Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီထောက်ပို့ယာဥ်အား ပဒေသာမိုင်းဖြင့် တိုက်ခိုက်

ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ငါန်းဇွန်မြို့နယ်၊ မြို့သာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)
(ငါန်းဇွန်မြို့နယ်၊ မြို့သာအဝင်အား တွေ့ရစဥ်၊ ဓာတ်ပုံ - Cj)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ရဲများ၏ ထောက်ပို့ထွက်လာသောယာဥ်အား ပဒေသာမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇန်နဝါရီ ၂၄ ရက်)က ငါန်းဇွန်မြို့နယ်၊ မြို့သာမှ ထောက်ပို့ထွက်လာသော စစ်ကောင်စီတပ်နှင့်ရဲများ၏ ဆိုင်ကယ် နှစ်စီး နှင့် ကားတစ်စီးအနက် ဆိုင်ကယ်ကို လွှတ်ပေးပြီး ကားကို အဓိကထား မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထောက်ပို့ယာဥ်အား တောင်လယ်တောရွာနှင့် ရွာသာကျေးရွာကြားတွင် ပဒေသာမိုင်း ခြောက်လုံးဖြင့် အတွဲလိုက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးနေရာတွင်သေဆုံးခဲ့ကြောင်း ဇာမဏီပြောက်ကျားတပ်ဖွဲ့က အသိပေးသ​ည်။

အဆိုပါ ယာဥ်မှာ လမ်းဘေးထိုးရပ်သွားခဲ့ပြီး ထိခိုက်သေဆုံးမှုတိုးလာနိုင်ကြောင်း၊ ဆိုင်ကယ်ပေါ်မှ စစ်ကောင်စီတပ်များက ပြန်လည်ပစ်ခက်သောကြောင့် ရဲဘော်များ ဆုတ်ခွာခဲ့ကြောင်းး ဇာမဏီပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ဖြစ်စဥ်နှင့်ပတ်သက်၍ ဇာမဏီပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

“ငါန်းဇွန်မြို့ကို ရိက္ခာလာပို့တဲ့ကားကို နှစ်နေရာခွဲပြီး မိုင်းဆွဲတယ်လို့ကြားတယ်”ဟု ငါန်းဇွန်မြို့ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ဇာမဏီပြောက်ကျားတပ်ဖွဲ့(ငါန်းဇွန်)နှင့် MN PDF Myitnge. မန္တလေးခရိုင်အမှတ်.(၅)တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း အသိပေးထားသ​ည်။

ငါန်းဇွန်မြို့နယ်တွင် စစ်ကောင်စီတပ်က CDM ဝန်ထမ်းများအပါအဝင် ဒေသခံပြည်သူများအားဖမ်း​ဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေပြီး ဇန်နဝါရီ ၁၇ကလည်း ရွှေပေါက်ပင်ကျွန်းရှိ နေအိမ်အများအပြားအား မီးရှို့ဖျက်ဆီးသွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။