သတင်း စဥ့်ကူးနယ်တွင် စစ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်စီးထိဟု PDFပြော မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိ ခူလယ်ကျေးရွာ ဝင်ရောက်ကာ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။ LuduNwayOoမတ် 31, 2023
သတင်း အစီးရေ (၅၀)နီးပါးပါသော စစ်ယာဥ်တန်းကို သပိတ်ကျင်းနှင့် ထီးချိုင့်နယ်များသို့ ဖြတ်သန်းစဥ် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက် ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်းမောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန် နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။ LuduNwayOoမတ် 11, 2023
သတင်း ရေး – ထားဝယ်လမ်းပိုင်း မောင်မယ်ရှောင်တံတားအနီး စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ထိခိုက်မှုရှိဟုဆို "ရှေ့ကားမိုင်းဆွဲပြီး ရပ်ကျန်ခဲ့တဲ့ ကားကို ရှေ့ထွက်မိုင်း ၂ လုံးနဲ့ ထပ်ဆွဲပါတယ်။ ကျဆုံး များနိုင်တယ်ခင်ဗျ"ဟု တိုက်ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoအောက်တိုဘာ 11, 2022
သတင်း စစ်ကောင်စီ၏ ကားအစီးရေ ၁၀၀ကျော်ပါစစ်ယာဥ်တန်း ကျောက်ထုမှ ပခုက္ကူဘက်သို့ ပြန်သွား ချင်းပြည်နယ် မင်းတပ်မြို့သို့ ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့ဆောင်ပြီး ပြန်လာသည့် စစ်ယာဉ်တန်းသည် ကျောက်ထု၌ ညအိပ်ရပ်နားပြီးနောက် ယနေ့(ဇူလိုင် ၂၄ရက်) နံနက် ၁၁နာရီခန့်တွင် ကျောက်ထုမှ ပခုက္ကူမြို့ ဘက်သို့ပြန်သွားခြင်းဖြစ်သည်ဟု ဆိုသည်။ LuduNwayOoဇူလိုင် 24, 2022
News ဗိုလ်မှူးချုပ်ကံမြင့်သန်း ခရီးစဥ်ကြိုထောက်စစ်ယာဥ်တန်းအား ကြားဖြတ်တိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးဟု PRAပြော ကြားဖြတ်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီမှ ကားနှစ်စီးပျက်စီးကာ သေဆုံးသူ အရေအတွက် စိစစ်နေဆဲဖြစ်ပြီး စစ်ကောင်စီတပ်သားလေးဦးမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည် LuduNwayOoဧပြီ 27, 2022
News ပုလဲမြို့နယ်တွင် ပျူစောထီးသင်တန်းမှပြန်လာသော စစ်ယာဥ်တန်း တိုက်ခိုက်ခံရ ထိုတိုက်ခိုက်မှုကို ယနေ့နေ့လယ် ၁နာရီခွဲက မင်းတိုင်ပင်ရွာအရှေ့ဘက်၌ ပုလဲပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဌာနချုပ်အဖွဲ့သားများက တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoမတ် 23, 2022
News စစ်ယာဥ်တန်းမိုင်းဆွဲတိုက်ခိုက်မှုတွင် ပြည်သူများလိုက်ပါလာသည့်ကားထိခိုက်မိ၍ ပြောက်ကျားတပ်ဖွဲ့များ တောင်းပန် ပြည်သူ့တပ်ဖွဲ့များဖြစ်သည့်အတွက် စစ်ဆင်ရေးတိုင်း၌ ပြည်သူလူထုမထိခိုက်ရေးသည်သာ အဓိကဖြစ်ပြီး ယခုဖြစ်စဥ်အတွက် တောင်းပန်သည်ဟုလည်း သပြေညို ပြောက်ကျားတပ်ဖွဲ့က အသိပေးသည်။ LuduNwayOoမတ် 16, 2022
News နှစ်ခြောက်လုံးအကြိုအဖြစ် မြောက်ဒဂုံရှိ စစ်ယာဥ်တန်းကို DRF တိုက်ခိုက် DRF နှင့် The Boys LPDFတို့ပူးပေါင်း၍ ၇/၈ လမ်းဆုံအနီးရှိ ကမ္ဘာ့ရတနာဘဏ်ရှေ့ ပြည်ထောင်စုလမ်းမကြီး၏ လမ်းလယ်ကျွန်း၌ အဝေးထိန်မိုင်းများဆင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 22, 2022
News ခင်ဦးမြို့နယ် ညောင်ပင်ကြီးစုရဲစခန်းမီးရှို့ခံရ၊စစ်ကူလာသောစစ်ယာဥ်တန်းပါ မိုင်းဆွဲခံရ "မိုင်းမထိတဲ့သုံးစီးကတော့ ခင်ဦးဘက်ပြန်လှည့်ထားတယ်။ ရမ်းသမ်းပစ်နေတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoနိုဝင်ဘာ 17, 2021
ဗီဒီယို စစ်ကိုင်းဘက်သို့လာသည့် စစ်ယာဥ်တန်းကို မိုင်းပဒေသာဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၁၂ဦး သေဆုံးနိုင်ဟု Black Eagle Defence Force ထုတ်ပြန် အဆိုပါမိုင်းဆွဲတိုက်ခိုက်မှု ဗီဒီယိုဖိုင်အတိုကို ယနေ့ညနေတွင်ထုတ်ပြန်သည်။မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကား နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၁၂ဦး သေဆုံးနိုင်ဖွယ်ရှိရာ ယာဥ်တန်းပါ စစ်ကား ၁၃ စီးအနက် ရှစ်စီးသာ စစ်ကိုင်းဘက်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။ LuduNwayOoအောက်တိုဘာ 27, 2021