Hi, what are you looking for?
ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ (၂၃)ရက်နေ့ကစပြီး ဇူလိုင် ၃ ရက်နေ့အထိ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း(၂၀၀)ကျော်ပြုလုပ်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် နေအိမ်၊ ကျောင်းနဲ့ ဘာသာရေးအဆောက်အဦးတွေ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးခဲ့တယ်လို့ KPSN က ဆိုထားပါတယ်။
ဒါဟာ စစ်ကောင်စီက ဆောင်ရွက်နေတဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဆောင်ရွက်ခွင့်မပြုတော့တာ ဖြစ်ပါတယ်။