Connect with us

Hi, what are you looking for?

သတင်း

မြဝတီတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်း၊ လက်နက်ကြီးပစ်ကူဖြင့် တိုက်ခိုက်

မြ၀တီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတို့၌ မေလ ၁၁ရက်မှ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၇ရက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

(မြဝတီမြို့နယ် မေလ ၁၇ရက်တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(မြဝတီမြို့နယ် မေလ ၁၇ရက်တိုက်ပွဲတွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်ကောင်စီတပ်ထံမှ လက်နက် တစ်လက်နှင့် ကျည်၊ ခဲယမ်းများသိမ်းဆည်းရရှိဟု ကော်ဘရာ အသိပေး

ကရင်ပြည်နယ် မြ၀တီမြို့နယ်တွင် ကရင်အမျိုးသားအစည်းအရုံး(KNU) ဦးဆောင်သည့် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများ အဆက်မပြတ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ယမန်နေ့တွင် သတင်းထုတ်ပြန်သည်။

မြ၀တီ လက်ခတ်တောင်၊ ကျောက်မိုင်းဒေသတို့၌ မေလ ၁၁ရက်မှ တိုက်ပွဲစတင်ခဲ့ပြီး မေလ ၁၇ရက် တိုက်ပွဲတွင် လေကြောင်းပစ်ကူ သုံးကြိမ်ပြုလုပ်ခဲ့ပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့ပြင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ် သော တပ်မဟာ(၆) KNU/KNLA၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကျားသစ်နက်၊Golden Eagle၊ Federal Wings တို့ လုံခြုံရေးယူထားသော နယ်မြေအား စစ်ကြောင်းထိုးတက်လာရာ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ရန်သူ့ဘက်က ထိခိုက်သေဆုံးအား စိစစ်ဆဲဖြစ်ကြောင်း ကော်ဘရာက ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ထံမှ MA1 (၁)လက်၊ MA ကျည်ဘောက် (၅)ခု၊ ကပစကျည် (၁၀၅)တောင့်၊ အီနာဂါ (၁)လုံး၊ 60mm (၃)လုံးတို့အား သိမ်းဆည်းရမိကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကော်ဘရာ စစ်ကြောင်း(၁) စစ်ကြောင်းမှူး ဗိုလ်စောကော်ကလည်း အဆိုပါ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု ရုပ်သံမှတ်တမ်းကို ဖော်ပြခဲ့ရာ “ကင်းသွားထောက်ခိုင်းတာကို မြွေဟောက်တွေမြင်ပြီး အကုန်ထားပြေးသွားပြီ။ ဘာပဲဖြစ်ဖြစ် အရောက်လာပို့ပေးတာ ကျေးဇူးတင်ရမယ်” ဟု လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှုကို အသိပေးထားသည်။

“ဟုတ်တာပေါ့ ဒီကောင်တပ်ပြေးပဲဖြစ်မယ်” “ဒီကောင့်နာမည်ပါပါတယ်။ ခင်မောင်ဝင်း”၊ “အီနာဂါ၊ ၆၀ တွေရော လာပို့တာအရောက်လာပို့တာ ဒီကောင်”ဟု ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ၏ ပြောကြားချက်ကို ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။

ယမန်နေ့တိုက်ပွဲ၌ ကော်ဘရာစစ်သည်များနှင့် ပူးပေါင်းတပ်ဖွဲ့က ထိခိုက်မှုမရှိခဲ့ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။