Connect with us

Hi, what are you looking for?

ဗီဒီယို

စစ်ကိုင်းဘက်သို့လာသည့် စစ်ယာဥ်တန်းကို မိုင်းပ​ဒေသာဖြင့် မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား၁၂ဦး ​သေဆုံးနိုင်​ဟု Black Eagle Defence Force ထုတ်ပြန်

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှု ဗီဒီယိုဖိုင်အတိုကို ယ​နေ့ည​နေတွင်ထုတ်ပြန်သည်။မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကား နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၁၂‌ဦး သေဆုံးနိုင်ဖွယ်ရှိရာ ယာဥ်တန်းပါ စစ်ကား ၁၃ စီးအနက် ရှစ်စီးသာ စစ်ကိုင်းဘက်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

မုံရွာမြို့မှ စစ်ကိုင်းဘက်သို့ဦးတည်လာသည့် အကြမ်း ဖက်စစ်ကောင်စီယာဥ်တန်းကို ယနေ့(​အောက်တိုဘာ၂၇) နံနက်ပိုင်းတွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Black Eagle Defence Force (MMU)က ထုတ်ပြန်သည်။

စစ်ကားအစီးရေ ၁၃စီးပါရှိသော စစ်ကောင်စီယာဥ်တန်းကို နံနက် ၆ နာရီခန့်က မြင်းမူမြို့နယ် ဂွေးပင်တော ကျေးရွာနှင့် ဘိုးမင်းကြီးကင်းကျေးရွာ အကြားတွင် Black Eagle Defence Force (MMU)က ဦးဆောင်၍ Local PDF ညီနောင်များမှ မိုင်းပဒေသာ ရှစ်လုံးဖြင့် ကနဦးမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ထိုကားတန်းမှလွတ်မြောက်လာသော ယာဥ်တန်းအား အလ္လက္ကပ္ပ ကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် ပဒေသာမိုင်း ​လေးလုံးတွဲဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှု ဗီဒီယိုဖိုင်အတိုကို ယ​နေ့ည​နေတွင်ထုတ်ပြန်သည်။မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကား နှစ်စီးပျက်စီးခဲ့ပြီး စစ်သား ၁၂‌ဦး သေဆုံးနိုင်ဖွယ်ရှိရာ ယာဥ်တန်းပါ စစ်ကား ၁၃ စီးအနက် ရှစ်စီးသာ စစ်ကိုင်းဘက်သို့ ထွက်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ယနေ့ မိုင်းခွဲတိုက်ခိုက်မှုဖြစ်စဥ်အတွင်း PDF ညီနောင်များဘက်မှ ထိခိုက် ကျဆုံးမှုမရှိကြောင်း Black Eagle Defence Force (MMU)က ဆိုသည်။စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီယာဥ်တန်းများ မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် အထိအခိုက်အသေအဆုံးများလျှက်ရှိနေပြီး မဟာမိတ်စစ်ဆင်ရေးအဖြစ် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်ကောင်စီယာဥ်တန်းအတွက် လုံခြုံရေးယူပေးနေတဲ့ စစ်သားတွေ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေရှိခဲ့ကြောင်း လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။