Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက်

ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ငါန်းဇွန်မြို့နယ်၊ မြို့သာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)
(ငါန်းဇွန်မြို့နယ်၊ မြို့သာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ရဲများ၏ ထောက်ပို့ထွက်လာသောယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထောက်ပို့ယာဥ်အား တောင်လယ်တောရွာနှင့် ရွာသာကျေးရွာကြားတွင် ပဒေသာမိုင်း ခြောက်လုံးဖြင့် အတွဲလိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနေရာတွင်သေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က အသိပေးသ​ည်။

အဆိုပါ ယာဥ်မှာ လမ်းဘေးထိုးရပ်သွားခဲ့ပြီး ထိခိုက်သေဆုံးမှုတိုးလာနိုင်ကြောင်း၊ ဆိုင်ကယ်ပေါ်မှ စစ်ကောင်စီတပ်များက ပြန်လည်ပစ်ခက်သောကြောင့် ရဲဘော်များ ဆုတ်ခွာခဲ့ကြောင်းး ဇာမဏီပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“ငါန်းဇွန်မြို့ကို ရိက္ခာလာပို့တဲ့ကားကို နှစ်နေရာခွဲပြီး မိုင်းဆွဲတယ်လို့ကြားတယ်”ဟု ငါန်းဇွန်မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)နှင့် MN PDF Myitnge. မန္တလေးခရိုင်အမှတ်.(၅)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသ​ည်။

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်က CDM ဝန်ထမ်းများအပါအဝင် ဒေသခံပြည်သူများအားဖမ်း​ဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေပြီး ဇန်နဝါရီ ၁၇ကလည်း ရွှေပေါက်ပင်ကျွန်းရှိ နေအိမ်အများအပြားအား မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။