သတင်း
ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Hi, what are you looking for?
ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သတင်းရသဖြင့် တော်လှန်ရေး ရဲဘော်များက သုံးလုံးတွဲ ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ငါးဦးနေရာတင် ပွဲချင်းပြီးသေဆုံး၍ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယခုဒီဇင်ဘာလလယ်ပိုင်းကလည်း ညောင်ပင်ဝန်းရဲစခန်းရှိ စစ်ကောင်စီတပ်ကို ဒေသကကာကွယ်ရေးအဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ Brother Defense Force ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပေ။
ဒုတိယမြောက်တိုက်ခိုက်မှုတွင် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုကို အတိအကျမသိရသေးဘဲ ရဲဘော်များမှာ အထိအခိုက်မရှိဟု PDF-South Monywaက အသိပေးထားသည်။
စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။
ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။
စစ်ကောင်စီယာဥ်တန်းအား ယမန်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြောင်လမ်းခွဲနှင့် အလ္လကပ္ပကြား၌ M2W ထုတ် ပဒေသာမိုင်း ၇လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ စီးမြောက်ကားမှာ မိုင်းထိသွားခဲ့ကြောင်း CDSOMက အသိပေးသည်။
မိုင်းထိပြီးနောက် စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း၊ ထိခိုက်သေဆုံးသွားသည့် အလောင်းများအား ကားပေါ်တင် ဆောင်သွားပြီး အရေအတွက်များသည်ဟု ၎င်းက ဆိုသည်။
အောက်တိုဘာ ၂၅ရက်ကလည်း ငါန်းဇွန်မြို့နယ်၊ ရွာသစ်ကုန်းရွာအနီးတွင် စစ်ကောင်စီတပ်များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး သုံးဦးခန့်သေဆုံးခဲ့သေးသည်။