Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်တွင် စစ်ဘေးရှောင်ပြည်သူများ ဖျားနာမှုဖြစ်ပွားနေ

ဝက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က သုံးဆင့်ကန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးလာရသော ပြည်သူများမှာ တုပ်ကွေးမိ၍ ဖျားနာကိုက်ခဲခြင်းများ ဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

(စစ်ရှောင်ပြည်သူများအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ- ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(စစ်ရှောင်ပြည်သူများအား ဆေးဝါးကုသမှုပေးနေစဥ်။ ဓာတ်ပုံ- ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်ရန်ကြောင့် ထွက်ပြေးနေရသော ပြည်သူများ ဖျားနာမှုများ ဖြစ်ပွားနေ၍ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ဝက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က သုံးဆင့်ကန်ကျေးရွာ မီးရှို့ဖျက်ဆီးခံရ၍ ထွက်ပြေးလာရသော ပြည်သူများမှာ တုပ်ကွေးမိ၍ ဖျားနာကိုက်ခဲခြင်းများ ဖြစ်ပွားနေကြောင်း ဒေသတွင်း စစ်ရှောင်ကူညီနေသူများက ပြောသည်။

အဆိုပါပြည်သူများအနက် ၅၂ ဦးအား ယနေ့ (ဇူလိုင် ၁၆ ရက်)တွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။

Public Service Announcement
Public Service Announcement

“လွန်ခဲ့တဲ့ တစ်ပတ်က မိုးရေတွေထဲ စစ်ရှောင်ရတော့ ကလေးလူကြီးအားလုံး တုပ်ကွေးမိပြီးဖျားနေကြပါတယ်။”ဟု ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဆေးဝါးများ အလုံအလောက်မရှိသည့်အပြင် ရိက္ခာ၊အမိုးအကာ၊စသည့် အခြေခံလိုအပ်ချက်များ ရှိနေ၍ အကူအညီများပေးစေလိုကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက မေတ္တာရပ်ခံထားသည်။

မြန်မာပြည်တွင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူအရေအတွက် ၁.၈ သန်းကျော် (၁,၈၅၁,၇၀၀)အထိရှိနေပြီး စစ်ကိုင်းတိုင်းတွင် နေရပ်စွန့်ခွာသူအရေအတွက် ၇၆၅,၂၀၀ ဦးဖြင့် အများဆုံးဖြစ်ကြောင်း ဇွန်လကုန်ပိုင်းကထုတ်ပြန်သည့် ကုလသမဂ္ဂဒုက္ခသည်များအေဂျင်စီ UNHCR ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဘေးရှောင်တွေ ရှိတဲ့ နေရာတွေကို စစ်တပ်က လက်နက်ကြီး၊ဒရုန်း နဲ့ လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့ လက်ပံတန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာ၀န်ရှိသူက ပြောပါတယ်။

ဆောင်းပါး

မြိုင်မြို့နယ်အနောက်ပိုင်းမှာ စစ်ရှောင်ရင်းနဲ့ ကျန်နေခဲ့တဲ့ နွားကလေးနှစ်ကောင်ဟာ တစ်လနီးပါးအကြာမှာသခင်နဲ့ ပြန်ဆုံခဲ့ကြပါတယ်။

Facebook