သတင်း နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကိုPDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက် တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက ယမန်နေ့(ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် တာဝေးပစ်ဒုံးကျည် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ LuduNwayOoဖေဖော်ဝါရီ 23, 2023
သတင်း မိုးမိတ်မြို့ရှိ စစ်ကောင်စီတပ်ရင်းများကို PDF ကလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီက ညနေ ၃နာရီခန့်အထိ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 22, 2023
သတင်း ရွှေဘိုမြို့ မြို့မရဲစခန်းနှင့် မြဝတီဘဏ်ရှိ စစ်ကောင်စီတပ်အား မိုင်းဖြင့်ပစ်ခတ်တိုက်ခိုက် စစ်ကောင်စီတပ်သည် ရွှေဘိုမြို့ပတ်လည်ရှိ ခရိုင်တစ်ခုလုံးက ကျေးရွာများအား စစ်ကြောင်းထိုးမီးရှို့ခြင်း၊ ပစ္စည်းများခိုးယူခြင်း၊ ဒေသခံများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။ LuduNwayOoဖေဖော်ဝါရီ 20, 2023
သတင်း မုံရွာ လဝကရုံးကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက် အဆိုပါ လဝကရုံးသည် ပြည်သူလူထုအား ငွေညှစ်နှိပ်စက်နေ၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ဆင်ရေးရဲဘော်များ အထိအခိုက်မရှိကြောင်း Lightning People Defence Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 18, 2023
သတင်း သရက်မြို့မှ စစ်ကောင်စီ၏ ကပစ (၁၂)အား ရှော့တိုက်ဒုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်တိုက်ခိုက် ယမန်နေ့(ဖေဖော်ဝါရီ ၁၅)ည ၉ နာရီခွဲခန့်က ကပစ (၁၂)တပ်ဝင်းအတွင်းသို့ (၉၀) မမ ရှော့တိုက်ဒုံးနှစ်လုံးဖြင့်ပစ်ခတ်ခဲ့ရာ တပ်ဝန်းအတွင်းရှိ လူပျိုဆောင်နှင့် အရာရှိရိပ်သာကြားတွင် ကျရောက်ပေါက်ကွဲသွားသည်ဟု တပ်ရင်း (၄)က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 16, 2023
သတင်း မုံရွာမြို့အဝင် စစ်ဆေးရေးဂိတ်ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦးသေဟုဆို ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ည ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အသံမိုင်းခွဲကာ မျှားခေါ်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 15, 2023
သတင်း ဘုတလင်မြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီတပ်အား ဒေသကာကွယ်ရေးတပ်များတိုက်ခိုက် ခင်ဦးမြို့နယ်မြောက်ခြမ်း၊ အရှေ့ခြမ်းနှင့်အရှေ့တောင်ခြမ်းရှိ ကျေးရွာများမှ ဒေသခံများသည် ဖေဖော်ဝါရီ၁၁ရက်မှစ၍ ယနေ့နံနက်အထိ ထွက်ပြေးတိမ်းရှောင်နေရပြီး နေထိုင်စားသောက်ရေးများ အခက်အခဲတွေ့နေကြောင်း သတင်းရရှိသည်။ LuduNwayOoဖေဖော်ဝါရီ 14, 2023
သတင်း အရာတော်ရှိ အမှတ်(၁၀)လေ့ကျင်ရေးတပ်ကို ပစ်ခတ်တိုက်ခိုက် အဆိုပါ ပစ်ခတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သားများကလည်း (၆၀) မမ၊ (၁၂၀) မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း အထက်ပါတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း စစ်ကိုင်းတွင် ရွာသစ်ကြီးစခန်းမှူးနှင့်အဖွဲ့ပါလာသည့်ယာဥ်အားပစ်ခတ်တိုက်ခိုက်၊ နှစ်ဦးထက်မနည်းသေဟု PDF ပြော ယနေ့(ဖေဖော်ဝါရီ၁၁ရက်) နံနက်၈နာရီခန့်က ရွာသစ်ကြီးစခန်းမှူးနှင့် စစ်သားနှင့်ရဲ လေးဦး လိုက်ပါလာသော ယာဥ်အား ရွာသစ်ကြီးစံပြကျေးရွာနှင့် နက်ခရိုင်ကြားတွင် တော်လှန်ရေးရဲဘော်များက လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PAFD၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 11, 2023
သတင်း တံတားဦးလေတပ်စခန်း လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် တံတားဦးလေတပ်သည် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းတို့တွင် အဓိက ဗုံးကြဲတိုက်ခိုက်နေသော လေတပ်တစ်ခုဖြစ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Freedom Revolution Forceက ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 10, 2023