သတင်း မြဝတီ၊ ကော့ကရိတ်၊ ရွှေကုက္ကိုလ်တို့တွင် စစ်ရေးတင်းမာနေပြီး ထိုင်းဘက်သို့ထွက်ပြေးရသည့်စစ်ဘေးရှောင်တိုးလာနေ ကော့ကရိတ်မြို့၊ ခနိမ်းမူ တံတားဦးအနီးတစ်ဝိုက်၌ ယနေ့ ဧပြီလ(၆)ရက်နေ့ နံနက်(၆)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး မွန်းလွဲပိုင်းအထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ နှစ်ဖက်ထိခိုက်မှုများရှိနေသည်ဟု နယ်မြေခံသတင်းရင်းမြစ်များက ပြောသည်။ LuduNwayOoဧပြီ 6, 2023
သတင်း KNU နယ်မြေ ခရိုင် ၃ ခုအတွင်း စစ်ဘေးရှောင်များရှင်သန်နေထိုင်ရေး လိုအပ်ချက်များရှိနေ ဒူးသထူခရိုင် တပ်မဟာ(၁)၊ ခလယ်လွီထူခရိုင် တပ်မဟာ(၃)နှင့် မူတြော်ခရိုင် တပ်မဟာ(၅)တွင် ဖေဖေါ်ဝါရီလနှင့် မတ်လအတွင်း အရပ်သားပြည်သူ (၅)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၁)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ ပြောခွင့်ရသူ စောနန္ဒဆူးက ဆိုသည်။ LuduNwayOoမတ် 20, 2023
သတင်း ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)ညပိုင်းက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ဘေးရှောင်နေထိုင်ရာသို့ စစ်ကောင်စီတပ်မှ ည ၈နာရီခန့်တွင် လက်နက်ကြီးအဆက်မပြတ် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 28, 2023
သတင်း စစ်ဘေးရှောင်တွေအတွက်အရေးကြီးလိုအပ်ချက်တွေကို KNU ပြောခွင့်ရသူ ပြော ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်ပြည်သူများ၏ လိုအပ်ချက်များအတွက် ကေအဲန်ယူခရိုင်အသီးသီးရှိ တာဝန်ရှိသူများက အစွမ်းကုန်စီစဉ်ဆောင်ရွက်ပေးနေသည်ဟု ကေအဲန်ယူ-ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 20, 2023
သတင်း ယင်းမာပင်တွင် စစ်ကောင်စီတပ်က စစ်ဘေးရှောင် ယာယီနေအိမ်များအား မီးရှို့ဖျက်ဆီး အဆိုပါ စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီ ၁၃ရက် ကလည်း ယင်းမာပင်မြို့နယ် ရေထွက်ရိုးတောတိုက်သို့ရောက်ရှိလာပြီး လူနေအိမ်၈လုံး၊ရေစက်နှင့်ဆိုင်ကယ်များ၊ ကျောင်းစာသင်ဆောင် လေးဆောင် ကို မီးရှို့ဖျက်ဆီးသွားကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေး ထုတ်ပြန်ထားသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း ကရင် ထိကပလယ်ဒေသအတွင်း လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံအများအပြား စစ်ဘေးရှောင် စုကလိမြို့အနီးရှိ ထိကပလယ်ကျေးရွာအတွင်း၌ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၈) ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ဖေဖေါ်ဝါရီလ(၈)ရက်ကစ၍ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေကြောင်းပစ်ကူအသုံးပြုပြီး တိုက်ခိုက်လျက်ရှိသည်။ LuduNwayOoဖေဖော်ဝါရီ 15, 2023
သတင်း ဒီးမောဆိုမြို့နယ်အရှေ့ဘက် စစ်ရေးပြင်းထန်နေပြီး စစ်ဘေးရှောင်များအရေးပေါ်ပြောင်းရွှေ့ စစ်ကောင်စီဘက်က ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီးများမှာ စစ်ရှောင်စခန်းများအနီးသို့ ကျရောက်လာခြင်းကြောင့် အရေးပေါ်ပြောင်းရွှေ့နေရသည်ဟု ဆိုသည်။ LuduNwayOoဇန်နဝါရီ 26, 2023
သတင်း စစ်ဘေးရှောင်များရှိရာနေရာကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်သဖြင့် စစ်ရှောင်ပြည်သူ တစ်ဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရဟု မိုးဗြဲ PDF ပြော သေဆုံးသွားသူမှာ အသက်(၃၃)နှစ်ရှိ ဒေါ်မူလင်း ဖြစ်ပြီး ကောင်းဆောင်ရွာသို့ စစ်ဘေးရှောင်ရန် လာရောက်နေထိုင်သူ ဖြစ်သည်။ LuduNwayOoဇန်နဝါရီ 17, 2023
သတင်း မြောင်မြို့နယ်တွင် စစ်ဘေးရှောင်စခန်းများသို့ စားနပ်ရိက္ခာများသွားရောက်ပေးပို့သည့် PDF များကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်ခတ် ယမန်နေ့( ဒီဇင်ဘာ ၂၇ရက်)ကလည်း ရေစကြိုနှင့်မြောက်မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများနှင့်အသုံးအဆောင်ပစ္စည်းများကို မြောင်လူငယ်ကွန်ယက် YFC၊ CDSOM၊ Pdf - Taloke ၊ မြင်းမူ CRF တို့က သွားရောက်လှူဒါန်းခဲ့ကြသည်။ LuduNwayOoဒီဇင်ဘာ 28, 2022
သတင်း ဖယ်ခုံဒေသရှိ စစ်ဘေးရှောင်များခိုလှုံရာကျေးရွာများအတွင် စစ်ကောင်စီ တိုက်လေယာဥ်ပျံဝဲနေ၍ ပြည်သူများသတိစွာနေထိုင်ရန် မိုးဗြဲ PDF သတိပေး ယနေ့(ဒီဇင်ဘာ ၂၃ ရက်)နေ့လယ် ၁၂နာရီအချိန်တွင် စစ်ကောင်စီလေတပ်မှ တိုက်လေယဥ်တစ်စင်းပျံဝဲနေသည်ကို တွေ့ရှိရခြင်းဟု ဆိုသည်။ LuduNwayOoဒီဇင်ဘာ 23, 2022