Connect with us

Hi, what are you looking for?

သတင်း

ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ် ကျူးကျော်တပ်စွဲထားသည်မှာ (၄)လပြည့်ပြီဖြစ်ပြီး ဒေသခံလူဦးရေသုံးပုံနှစ်ပုံမှာ နေရပ်စွန့်ခွာတိမ်းရှောင် နေရဆဲဟု ပကဖထုတ်ပြန်

လေးလတာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှု၊ ယုတ်မာမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့သလို ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ နေအိမ်ရာပေါင်းများစွာလည်း မီးရှို့ဖျက်ဆီးခံထားရသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

(ကိုးတောင်ဘို့ဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်)
(ကိုးတောင်ဘို့ဒေသရှိ ကျေးရွာများကို အကြမ်းဖက် စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်)

ကိုးတောင်ဘို့ဒေသတွင် စစ်ကောင်စီတပ် ကျူးကျော်တပ်စွဲထားသည်မှာ (၄)လပြည့်ခဲ့ပြီဖြစ်ပြီး ဒေသခံလူဦးရေ သုံးပုံနှစ်ပုံမှာ နေရပ်စွန့်ခွာတိမ်းရှောင် နေရဆဲဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့အပြင် လူထုတော်လှန်ရေး အရှိန်အဟုန်ကောင်းတစ်ခုကို ရောက်နေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့် အားမလျှော့ပဲ စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန် ကြရန် တိုက်တွန်းထားသည်။

စစ်ကိုင်းတိုင်း​သေကြီး ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့​ဒေသသည် စစ်အာဏာ ရှင်တော်လှန်ရေး အားကောင်းပြီး စစ်ကောင်စီက အင်းအားသုံးတိုက်ခိုက်နေ သည့် ဒေသလည်း ဖြစ်သည်။

ယနေ့(ဇူလိုင် ၂၉ရက်)သည် ကိုးတောင်ဘို့ဒေသသို့ စစ်ကောင်စီတပ် လာရောက် တပ်စွဲသည့် လေးလပြည့်နေ့ဖြစ်သည်။ ထို့ကြောင့် ကိုးတောင်ဘို့ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ကဒေသတွင်း လက်ရှိအခြေအနေကို လူထုအား အသိပေးချက်ထုတ်ပြန်ထားပြီး တစ်ဆက်တည်းတွင် စစ်အာဏာရှင် တော်လှန်ရေး ဆက်လက်အရှိန်မြှင့်ရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကိုးတောင်ဘို့ ကျေးရွာအုပ်စုက စစ်ရှောင်ရတဲ့ ဒေသခံတွေ အခုထိ နေရပ်မပြန်နိုင်ကြသေးဘူး။တချို့ဆို နေရာမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အားမလျှော့ဘူး။ ပြည်သူတွေလည်း အားမလျှော့ဘဲ တော်လှန်ရေးကို အရှိန်မြှင့်ကြမယ်”ဟု ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။

လေးလတာကာလအတွင်း စစ်ကောင်စီ၏ အကြမ်းဖက်မှု၊ ယုတ်မာမှုကြောင့် အရပ်သားပြည်သူ သေဆုံးမှုများရှိခဲ့သလို ကိုးတောင်ဘို့တိုက်နယ်အတွင်းရှိ နေအိမ်ရာပေါင်းများစွာလည်း မီးရှို့ဖျက်ဆီးခံထားရသည်ဟု ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၄ရက်က တိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီး လေကြောင်းမှ အင်အား ဖြည့်တိုက်ခိုက်လာရာ ကိုးတောင်ဘို့ဒေသခံပြည်သူ့ ကာကွယ်ရေး(ပကဖ)ရဲဘော် ၁၆ဦး ကျဆုံးခဲ့ရဖူးသည်။

“တော်လှန်ရေးဟာ အရှိန်အဟုန်ကောင်းတစ်ခုကို ရောက်နေပြီမို့ အားမလျှော့ပဲ မိမိတတ်နိုင် တတ်ဘက်က ပါဝင်ပြီး စစ်အာဏာရှင်ကို ဆက်လက်တွန်းလှန်ကြ ပါလို့ တိုက်တွန်းလိုက်ပါတယ်။အားလုံးပဲအားတင်းထားကြပါ”ဟု ကိုးတောင်ဘို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကို ယမန်နေ့ (ဇူလိုင် ၂၈ရက်)က ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က ခုနှစ်ဦးသေဆုံး ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook