Connect with us

Hi, what are you looking for?

သတင်း

အစီးရေ (၅၀)နီးပါးပါသော စစ်ယာဥ်တန်းကို သပိတ်ကျင်းနှင့် ထီးချိုင့်နယ်များသို့ ဖြတ်သန်းစဥ် တော်လှန်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်းမောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန် နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

(တ​ကောင်းပကဖ မှတပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-ပကဖတ​ကောင်း)
(တ​ကောင်းပကဖ မှတပ်ဖွဲ့ဝင်များ။ ။ဓါတ်ပုံ-ပကဖတ​ကောင်း)

▪︎ကားလေးစီးပြန်လှည့်သွားပြီး အထိအခိုက်များနိုင်ဟုဆို

မတ္တရာမြို့နယ်ဘက်မှထွက်လာသောအစီးရေ ၅၀ ခန့်ပါ စစ်ကောင်စီတပ်ယာဥ်တန်းကို ၎င်းယာဥ်တန်းဖြတ်သန်းသွားသည့် သပိတ်ကျင်းနှင့် ထီးချိုင့်နယ်များတွင် တော်လှန်ရေးတပ်ဖွဲ့များကပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိသည်။

ယမန်နေ့ မတ် ၁၀ ရက်နေ့လယ် ၁၂ နာရီခန့်တွင် သပိတ်ကျင်းနယ်သို့ ကားအစီး​ရေ၄၉ စီးပါ စစ်ယာဥ်တန်းဖြတ်သန်းသွားရာ တကောင်းတိုက်နယ် တကောင်းလမ်းဆုံ၊ကျွဲလူးကန်အနီးတွင်ရှေ့ပြေးယာဥ်သုံးစီးအား တကောင်း‌တိုက်နယ် ပ.က.ဖ နှင့် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းပြီး ရှေ့ထွက်မိုင်းလေးလုံး၊ မိုင်းငါးလုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့သည်ဟုတကောင်း ပ.က.ဖ ကပြောသည်။

ထို့နောက်အထိနာသွားသောစစ်ကောင်စီတပ်ယာဥ်တန်းသည် ရှေ့သို့ဆက်လက်မောင်းနှင်သွားရာတကောင်း (၆)မိုင်၊ နောင်လုံသံတံတားအနီးတွင် မိုင်းသုံးလုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟုသိရသည်။

Public Service Announcement
Public Service Announcement

အပြန်အလှန်ပစ်ခက်ပြီးနောက်သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများအားတင်ဆောင်၍ နောက်ကြောင်းပြန်သွားသော ကားလေးစီးမှအပ ကျန်ကားများ ရှေ့ ဆက်သွားရာ အင်ပျံကျေးရွာအနီးတွင် မိုင်းငါးလုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း တကောင်း ပ.က.ဖ မှတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

“၄၅ စီးဖြစ်မှာဗျ။ ရှေ့ကိုဆက်သွားတာက။ ဘာကြောင့်ဆို၄ စီးက လူနာတွေတင်ပြီး ပြန်ဆင်းသွားတာဆိုတော့”ဟု တကောင်း ပ.က.ဖ မှတာဝန်ရှသူက People’s Spring သို့ ပြောသည်။

တိုက်ခိုက်မှုသုံးကြိမ်တွင် စစ်ကောင်စီတပ်ဘက်မှ ၂၀ ဦးခန့်သေဆုံးနိုင်ကြောင်း ဒေသခံပြည်သူများထံမှတဆင့် အတည်ပြုနိုင်ခဲ့ပြီး သုံးကြိမ်လုံးတွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရစပ်ပြန်ပစ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိခဲ့ဟုအထက် ပါတာဝန်ရှိသူကဆိုသည်။

အဆိုပါ စစ်ယာဥ်တန်းသည် ထီးချိုင့် – ကသာလမ်းပိုင်းအတိုင်းဆက်လက်မောင်းနှင်ရာ ထီးချိုင့်နယ်ထဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သုံးနေရာခွဲ၍ မိုင်းဆွဲ၍ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်ကြောင်း အထိနာခဲ့ကြောင်း ဒေသခံများကပြောသည်။

ထီးချိုင့်-ကသာလမ်းပိုင်းကျောက်ကြမ်းလမ်းအတိုင်းမောင်းနှင်လာသည့် စစ်ကောင်စီယာဉ်တန်းကို ယမန် နေ့(မတ်လ ၁၀ရက်)ညနေတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်သည်။

“ဇီးကုန်းရွာရွာတောင်ကျော်မှာ တစ်ခါ၊ မဲဟင်းရွာနဲ့နန့်အင်းရွာကြားမှာ တစ်ခါ၊ အဲ့ဒီရှေ့နားမှာတစ်ခါ မိုင်းဆွဲတာ။ ထိခိုက်မှု ရှိပေမယ့် ဒီကောင်တွေက အကုန်ကိစ္စဖျောက်သွားတာမို့ အတိအကျမပြောနိုင်ပါဘူး” ဟု ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်ကောင်စီစစ်တပ်သည် ထီးချိင့်မြို့နယ်အတွင်းမြေပြင်မှစစ်ကြောင်းထိုးနေသလို ကသာနယ်ဘက်ကိုလည်း အင်းအားအများအပြားဖြည့်တင်းနေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ထောက်ပို့ရဲဘော်များကပြောသည်။

ထီးချိုင့်နယ်မှထွက်ခွာသွားသော စစ်ကောင်စီယာဉ်တန်းသည် ယနေ့( မတ်လ ၁၁ရက်) နေ့လည်တွင် ကသာမြို့နယ်ညောင်ခြေထောက်ရွာသို့ရောက်ရှိနေကြောင်းသတင်းရရှိသည်။

ကသာနှင့် ထီးချိုင့်နယ်စပ်တွင်လည်း ယခုရက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်ကလည်း ကသာနယ် ညောင်ခြေထောက်ရွာတွင် KIA နှင့် ကသာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း(၁)ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီတပ်ကို တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံးပြီး ၂၀ ဦးထက်မနည်းဒဏ်ရာရသွားသည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊တွင်းငယ်ရွာမှာ စစ်တပ်ကစစ်မှုထမ်းသင်တန်းကျောင်း ဖွင့်ဖို့ပြင်ဆင်နေပြီး လူငယ် တွေကို ပေါ်တာဆွဲဖမ်းဆီးမှုတွေပိုလုပ်နေတယ်လို့ ဒေသခံနဲ့စစ်ရေးသတင်းအရင်းမြစ်တချို့ကပြောပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook