခတ်နိုင်ဖို့ လွန်ခဲ့တဲ့ နှစ် ၆၀​ကျော်ကတည်းက တင်​နေတဲ့အ​ကြွေးကို အတိုး​ရော ၊အရင်းပါ ဆပ်ရမယ့်အလှည့်ပါ။

မင်း​အောင်လှိုင်ရဲ့ အကြမ်းဖက်စစ်တပ်ဟာ တာလီဘန်အကြမ်းဖက်အဖွဲ့နဲ့ အာဖဂန်နစ္စတန် စစ်တပ်​တွေရဲ့ မ​ကောင်းတာ​တွေ​ပေါင်းထားတဲ့ လူဆိုးဂိုဏ်နဲ့ပိုတူပါတယ်။ ယုတ်မာတာ၊​အောက်တမ်းကြတာ ၊ရက်စက်တာ ၊ဖိနှိပ်တာ​တွေ၊ ဥာဏ်နည်းတာ​တွေမှာ တာလီဘန်အကြမ်းဖက်အဖွဲ့တူပါတယ်။ အကြီးအကျယ်လာဘ်စားတာ ၊သူ​ရဲ​​ဘော​ကြောင့်တာ၊ ကိုယ်ကျိုးစီးပွားပဲ ကြည့်တာ၊ခံယူချက်မရှိတာ​တွေမှာ​တော့ အာဖဂန်နစ္စတန်စစ်တပ်နဲ့တူ​နေပြန်ပါတယ်။

တစ်ဖက်မှာ မြန်မာပြည်သူ​​တွေကို ကြည့်ရင် သမိုင်းတစ်​လျှောက် စုစည်းညီညွတ်မှု အ​ကောင်းဆုံးအ​ခြေအ​နေကို​ရောက်​နေပါတယ်။ ရှစ်​လေးလုံးအ​ရေး​တော်ပုံကထက်များစွာသာသလို ၊ ၁၉၄၅ ခုနှစ်မှာဖက်ဆစ်ဂျပန်​တွေကို ​တော်လှန်ခဲ့စဥ်ကထက်​တောင် ဒီတစ်ကြိမ်ပြည်သူ​တွေက ပိုစုစည်းညီညွှတ်​နေကြပြီဖြစ်ပါတယ်။

လွတ်လပ်​ရေးအတွက် ဘယ်လိုစွန့်လွတ်မှုအတွက်မဆိုအသင့်ဖြစ်​နေတဲ့၊ဘုံရန်သူကို ထင်ထင်ရှားရှားမြင်နေတဲ့ပြည်သူ​တွေရယ်၊ ပြည်သူ​တွေရဲ့​ရှေ့က ရဲရဲဝံ့ဝံ့တိုက်ခိုက်​မယ့် ပြည်သူ့ကာကွယ်​ရေးတပ်​တွေ​တွေရယ်၊ပြည်သူ​နဲ့အတူရပ်တည်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေရယ် ၊ရွေး​​ကောက်ခံလွှတ်​တော်ကိုယ်စားလှယ်​တွေရယ်၊ ​တော်လှန်​ရေးအစိုးရတစ်ရပ်ရယ် ရှိ​နေပြီဖြစ်တာ​ကြောင့်စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကဆွဲနှုတ်ဖို့ အခုထက်​ကောင်းတဲ့အချိန်ဟာဘယ်တုန်းကမှ မရှိဘူးပါဘူး။ စစ်အာဏာရှင်စနစ်​အောက်မှာအရာအားလုံးပျက်စီး​မှုရဲ့ဒဏ်ကို နိုင်ငံသားတိုင်းခံစားရသလို ၊စစ်အာဏာရှင်စနစ်ကိုအမြစ်ကဆွဲနှုတ်ပြီးရင် အ​ကြောက်တရားကကင်းလွတ်ပြီးလူပီပီသသနဲ့ လွတ်လပ်၊မျှတမှု​တွေကိုလည်း နိုင်ငံသားတိုင်းစံစားကြရမှာဖြစ်တယ် ။ဒါ့ကြောင့် ​လူထု​တော်လှန်​ရေးမှာ ပြည်သူတိုင်းက ငါတို့အားလုံးရဲ့အ​ရေးလို့ ​လေး​လေးနက်နက်ခံယူရင်း မိမိနိုင်ရာတာဝန် ယူ​ပေးကြဖို့လည်းလိုပါတယ်။

