သတင်း မြိတ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်း "ပစ်တာက ၄ ချက်ပါ။ တစ်ချက်က ပစ်တဲ့အချိန်မှာ ထွက်ပြေးတော့ နဘေးမှာရပ်ထားတဲ့ ကားမှာထိတယ်လို့သိရတယ်။ နှစ်ချက်ကကိုယ်မှာပေါ့။ ကျန်တစ်ချက်ကခါးမှာထိတာပါ"ဟု မြိတ်(ပကဖ)မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း မုံရွာမြို့တွင် စစ်ကောင်စီတပ်ကထုတ်ပြန်သည့် အမျိုးသားနှစ်ဦး ဆိုင်ကယ် မစီးရ ကြေညာချက်ကို မီးရှို့ ပြီးခဲ့သည့် ၂၀၂၁ နိုဝင်ဘာအတွင်းကစတင်ကာ အကြမ်းဖက် စစ်ကောင်စီက မုံရွာမြို့ပေါ်တွင် ဆိုင်ကယ်တစ်စီး၌ အမျိုးသား နှစ်ဦးမစီးရဟုဆိုကာ ကြေညာချက်အား ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ဒီးမော့ဆိုမြို့မရဲစခန်းအနီးကင်းလှည့်နေသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဟု PDF ပြော ပူးပေါင်းတပ်ဖွဲ့သည်ထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့ နှစ်ဦးကို လည်းသုတ်သင်နိုင်ခဲ့ပြီး တစ်ဦးမှာထိခိုက်ဒဏ်ရာ ရရှိအောင်ပြုလုပ်နိုင်ခဲ့ကြောင်း မြေပြင်သတင်း အရ DMO-Local PDFက အတည်ပြုသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း မူးမြစ်နံဘေးရှိရွာများကို အကြမ်းဖက်စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးနေ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီးခံရသူများလည်းရှိ ကြောင်း၊ ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်း၌ ဖမ်းဆီးခံထားရသူ ၆၀ခန့်မှ လေးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက အသိပေးသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ကန့်ဘလူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက် မြေပြင်ရဲဘော်မှ သတင်းပေးပို့ချက်အရ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံး ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု Kawlin Revolution က ထုတ်ပြန်ထားသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း သစ်ပုတ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၄ဦးသေဆုံးပြီး သေနတ် ၂ လက်ကိုPDFများသိမ်းဆည်းရရှိ စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့ကြောင်းဖော်ပြထားသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ကွတ်ခိုင်နှင့် နမ့်ဖက်ကာအကြား KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ် ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း အင်းတော်နယ်မှ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို KIA/PDF တပ်ဖွဲ့များ ပစ်ခတ်ဖမ်းဆီး စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ရှိ KTV တစ်ခုတွင် စစ်ကောင်စီတပ်သား နှစ်ဦးကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု Indaw Revolutionက ဖော်ပြသည်။ LuduNwayOoဇူလိုင် 28, 2022
သတင်း ရေစကြိုတွင် စစ်ကောင်စီတပ်၏ ယာဥ်တစ်စီး မိုင်းခွဲတိုက်ခိုက်ခံရပြီး နှစ်ဦးသေ အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ Yesagyo PDFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပေ။ စစ်ကောင်စီတပ်၏ သေဆုံးထိခိုက်မှု အခြေအနေနှင့် ပတ်သက်၍ People's Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။ LuduNwayOoဇူလိုင် 28, 2022
သတင်း ခင်ဦးမြို့နယ် လက်ပံလှကျေးရွာတွင် စစ်ကောင်စီတပ်က နေအိမ်၂၀ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံ ငါးဦးအားသတ်ဖြတ် ယခုရက်ပိုင်းအတွင်း ခင်ဦးမြို့နယ်၌ အကြမ်းဖက်စစ်တပ်သည် ကျေးရွာများ အား နေ့စဥ်စစ်ကြောင်းထိုးနေပြီး ပြည်သူထောင်ချီထွက်ပြေး တိမ်းရှောင်နေရ ကာ အကူအညီများ လိုအပ်နေသည်။ LuduNwayOoဇူလိုင် 28, 2022