သတင်း ကနီနှင့်ယင်းမာပင်အစပ်တွင် မိုခါမုန်တိုင်းတိုက်ခတ်စဥ်အပါအဝင် ၇ ရက်ဆက်တိုက်ပွဲဖြစ် မိုခါဆိုင်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံသို့ ဖြတ်သန်းခဲ့သော မေလ ၁၄ရက် တိုက်ပွဲမှာ အပြင်းထန်ဆုံးဖြစ်ကြောင်း တိုက်ပွဲဝင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။ LuduNwayOoမေ 18, 2023
သတင်း မြဝတီတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက် မြ၀တီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတို့၌ မေလ ၁၁ရက်မှ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၇ရက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 18, 2023
သတင်း ဖားကန့်တွင် စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ သုံးရက်ဆက် တိုက်ပွဲဖြစ် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယခုအခါ တိုက်ပွဲဖြစ်ခဲ့သည့် ကျေးရွာများဘက်မှ ဆုတ်ခွာသွားပြီဖြစ်ပြီး အခြေအနေ တည်ငြိမ်နေကြောင်းသတင်းရရှိသည်။ LuduNwayOoမေ 17, 2023
သတင်း ဖာပွန်ခရိုင်၌ လဝက်အတွင်း တိုက်ပွဲ ၆၀ကျော်ဖြစ် စစ်ကောင်စီ၏ထောက်ပံ့ပိုးဆောင်ရေးယာဉ်(၂)စီးနှင့် မြင်းလား(၂)ကောင်းကိုလည်း တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoမေ 17, 2023
သတင်း ဒီးမော့ဆိုမြို့နယ် ငွေတောင်ရွာသစ်တွင် ယနေ့ စစ်ကောင်စီတပ်နှင့် PDF တိုက်ပွဲပြင်းထန် ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီတပ်က လွိုင်ကော်နှင့် ဘောလခဲမြို့နယ်များမှ နှစ်ဖက်ညှပ်ကာ ထိုးစစ်ဆင်နေပြီး မကြာခဏထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။ LuduNwayOoမေ 16, 2023
သတင်း ဒီးမော့ဆိုအရှေ့ခြမ်း၌ တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီ လေကြောင်းမှသုံးကြိမ်ထက်မနည်းတိုက်ခိုက် ယနေ့(မေ ၁၆ ရက်) နံနက်ပိုင်းကစ၍ ထိတွေ့တိုက်ပွဲ စတင်ခဲ့ပြီးနောက် စစ်ကောင်စီတပ်မှာ အထိနာ၍ တိုက်ခိုက်ရေး ဂျက်လေယာဥ်များ အသုံးပြုခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 16, 2023
သတင်း မြဝတီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင် သည့် ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့သည် မေလ ၁၁ရက်မှစ၍ မြ၀တီမြို့နယ် လက်ခတ်တောင်ဒေသ၊ ကျောက်မိုင်းဒေသတို့၌ တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခုက်ကျဆုံးရှိခဲ့သည်။ LuduNwayOoမေ 16, 2023
သတင်း ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းတိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ၊ စစ်ရေးဆက်လက်တင်းမာနေဟု KNDF ပြော တိုက်ပွဲများတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး စစ်ရေးအရဆက်လက်တင်းမာနေဆဲဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း (၁၀)မှ ရဲဘော်တစ်ဦးက ပြောသည်။ LuduNwayOoမေ 16, 2023
သတင်း မြဝတီမြို့နယ် သုံးရက်ဆက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် ရှစ်ဦးသေ၊ ၃၀ခန့်ဒဏ်ရာရဟု ကော်ဘရာစစ်ကြောင်း ထုတ်ပြန် မေလ ၁၁ရက်က တစ်နေကုန်တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူ့ဘက်ကသေဆုံးဒဏ်ရာရအား စိစစ်ဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပူးပေါင်းတပ်မှ ၂ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးသည်။စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးအများအပြား ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoမေ 15, 2023
သတင်း ထန်းတပင်မြို့နယ် မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် အရာရှိအပါအဝင် ၈၀ခန့် သေဟုဆို လွန်ခဲ့သည့် နှစ်ပတ်ကလည်း ထန်းတပင်မြို့နယ်ရှိ ဘုမ္မတီးရွာအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်၍ အရပ်သားပြည်သူ ငါးဦးထိခိုက်မှုရှိပြီး သေဆုံးမှု အချို့ရှိခဲ့သည်ဟုဆိုသည်။ LuduNwayOoမေ 12, 2023