အာဖဂန်နစ္စတန်မှာ အ​မေရိကန်က နှစ်​ပေါင်း ၂၀ နီးပါး အ​မေရိကန်​ဒေါ်လာ ၁ ထရီလီယံ​ကျော်သုံးပြီး အာဖဂန်စစ်တပ်ကို ​ခေတ်မီလက်နက်​တွေ ၊ ​နည်းပညာ​တွေ​တပ်ဆင်ပေးပြီး ​ခေတ်မီစစ်တပ်ဖြစ်​အောင် တည်​ဆောက်​ပေးခဲ့တယ်။ အာဖဂန်နစ္စတန်အစိုးရစစ်တပ်က အင်အား သုံးသိန်း​တောင်ရှိတယ်လို့စာရွက်​တွေ​ပေါ်မှာ​တော့ဆိုတယ်။ဒါ​ပေမယ့် အင်အား ရှစ်​သောင်းငါး​ထောင် ဝန်းကျင်ပဲရှိတဲ့ တာလီဘန်အကြမ်းဖက်သမား​တွေကို ရင်ဆိုင်ရတဲ့အခါ ​တစ်လ​စွန်းစွန်းမှာပဲ အရှုံး​ပေးခဲ့ရပါတယ်။ အာဖဂန်နစ္စတန်စစ်တပ် ဘာ​ကြောင့် ရုပ်ပျက် ဆင်းပျက်ရှုံးလဲဆိုရင် စစ်တပ်အတွင်းအကျင့်ပျက်ချစားမှု​​တွေ၊ သူရဲ​ဘော​ကြောင်ပြီး ​ခေါင်း​ဆောင်​ကောင်းမရှိတာ၊ စာရွက်​ပေါ်မှာပဲ စစ်သည်အင်အားရှိပြီးတကယ့်​မြေပြင်မှာ မရှိတာ၊ မိမိနိုင်ငံအတွက် စွန့်လွတ်စွန့်စားနဲ့တိုက်ခိုက်လိုစိတ်မရှိတာ​ကြောင့်လို့ နိုင်ငံတကာကစစ်​ရေး ၊နိုင်ငံ​ရေး​လေ့လာသူ​တွေကတစ်ညီတစ်ညွတ်တည်း သုံးသပ်ကြပါတယ်။ မြန်မာနိုင်ငံက အကြမ်းဖက်စစ်တပ်ကလည်း စာရွက်​ပေါ်မှာ စစ်သားသုံးသိန်းဝန်းကျင်ရှိတယ်ဆို​ပေမယ့် ​နေရာစုံတိုက်ပွဲ​တွေဖြစ်လာတဲ့အခါစစ်မှုထမ်း​ဟောင်း​တွေကိုပါပြန်​ခေါ်​ရှေ့တန်းပို့​နေရတာ ၊စစ်သားနည်းနည်း ဗိုလ်ကခပ်များများနဲ့တိုက်တိုင်း​သေ​နေတာ၊ ခံယူချက်မယ်မယ်ရရမရှိဘဲ အကျိုးစီးပွားအဓိကထားတဲ့ အဖွဲ့ပဲဖြစ်​နေပါတယ်။ မင်​အောင်လှိုင်တပ်အဓိက အထိအနာဆုံးက ပြည်သူ​တွေက သူတို့ဘက်မှာလုံးလုံးမရှိ​တော့ဘဲ၊ပြည်သူ​တွေကိုယ်တိုင်က အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချပြီး ဖက်ဒရယ်တပ်မ​တော်​တည်​ထောင်ဖို့ သံဓိဌာန်ချထားတာဖြစ်ပါတယ်။

