Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

စစ်ကိုင်းဘက်သို့လာသည့် စစ်ယာဥ်တန်းကို မိုင်းပ​ဒေသာဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၁၂ဦး ​သေဆုံးနိုင်​ဟု Black Eagle Defence Force ထုတ်ပြန်

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှု ဗီဒီယိုဖိုင်အတိုကို ယ​နေ့ည​နေတွင်ထုတ်ပြန်သည်။မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကား နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၁၂‌ဦး သေဆုံးနိုင်ဖွယ်ရှိရာ ယာဥ်တန်းပါ စစ်ကား ၁၃ စီးအနက် ရှစ်စီးသာ စစ်ကိုင်းဘက်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ဦးတည်လာသည့် အကြမ်း ဖက်စစ်ကောင်စီယာဥ်တန်းကို ယနေ့(​အောက်တိုဘာ၂၇) နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force (MMU)က ထုတ်ပြန်သည်။

စစ်ကားအစီးရေ ၁၃စီးပါရှိသော စစ်ကောင်စီယာဥ်တန်းကို နံနက် ၆ နာရီခန့်က မြင်းမူမြို့နယ် ဂွေးပင်တော ကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားတွင် Black Eagle Defence Force (MMU)က ဦးဆောင်၍ Local PDF ညီနောင်များမှ မိုင်းပဒေသာ ရှစ်လုံးဖြင့် ကနဦးမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ထိုကားတန်းမှလွတ်မြောက်လာသော ယာဥ်တန်းအား အလ္လက္ကပ္ပ ကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်း ​လေးလုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှု ဗီဒီယိုဖိုင်အတိုကို ယ​နေ့ည​နေတွင်ထုတ်ပြန်သည်။မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကား နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၁၂‌ဦး သေဆုံးနိုင်ဖွယ်ရှိရာ ယာဥ်တန်းပါ စစ်ကား ၁၃ စီးအနက် ရှစ်စီးသာ စစ်ကိုင်းဘက်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့ မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း PDF ညီနောင်များဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း Black Eagle Defence Force (MMU)က ဆိုသည်။စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီယာဥ်တန်းများ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အထိအခိုက်အသေအဆုံးများလျှက်ရှိနေပြီး မဟာမိတ်စစ်ဆင်ရေးအဖြစ် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။