Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိလာ

စစ်ဘေးရှောင်ပြည်သူအများဆုံးရှိတဲ့မြို့နယ်တွေကတော့ လောင်းလုံးမြို့နယ် နဲ့ ပုလောမြို့နယ်တို့ ဖြစ်တယ်လို့သိရပါတယ်။

မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိလာ
မြန်မာပြည်တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ စစ်ဘေးရှောင် ၃၀,၀၀၀ ကျော်ရှိလာ

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာပြည်တောင်ဘက်စွန်း တနင်္သာတိုင်းမှာ ပြီးခဲ့တဲ့ မေလကုန်ထိ စစ်ဘေးရှောင်ပြည်သူ ဦးရေ ၃၀,၀၀၀ ကျော်ရှိလာပါပြီ။

မေလထဲမှာ တနင်္သာရီတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု အားကောင်းလာသလို စစ်ကောင်စီဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိလာပြီးနောက် စစ်ရှောင်ဦးရေဟာ လျော့ကျသွားတာမရှိဘူးလို့ ဒေါနတနင်္သာရီ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ကဆိုပါတယ်။

တနင်္သာရီတိုင်းမှာ မြို့နယ် ၁၀ မြို့ရှိတဲ့အနက် မြို့နယ် ၆ ခုမှာ စစ်ဘေးရှောင်ရတဲ့ပြည်သူတွေ ရှိလာတာပါ။

အဲဒီမြို့နယ်တွေကတော့ လောင်းလုံးမြို့နယ် ၊သရက်ချောင်းမြို့နယ် ၊ ပုလောမြို့နယ် ၊ ရေဖြူမြို့နယ် ၊ ထားဝယ်မြို့နယ် ၊ တနင်္သာရီမြို့နယ်တို့ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ဘေးရှောင်ပြည်သူအများဆုံးရှိတဲ့မြို့နယ်တွေကတော့ လောင်းလုံးမြို့နယ် နဲ့ ပုလောမြို့နယ်တို့ ဖြစ်တယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း လူသားချင်းစာနာထောက်ထားရေး၊ ပညာရေး လုပ်ငန်းများ ဆောင်ရွက်နေတဲ့ လူငယ် ၃ဦးကို စစ်တပ်က ဖမ်းဆီးပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့တာ ကြားသိရတဲ့အပေါ် ဝမ်းနည်းကြေကွဲကြောင်း ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။