Connect with us

Hi, what are you looking for?

သတင်း

ဆီမီးခုံရဲစခန်း ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးဟုဆို

‌‌ဖေဖော်ဝါရီ ၈ရက်ကလည်း ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောအား မြင်းခြံခရိုင်တပ်ရင်း (၁၊၃၊၄)တို့က လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ စစ်သင်္ဘော ဝမ်းဗိုက်ပေါက်ရေဝင်ပြီးနောက် ကုန်းပေါ်တင်နေခဲ့ကြောင်း Scorpions People Defense Forceက ထုတ်ပြန်သည်။

ဆီမီးခုံရဲစခန်း ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးဟုဆို
ဆီမီးခုံရဲစခန်း ပစ်ခတ်တိုက်ခိုက်ရာ လေးဦးသေဆုံးဟုဆို

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်ရှိ ဆီမီးခုံရဲစခန်းအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့၏ အရက်ဝိုင်းကိုထိမှန်ပြီး လေးဦးသေဆုံးကြောင်း မြင်းခြံခရိုင်တပ်ရင်းအမှတ်(၃) တပ်ခွဲ – ၃ Scorpions People Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၂၂ ရက် ည ၉နာရီခန့်က ဆီမီးခုံရဲစခန်းအား မြင်းခြံခရိုင်တပ်ရင်း (၃၊၁နှင့် (၄)တို့က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ အဆိုပါ ပစ်မှတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အရက်ဝိုင်းကို တည့်တည့်ထိမှန်‌၍ လေးဦးသေဆုံးခဲ့ကြောင်း Scorpions People Defense Force၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်​၏ ဆီမီးခုံဆိပ်ကမ်းမှ ထပ်မံရောက်ရှိလာသော စစ်သင်္ဘောတစ်စီးမှ ပွိုင့်ဖိုက်လက်နက်ကြီးဖြင့်ပြန်လည် ပစ်ခတ်သော်လည်း PDFများ ဘေးကင်းခဲ့သည်ဟု အထက်ပါတာဝန်ခံက ဆိုသည်။

“အချိန်ကတော့ သိပ်မကြာခဲ့ပါဘူးဗျ။ သင်္ဘောပေါ်က ပွိုင့်ဖိုက်နဲ့ပစ်လို့ ပြန်ဆုတ်လာရတယ်”ဟု ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

‌‌ဖေဖော်ဝါရီ ၈ရက်ကလည်း ဆီမီးခုံဆိပ်ကမ်းရှိ စစ်သင်္ဘောအား မြင်းခြံခရိုင်တပ်ရင်း (၁၊၃၊၄)တို့က လက်နက်ကြီးဖြင့်ပစ်ခဲ့ရာ စစ်သင်္ဘော ဝမ်းဗိုက်ပေါက်ရေဝင်ပြီးနောက် ကုန်းပေါ်တင်နေခဲ့ကြောင်း Scorpions People Defense Forceက ထုတ်ပြန်သည်။

ဆီမီးခုံနယ်၌ တပ်စွဲထားသော စစ်ကောင်စီတပ် များသည် ဧရာဝတီနှင့် ချင်းတွင်းမြစ်ဆုံရာဒေသများဖြစ်သော မကွေးတိုင်းရေစကြိုမြို့နယ်ကျွန်းပေါ်ကျေးရွာများနှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိ ကျေးရွာများသို့ပါ စစ်ကြောင်းထိုးဖျက်ဆီးရာတွင် ပါဝင်လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။