Connect with us

Hi, what are you looking for?

News

ဒူးပလာယာခရိုင်ထဲ စစ်ကောင်စီရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းစီမံချက်နဲ့ပတ်သတ်လို့ တပ်မဟာ ၆ စာ ထုတ်ပြန်

ဒါဟာ စစ်ကောင်စီက ဆောင်ရွက်နေတဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဆောင်ရွက်ခွင့်မပြုတော့တာ ဖြစ်ပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီက နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်းစီမံချက်ဆောင်ရွက်နေတာနဲ့ပတ်သက်လို့ တပ်မဟာ ၆ က မနေ့ကထုတ်ပြန်ချက်တစ်စောင် ထုတ်လိုက်ပါတယ်။

ဒူးပလာယာခရိုင်အတွင်းမှာရှိတဲ့ ဒေသခံပြည်သူတွေအတွက် စစ်ကောင်စီရဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနဲ့ သက်ဆိုင်ရာရှေ့တန်းရုံးတွေက နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုမှာ ကူညီပေးဖို့ ပြီးခဲ့တဲ့မတ်လပိုင်းက တပ်မဟာ ၆ တပ်မဟာမှူးက သက်ဆိုင်ရာအဖွဲ့တွေထံ အသိပေးစာ ပေးပို့ခဲ့တာပါ။ အခုတော့ အဲဒီစာကို ပြန်လည်ရုတ်သိမ်းလိုက်ပြီလို့ တပ်မဟာ ၆ တပ်မဟာမှူးက ဧပြီ ၂၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်အသိပေးလိုက်ပါတယ်။

ဒါဟာ စစ်ကောင်စီက ဆောင်ရွက်နေတဲ့ ပန်းခင်းစီမံချက်ဖြစ်တဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြားနဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုကို ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ ဆောင်ရွက်ခွင့်မပြုတော့တာ ဖြစ်ပါတယ်။

ပထမကခွင့်ပြုခဲ့တာကလည်း ဒေသအတွင်း ပြည်သူလူထုတွေရဲ့ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေးနဲ့ စားဝတ်နေရေအတွက် လုံခြုံစိတ်ချစွာ နေထိုင်စားသောက်နိုင်ဖို့အတွက်ဖြစ်ပြီးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုခွင့်ပြုပေးခဲ့ပေမယ့် စစ်ကောင်စီတပ်ဟာ ဒူးပလာယာခရိုင်အတွင်း အင်အားတိုးချဲ့လှုပ်ရှားလာရာကနေ တိုက်ပွဲတွေဖြစ်ပွားလာပြီး ဒေသတည်ငြိမ်မှုမရှိပဲ ဒေသခံပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်လာတဲ့အပေါ် လုံခြုံရေးအရ စိုးရိမ်ရတဲ့အခြေအနေတွေ ဖြစ်ပေါ်လာခဲ့တာပါ။

လုံခြုံရေးအရ စိုးရိမ်ရတဲ့အခြေအနေတွေကြောင့် လုပ်ငန်းအကောင်အထည်ဖေါ်ဖို့ ဖြစ်နိုင်ခြေမရှိတဲ့အတွက် စစ်ကောင်စီရဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်မှုမှာ ကူညီပေးဖိုအတွက် အသိပေးထားတဲ့စာအပေါ် KNLA တပ်မဟာ ၆ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဆာမိစေးဖိုးက ပြန်လည်ရုတ်သိမ်းခဲ့တာဖြစ်ပါတယ်။

“ဒူးပလာယာခရိုင်မှာကျတော့ တိုက်ပွဲကလည်း မပြတ်တမ်းဖြစ်နေတယ်။ စစ်ဘေးဒုက္ခသည်တွေကလည်း ပြေးမှပြေး ထောင်ဂဏန်းသောင်းဂဏန်း အထက်မှာရောက်နေတဲ့အခါကျတော့ ဒီဟာလေးက လုပ်သင့်မလုပ်သင့်ဆိုတာ အထူးသဖြင့် ဒီလို စစ်ရှောင်တွေဖြစ်နေတဲ့ကိစ္စက သူတို့အတွက်က ပြေးလွှားနေရတာကို နံပါတ်တစ်အခြေအနေဖြစ်နေတယ်။ အဲ့ဒီမှတ်ပုံတင်လုပ်ဖို့ဆိုတာ နောက်မှရွေးချယ်ရမယ့်အလုပ်တစ်ခုဖြစ်တယ်လို့ သူတို့ကိုယ်တိုင်က အဲ့လိုပြောလာတာတွေ အများကြီးရှိတယ်လေ။ အဲ့ဒါကြောင့်မို့လို့ အဲ့ဒါကိုပြန်ပြီးတော့ ဆင်ခြင်သုံးသပ်ပြီးတဲ့နောက်မှာတော့ ဒါတွေဒီလိုပဲ ပြန်ပြီးတော့ ရုတ်သိမ်းလိုက်တယ်လို့ပဲ ကျနော်တို့နားလည်ရတယ်လေ။ တခြားဟာတော့ ဘာမှမရှိပါဘူး”လို့ ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ရှင်းပြပါတယ်။

စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပန်းခင်းစီမံချက်နဲ့ ဒေသခံတွေကို နိုင်ငံသားစိစစ်ရေးကဒ်ပြား ဆောင်ရွက်မယ့်ကိစ္စကို ကေအဲန်ယူတာဝန်ရှိသူတွေအနေနဲ့ ခွင့်မပြုပေးဖို့ စစ်အာဏာရှင်ကျဆုံးရေးလှုပ်ရှားနေတဲ့ ဒေသခံလူထုတွေက ပြီးခဲ့တဲ့ မတ်လပိုင်းက မေတ္တာရပ်ခံထားသေးတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။