Connect with us

Hi, what are you looking for?

သတင်း

ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းတိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှု ၇၀ ကျော်ရှိတယ်လို့ ဆို

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ (၂၃)ရက်နေ့ကစပြီး ဇူလိုင် ၃ ရက်နေ့အထိ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း(၂၀၀)ကျော်ပြုလုပ်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် နေအိမ်၊ ကျောင်းနဲ့ ဘာသာရေးအ​ဆောက်အဦးတွေ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးခဲ့တယ်လို့ KPSN က ဆိုထားပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းတိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှု ၇၀ ကျော်ရှိတယ်လို့ ဆို
ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းတိုက်ပွဲတွေကြောင့် အရပ်သားသေဆုံးမှု ၇၀ ကျော်ရှိတယ်လို့ ဆို

၂၀၂၁ ခုနှစ်နောက်ပိုင်းကစပြီး ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့​ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ(၇၁)ဦး သေဆုံးသွားခဲ့တယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက်(KPSN)က ထုတ်ပြန်ထားတဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အဓိကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ အာရှလမ်းကြီးတောင်ဘက် ဒေါနတောင်တန်းရဲ့နှစ်ဘက်စလုံးမှာ ၂၀၂၁ နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ကရင့်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ခဲ့တာပါ။

တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ(၈၆၀၀၀)ကျော်ဟာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရကာ အများစုဟာ ထိုင်းနယ်စပ်တစ်လျှောက်က ဆောက်လုပ်ထားတဲ့ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ KPSN ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာ (၂၃)ရက်နေ့ကစပြီး ဇူလိုင် ၃ ရက်နေ့အထိ ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း(၂၀၀)ကျော်ပြုလုပ်ခဲ့ပြီး ဒီလိုတိုက်ခိုက်မှုကြောင့် နေအိမ်၊ ကျောင်းနဲ့ ဘာသာရေးအ​ဆောက်အဦးတွေ ကျယ်ကျယ်ပြန့်ပြန့်ပျက်စီးခဲ့တယ်လို့ KPSN က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ၂၀၂၁ ဒီဇင်ဘာကနေ ဇူလိုင်လအထိ ဒူးပလာယာခရိုင်အတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နဲ့အမျိုးသမီးတွေအပါအဝင် အရပ်သား(၈)ဦး သေဆုံးခဲ့ရပြီး (၆၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကြောင့် တိမ်းရှောင်ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေပြီး စစ်ဘေးရှောင်တွေအတွက် နယ်စပ်ဖြတ်ကျော်တဲ့ လူသားချင်းစာနာမှုအကူအညီတွေ တိုးမြင့်ပေးအပ်ဖို့လည်း နိုင်ငံခြားအလှူရှင်တွေကို KPSN က တောင်းဆိုထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ပိတ်ဆို့ဖို့နဲ့ လေယာဉ်စီပံ့ပိုးမှုအပေါ် ပိတ်ဆို့ဖို့၊ သဘာ၀ဓာတ်ငွေ့အပါအဝင် ပစ်မှတ်ထားစီးပွားရေးအရေးယူပိတ်ဆို့ဖို့၊ စစ်ကောင်စီရဲ့ ရာဇဝတ်မှုအပေါ် တာဝန်ခံမှုရှိစေဖို့အတွက် အခြေအနေကို နိုင်ငံတကာရာဇဝတ်တရားခုံရုံးကို လွဲပြောင်းပေးဖို့၊ စစ်အုပ်စုကို ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီသစ်တွေ ရပ်ဆိုင်းထားဖို့ စတဲ့အချက်တွေကို နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးတိုးမြင့်ကြဖို့ KPSN က တောင်းဆိုထားကြောင်း အစီရင်ခံစာအရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။