Connect with us

Hi, what are you looking for?

သတင်း

စဥ့်ကူးနယ်တွင် စစ်ယာဥ်တန်းအား မိုင်းဆွဲတိုက်ခိုက်ရာ နှစ်စီးထိဟု PDFပြော

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိ ခူလယ်ကျေးရွာ ဝင်ရောက်ကာ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

(အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို ဖြိုခွင်းရန် စစ်ထရပ်ကားများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်ကို တောင်ငူမြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၈ က တွေ့ရစဉ်။ ဓာတ်ပုံ-CJ)
(အာဏာသိမ်းပြီးနောက် ဆန္ဒပြသူများကို ဖြိုခွင်းရန် စစ်ထရပ်ကားများဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာသည်ကို တောင်ငူမြို့၌ ၂၀၂၁ ဖေဖော်ဝါရီ ၂၈ က တွေ့ရစဉ်။ ဓာတ်ပုံ-CJ)

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် သတင်းကြိုရခြင်းမရှိဘဲ ရုတ်တရတ်ဖြတ်သန်းလာသည့် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက်ခို​က်ရာ နောက်ဆုံးယာဥ်နှစ်စီးမိုင်းထိပြီး သုံးဦးသေဆုံးကြောင်း ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်​ဒေါင်းမင်းက ပြောသည်။

ယနေ့ (မတ်လ ၃ဝရက်) နံနက် ၁၁နာရီကျော်က စဥ့်ကူးမြို့နယ် ပင်လယ်ကြီးဂိတ်ဘက်မှ မောင်းလာသော ခုနစ်စီးပါယာဥ်တန်းအား စဥ့်ကူးမြို့နယ် ခူလယ်ကျေးရွာ(ရွာထိပ်)တံတားအနီးတွင် ပဒေသာမိုင်း ၁၀လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိကြောင်း စဥ့်ကူး(ပကဖ) လက်အောက်ခံ ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်​ဒေါင်းမင်းက ပြောကြားသည်။

“ခုနစ်စီးပါယာဥ်တန်းကားဗျ။ ကင်းပုန်းချဖို့အင်အားသွားဖြည့်မယ့်ကားတွေကို ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ အင်အားစုစုပေါင်း ၁၀၀ နီးပါးလောက်ပါတယ်။ ခုနစ်စီးမှာ နောက်ဆုံး နှစ်စီးမိတယ်။ ကျွန်တော်တို့က ကားလာတာမသိဘူး။ သတင်းလည်းမရဘူး။ ကားက အပျောက်လာတာ။ ပွိုင့်နားရောက်ခါမှသတင်းရတာ။ ကျော်ကျော်ဆွဲဆွဲ ဆွဲလိုက်တဲ့အချိန်မှာ နှစ်စီးကျန်တဲ့အချိန်မိလိုက်တာ။”ဟု ဗိုလ်ဒေါင်းမင်းက ဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က အနီးရှိ ခူလယ်ကျေးရွာ ဝင်ရောက်ကာ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက ရွာကိုမီးရှို့မည်ဟု ခြိမ်းခြောက်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စဥ့်ကူး – ကျောက်မြောင်းလမ်းပိုင်းအား ပြည်သူများသတိပြုသွားလာကြရန်နှင့် စစ်ကောင်စီတပ်နှင့်ပျူ ယာဥ်များနှင့်ဝေးရာက မောင်းနှင်ကြလည်းရန်လည်း ဥဒေါင်းမင်းပြောက်ကျားတပ်ဖွဲ့က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။