သတင်း စစ်ကောင်စီခန့်အုပ်ကြီးနှင့် ပျူ ရှင်းလင်းခံရပြီးနောက် ဒေသခံရွာသူရွာသား၂၀ကျော်ကိုစစ်ကောင်စီတပ်ကဖမ်းဆီး ဖမ်းဆီးခံရသူများတွင် အရှင်းခံရသည့် ကျောက်ပြုတ်ရွာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနေအိမ်၏ ဘေးအိမ်မှ မိသားစုဝင်၃ဦး အပါအဝင်ဖြစ်ပြီး အမျိုးသမီးအများအပြားဖမ်းဆီးခံခဲ့ရကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း MAJA မှ လျှောက်လွှာအရောင်းပိတ်လိုက်ကြောင်း အသိပေးချိန် ရုံးရှေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်၊ စစ်တပ်က လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွား N4 လျှောက်လွှာရောင်းချပေးနေသည့် MAJA ရုံးသို့ စစ်ကောင်စီတပ်များရောက်ရှိလာက လူစုမခွဲပါက ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုသည့်အပြင် လူငယ် (၁၀)ဦးခန့်ကို ဖမ်းဆီးသွားသည်ဟု ကိုယ် တိုင်ကြုံခဲ့ရသော လူငယ်များက ပြောသည်။ LuduNwayOoဩဂုတ် 5, 2022
သတင်း ထားဝယ်မှာ အမျိုးသားကြီးတစ်ဦး ကို စစ်ကောင်စီတပ်ဖမ်းဆီးပြီး နာရီပိုင်းအတွင်းသတ်ဖြတ်အလောင်းစွန့်ပစ် လမ်းဘေးမှာ စွန့်ပစ်ထားတဲ့အလောင်းကို တွေ့ရတဲ့သူတွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့ပြီး မိသားစုဝင်တွေဟာ ဖမ်းဆီးခံရသူ သေဆုံးသွားပြီဆိုတာကိုဒီနေ့မနက်ပိုင်း ရောက်မှ သိခဲ့ရပါတယ်။ LuduNwayOoဩဂုတ် 5, 2022
သတင်း မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုကျော်ဝင်းစိန် စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ ဟုမ္မလင်းမြို့ခံ ကိုကျော်ဝင်းစိန်ကို အကြမ်းဖက်စစ်ကောင်စီက သြဂုတ် ၁ရက် တွင် မန္တလေးမြို့၌ ဖမ်းဆီးသွားခြင်းဟု ကိုကျော်ဝင်းစိန်၏ သူငယ်ချင်းများနှင့် ဆွေမျိုးများက ပြောသည်။ LuduNwayOoဩဂုတ် 4, 2022
သတင်း မုံရွာမြို့တွင် မြို့ပြစစ်ဆင်ရေးများပြုလုပ်ချိန် ရဲဘော်နှစ်ဦး ဖမ်းဆီးခံရ၊ တစ်ဦး သေဆုံးဟုဆို မုံရွာအခြေစိုက် မြို့ပြပြောက်ကျားအဖွဲ့ (၁၄)ဖွဲ့က ယနေ့(သြဂုတ် ၃ရက်)တွင် နံနက် ၉နာရီမှ ညနေ ၄နာရီအထိ စစ်ဆင်ရေးများပြုလုပ်မည်ဖြစ်၍ ပြည်သူများ အပြင်မထွက်ရန် သတိပေးခဲ့သည်။ LuduNwayOoဩဂုတ် 3, 2022
သတင်း ရခိုင်တပ် ALP ဒုဗိုလ်မှူးကြီးတစ်ဦးကို AAဖမ်းဆီး၊ ဖမ်းဆီးထားသည့် ပါတီဝင်ရဲဘော်များ ပြန်လွှတ်ပေးရန် ALP တောင်းဆို ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းအား ဩဂုတ် ၂ရက် ညနေပိုင်းတွင် AA က နေအိမ်သို့ဝင်ရောက်ဖမ်းဆီး ခဲ့ပြီး ၎င်းနှင့်အတူ ကျောင်းသားတစ်ဦးကိုပါ ဖမ်းဆီးသွားကြောင်း ALPက ထုတ်ပြန်သည်။ LuduNwayOoဩဂုတ် 3, 2022
သတင်း မြင်းမူနယ် လက်ပန်ကျင်းရွာ၌ ဖမ်းဆီးခံထားရသော ကလေးနှင့်ပြည်သူများ လွတ်မြောက် ကျေးရွာကျန်းမာရေးဆေးခန်းကိုလည်း ယမန်နေ့က လေယာဥ်နှင့်ပစ်ခတ်ပြီး ယနေ့မီးရှို့ သွားကြောင်း၊ ဒေသခံတို့၏ ကားနှင့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ဖျက်ဆီး သွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း မြင်းမူနယ် လက်ပန်ကျင်းရွာတွင် စစ်ကောင်စီတပ်က ကလေးငယ် ၆၀ကျော်ကိုဖမ်းဆီးထားဆဲ စစ်ကောင်စီတပ်လေယာဥ်များသည်ယနေ့မွန်းလွဲပိုင်းက နယ်မြေချင်းဆက်စပ်နေသည့် မြောင်နယ်ပေါ်ကိုလည်း သုံးခေါက်ခန့်ပတ်မောင်းနေကြောင်း ဒေသခံတို့က ပြောသည်။ LuduNwayOoဩဂုတ် 2, 2022
သတင်း ဆန္ဒပြလူငယ်များအား ကားဖြင့်တိုက်ဖမ်းဆီးရာတွင် ကားမောင်းပေးခဲ့သူ တောင်ဒဂုံက ရာအိမ်မှူး အသတ်ခံရ အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီဝင် အများအပြား ရောက်ရှိလာကာ တောင်မြောက်လမ်းဆုံ ရဲစခန်းအနီး၌ လမ်းများပိတ်ဆို့၍ မော်တော်ပီကယ်များဖြင့် သွားလာနေသည့်ယာဥ်များကို စစ်ဆေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ LuduNwayOoဩဂုတ် 1, 2022
သတင်း မန္တလေး မြောက်ပြင်က နေအိမ်တစ်အိမ် ကို စစ်ကောင်စီတပ်ဝင်စီးပြီး လူငယ်အချို့ကိုဖမ်းဆီး အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနဲ့ ၈ လမ်းမှာရှိတဲ့နေအိမ်ကို ဝင်စီးကာ လူငယ် ၁၀ ဦးခန့်ဖမ်းဆီးသွားတာလို့ သိရပါတယ်။ LuduNwayOoဩဂုတ် 1, 2022