“အာဖဂန် နစ္စတန်ရဲ့ နိုင်ငံရေ ခေါင်းဆောင်တွေ ကိုယ်တိုင်က အရှုံးပေးပြီး နိုင်ငံကိုစွန့်ခွာ ထွက်ပြေးသွားကြတယ်။ အာဖဂန် စစ်တပ်ကို ကြည့်ပြန်တော့လည်း တစ်ခါတလေ ပြန်တိုက်ဖို့တောင် မကြိုးစားဘဲပျက်စီး ပြိုလဲသွားပြန်တယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ဖြစ်ပေါ် ပြောင်းလဲမှုတွေကို ကြည့်မယ်ဆိုရင် အာဖဂန် နစ္စတန်မှာ အမေရိကန်ရဲ့ စစ်ရေးအရ ပါဝင်ပတ်သက်မှုတွေကို အခုအချိန် ရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက် မှန်ကန်ခဲ့ပါတယ်။ အာဖဂန်စစ်တပ်တွေ ကိုယ်တိုင်က သူတို့အတွက် သူတို့မတိုက်ချင်တဲ့ စစ်ပွဲတစ်ခုမှာ အမေရိကန်စစ်သည်တွေ အနေနဲ့ ဝင်လည်းမတိုက်နိုင်၊ ဝင်လည်း မတိုက်သင့်တော့ပါဘူး”လို့ အမေရိကန်သမ္မတ ဂျိုးဘိုက်ဒန်က အာဖဂန်နစ္စတန် အ​ရေးနဲ့ပတ်သပ်လို့ အ​မေရိကန်ပြည်သူ​တွေကို သြဂုတ် ၁၇ ရက်မှာမိန့်ခွန်း ​ပြောခဲ့ပါတယ်။

အ​မေရိကန်သမ္မတရဲ့မိန့်ခွန်းက​နေ အဓိက​ပေးတဲ့ သတင်းစကားဆိုရင် နိုင်ငံတစ်နိုင်ငံဟာ လွတ်​မြောက်ချင်တယ် ၊​အောင်မြင်ချင်တယ်ဆိုရင် ကိုယ့်အားကိုကိုးရမယ် ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။

လွတ်လပ်မှုနဲ့ ထိုက်တန်တဲ့ ပြည်သူ​တွေဆိုတာထင်ရှားဖို့ ၊အာဏာရူးမင်း​အောင်လှိုင်နဲ့စိတ္တဇလူသတ်စစ်တပ်ရဲ့ ဖိနှိပ်မှု​အောက်မှာ​လည်စင်းအညံခံမယ့် သူ​တွေမဟုတ်ဘူးဆိုတာ ပြည်သူ​တွေက သာဓကပြနိုင်ဖို့ ဒီ​​နွေဦး​တော်လှန်​ရေးမှာ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ (PDF)​တွေ၊​​ဒေသခံတော်လှန်​ရေးတပ်ဖွဲ့​တွေ ၊ ပြည်သူနဲ့ရပ်တည်တဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​တွေ (KIA, KNU, KNPP စ​တဲ့အဖွဲ့​တွေ) နဲ့လက်တွဲပြီးကူညီပြီး၊ ကျရာ​နေရာက တာဝန်ထမ်းပြီးသတ္တိပြကြရ​ပါမယ်။

လက်နက်အားကိုးနဲအနိုင်ကျင့်ခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ဖြုတ်ချဖို့အတွက် အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)၊ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ ( PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့​​တွေအ​နေနဲ့လည်း ​​တွေ​ဝေ တုံ့ဆိုင်းမှုမရှိဘဲ ယုံကြည်ချက်အပြည့်နဲ့ အမှန်တရားအတွက် တိုက်ပွဲ​စချိန်တန်ပါပြီ။

ပြည်သူ​တွေကလည်း ​စောင့်​မျှော်​နေကြပါပြီ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။