Connect with us

Hi, what are you looking for?

သတင်း

အရာတော်မြို့ အမှတ်(၃)ကျောင်းအနီး လုံခြုံရေးချထားသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ရာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

ပြောက်ကျားစစ်ဆင်ရေးများသည် တိုက်ပွဲပုံဖော်ရန် ခက်ခဲတတ်သဖြင့် ရန်သူ့တပ်ဖွဲ့ဝင်များကို စစ်ဆင်ရေးတစ်ခုတည်းတွင် ၂ ဆင့်၊ ၃ ဆင့်ထိ ထိခိုက်စေနိုင်ရန် အချိန်ယူပြင်ဆင်ထားလေ့ရှိကြောင်း အသိပေးသည်။

အရာတော်မြို့ အမှတ် (၃)ကျောင်းအနီး လုံခြုံရေးချထားသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ရာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ
အရာတော်မြို့ အမှတ် (၃)ကျောင်းအနီး လုံခြုံရေးချထားသောစစ်ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက်ရာတစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရ

●လဲကျနေသော စစ်ကောင်စီတပ်များကို ပြည်သူများဝိုင်းအုံကြည့်နေ၍ စစ်ဆင်ရေးအပြီးမသတ်နိုင်ခဲ့ဟု အသိပေး

အရာတော်မြို့အမှတ်(၃)အ​ခြေခံပညာကျောင်းအနီးလုံခြုံရေးချထားသော စစ်ကောင်စီတပ်ကို မိုင်းခွဲတိုက် ခိုက်ရာတစ်ဦးသေဆုံးပြီးနှစ်ဦးဒဏ်ရာပြင်းထန်စွာရသွားကြောင်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့က ယနေ့(ဇူလိုင် ၂၉)ထုတ်ပြန်သည်။

ယနေ့နံနက်ပိုင်းက အရာတော်မြို့၊ အမှတ် ၃ ရပ်ကွက်ရှိ အမှတ်(၃)ကျောင်းအနီး လုံခြုံရေးချထားသည့် စစ်ကောင်စီလက်အောက်ခံ ရဲများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရဲတစ်ဦးနေရာတွင် သေဆုံးခဲ့ပြီး နှစ်ဦးမှာ ဒဏ်ရာအပြင်းအထန်ဖြင့် ဆေးရုံရောက်သွားခဲ့ကြောင်း ဖော်ပြသည်။စစ်​ကောင်စီတပ်​သေဆုံး ဒဏ်ရာရရှိမှုနှင့်ပတ်သပ်၍ People’s Spring က သီးခြားအတည်မပြုနိုင်ပါ။

ဖောက်ခွဲတိုက်ခိုက်မှုအပြီးတွင် ရဲများအားလုံး အတုံးအရုန်း လဲကျနေပြီဖြစ်သော်လည်း စစ်ဆင်ရေး မပြီးဆုံးသေးသဖြင့် နောက်တဆင့် ထပ်တက်ရန် ပြင်ဆင်နေစဉ် အရပ်သားပြည်သူများဝိုင်းလာကာ ရဲများအား ဝိုင်းဝန်းကြည့်ရှုခြင်းများ၊ အချင်းချင်းမေးမြန်းစူးစမ်းခြင်းများ ပြုလုပ်ကြသဖြင့် စစ်ဆင်ရေးကို အပြည့်အဝ အပြီးမသပ်နိုင်ခဲ့ဘဲ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ပြောက်ကျားစစ်ဆင်ရေးများသည် တိုက်ပွဲပုံဖော်ရန် ခက်ခဲတတ်သဖြင့် ရန်သူ့တပ်ဖွဲ့ဝင်များကို စစ်ဆင်ရေးတစ်ခုတည်းတွင် ၂ ဆင့်၊ ၃ ဆင့်ထိ ထိခိုက်စေနိုင်ရန် အချိန်ယူပြင်ဆင်ထားလေ့ရှိကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ဖြစ်စဥ်နှင့်ပတ်သက်၍ “ပြည်သူတွေ ပါဝင်မှ နိုင်မယ့် “ပြည်သူ့စစ်ပွဲ” ဆင်နွဲနေရတာဖြစ်ပါတယ်။ ကိုယ့်အသက်အန္တာရယ်အတွက်ရော၊ တော်လှန်ရေး အောင်မြင်ဖို့ရော သတိရှိပြီးလိမ္မာပါးနပ်ကြဖို့ပါပဲဗျာ”ဟုပြောသည်။

စစ်ကောင်စီတပ်များသည် တိုက်ခိုက်မှုခံရပြီးလျှင် ဝိုင်းလာသည့် အရပ်သားပြည်သူများကို ကြောက်လန့် တကြားဖြင့် ရမ်းကားပစ်ခတ်မှု၊ မတရားဖမ်းဆီးမှုများလည်း ထင်သလို ပြုလုပ်တတ်သည့် သာဓကများလည်း ရှိကြောင်း အရာတော်(ပကဖ)က ပြည်သူများအား သတိပေးသည်ါ

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ပစ်ခတ်သံများ၊ ပေါက်ကွဲသံများ ကြားရပါက သွားရောက်ကြည့်ရှုစူးစမ်းမှု မပြုလုပ်ခြင်းဖြင့် ပြည်သူ့တော်လှန်စစ်တွင် ပူးပေါင်းပါဝင်ကြပါရန်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၊ ပျူ/ ဒလန်များ ရှိနေသည့် မည်သည့်နေရာကိုမဆို ရှောင်ရှားသွားလာကြရန် ထပ်မံ သတိပေးသည်။

အထက်ပါတိုက်ခိုက်မှုကို Northern Brothers နှင့် ကျောက်ဆူးတပ်ဖွဲ့၊ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ဝမ်ပေါင်က ကြေးနီတွေသယ်လာတဲ့ စစ်ယာဥ်တန်းတွေ ဖြတ်သန်းလာလို့ လုံခြုံရေးတင်းကြပ်ထားပြီး လမ်းပိတ်ဆို့မှုတွေပါ ဖြစ်ပွားနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။