Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ မြို့ပြပြောက်ကျားအဖွဲ့ဝင်တွေ ဆက်တိုက်ဖမ်းဆီးခံနေရ

မန္တလေးမှာစစ်အုပ်စုဟာ လုံခြုံရေးတင်းကြပ်တာ ၊ကင်းပုန်းချတာတွေကိုအရင်ကထက်ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

မန္တလေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)
မန္တလေးမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကင်းလှည့်နေစဉ်(ပုံဟောင်း)

မန္တလေးမှာ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ဒီရက်ပိုင်းတွေအတွင်း ဆက်တိုက်ဖမ်းခံနေရပြီး ဖမ်းမိသူတွေကို စစ်အုပ်စုက သတ်ဖြတ်တာတွေ လုပ်နေတယ်လို့သိရပါတယ်။

သြဂုတ်လ ၁ ရက်က မန္တလေး မြောက်ပြင်မှာရှိတဲ့ နေအိမ်တစ်အိမ်ကိုစစ်ကောင်စီတပ်ဖွဲ့က အင်အားသုံးပြီး ဝင်စီးကာ Myanmar Return Ranger Force (MRRF) အဖွဲ့ခေါင်းဆောင် ဗိုလ်အောင်မြေအပါအဝင် ၁၀ ဦးခန့်အဖမ်းခံခဲ့ရပါတယ်။

ဖမ်းဆီးသွားပြီးနောက်ရက်မှာတော့ ဗိုလ်အောင်မြေအပါအဝင် ၃ ဦး ရဲ့ ရုပ်အလောင်းတွေကို ရန်ကုန် −မန္တလေး အမြန်လမ်း မိုင်တိုင် ၃၀၀ ကျော်မှာ စွန့်ပစ်ထားခဲ့တာကိုတွေ့ခဲ့ရပြီး လူမှုကူညီရေးအသင်းတွေကဆေးရုံကိုပို့ဆောင်ပေးခဲ့ရတယ်လို့သိရပါတယ်။

MRRF အဖွဲ့ခေါင်ဆောင် ဗိုလ်အောင်မြေတို့ကို ဖမ်းဆီးတဲ့နေ့မှာပဲ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ တစ်ခုဖြစ်တဲ့ Mother Son Mandalay Force အဖွဲ့ဝင် ၄ ဦး ဟာ တည်းခိုရာနေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီးတာခံလိုက်ရတယ်လို့သိရပါသေးတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် သြဂုတ်လ ၇ ရက် ညပိုင်းမှာ Mandalay Black King Scorpion(MBKS) တပ်ဖွဲ့ရဲ့ Safe House ကိုစစ်ကောင်စီတပ်ဖွဲ့က ဝင်ဆီးပြီး လူငယ် ၁ ဦး ထပ်မံအဖမ်းခံရလိုက်ပါတယ်။

မန္တလေးမှာစစ်အုပ်စုဟာ လုံခြုံရေးတင်းကြပ်တာ ၊ကင်းပုန်းချတာတွေကိုအရင်ကထက်ပိုမိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook