Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကိုPDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်

တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက ယမန်နေ့(ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် တာဝေးပစ်ဒုံးကျည် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်အား ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည် တော်)မှတာဝန်ရှိသူတစ်ဦးက People’s Spring သတင်းဌာနသို့ ပြောကြားသည်။

တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက ယမန်နေ့(ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် တာဝေးပစ်ဒုံးကျည် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်

“လေဆိပ်ဗျူဟာ ​နေပြည်​တော် လေ​ကြောင်းရန်ကာကွယ်ရေးတပ်ကို တာ​ဝေးပစ်နဲ့ ပစ်ခတ်တာပါ။ ​”ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)၏ တာဝန်ရှိသူတစ်ဦးက People’s Spring သို့အတည်ပြု​ပြောကြားသည်။

ဒုံးကျည် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ရာ တပ်စခန်းဝန်းအတွင်းရှိ အရာရှိလိုင်းခန်းဟုယူဆရ​သောအ​ဆောက်အအုံတစ်ခုကိုထိမှန်ခဲ့​ကြောင်းသိရသည်။စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုများရှိနိုင်ပြီး အသေးစိပ်အခြေ အနေများကိုစုံစမ်း​နေဆဲဖြစ်​ကြောင်းသိရသည်။ ပစ်ခတ်တိုက်ခိုက်ခံရပြီး​နောက် ​စစ်ကာင်စီတပ်ကရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့​ကြောင်းလည်း PDF တစ်ဦးက​ပြောသည်။

Public Service Announcement

Public Service Announcement

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို 
PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်
နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက ဒုံးကျည်ဖြင့်ပစ်ခတ်တိုက်ခိုက်

ထို့အပြင် ယမန်​နေ့ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က နေပြည် တော်၌ မောင်းသူမဲ့ကင်းထောက်ယာဥ်တစ်စင်း ဖြတ်သန်းသွားသည်ဆိုကာ စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေမှုများ အပူတပြင်းလုပ်ဆောင်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

Public Service Announcement
Public Service Announcement

အထက်ပါ နေပြည်တော်အခြေစိုက် စစ်ကောင်စီတပ်၏ အမှတ် (၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာန ချုပ်နှင့် လက်အောက်ခံတပ်ရင်းများအပါအဝင် သုံးနေ ရာထက်မနည်းကို တော်လှန်ရေးပူးပေါင်းတပ်များက ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ဖောက်ခွဲတိုက် ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

မတ်လ ၁၄ ရက်ကလည်း BWM နှင့် MKCDF အဖွဲ့တို့ပူးပေါင်း၍ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးသေဆုံးခဲ့သည်။