News ပြည်သူများအနေဖြင့် ကလေး PDFတပ်ရင်းများသို့သာ တိုက်ရိုက်ဆက်သွယ် လှူဒါန်းကြရန် မေတ္တာရပ်ခံ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF)သို့ အလှူငွေများ လှူဒါန်းလိုပါက ကလေး PDFတပ်ရင်းတပ်ဖွဲ့များ၏ တရားဝင် Facebook စာမျက်နှာများသို့သာ တိုက်ရိုက်ဆက်သွယ်လှူဒါန်းကြရန် မေတ္တာရပ်ခံကြောင်း ကလေး PDFက ယနေ့ ထုတ်ပြန်သည်။ LuduNwayOoဧပြီ 6, 2022
News CDM ဝန်ထမ်းများ ပံ့ပိုးပေးနိုင်ရေးဝိုင်းဝန်းကူညီကြရန် မင်းတပ်နယ်(ပအဖ)မေတ္တာရပ်ခံ ပြည်သူများ၏ အလှူငွေများကို မြေပြင်ရှိ အမှန်တကယ်ခက်ခဲသော CDM ဝန်ထမ်းများထံသို့ တိုက်ရိုက်ရောက်ရှိမည်ဖြစ်ပြီး အလှူငွေများကို ဧပြီ ၃၀ရက်အထိသာ လက်ခံသွားမည်ဖြစ် ကြောင်း အသိပေးထားသည်။ LuduNwayOoဧပြီ 5, 2022
News စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ခုခံတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ထားဝယ်(ပအဖ) မေတ္တာရပ်ခံ ပြည်သူလူထု၏ အခက်အခဲများနှင့် လိုအပ်ချက်များကို နားလည်သော်လည်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် ခုတုံးလုပ် အကာအကွယ်ယူ တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။ LuduNwayOoဧပြီ 1, 2022
News ထောင်တွင်းသင်္ကြန် လုံးဝပါဝင်မည်မဟုတ်သလို ပြည်သူများအနေဖြင့်လည်း ပျော်ပွဲ၊ရွှင်ပွဲများတွင် မပါဝင်ကြရန် နိုင်ကျဥ်းရဲဘော်များ မေတ္တာရပ်ခံထုတ်ပြန် စစ်ကောင်စီ အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ရက် ၂၀၂၁မှစ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အချုပ်အနှောင်ခံနေရချိန်တွင် ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲ၊ရွှင်ပွဲများသည် တန်ဖိုးအားဖြင့် ခြားနားခြင်းမရှိဟု မှတ်ယူကြောင်း နိုင်ကျဉ်းရဲဘော်များက ဆိုသည်။ LuduNwayOoဧပြီ 1, 2022
News စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် ကရင်နီဒေသကာကွယ်ရေးတပ်များ ကျည်မလောက်ငှသည့် ပြဿနာရင်ဆိုင်နေရ၍ တတ်နိုင်သမျှ လှူဒါန်းပေးကြရန် KPDF မေတ္တာရပ်ခံ ကရင်နီ(ကယား)ပြည်နယ်တွင် နေ့စဥ်ပြင်းထန်လျက်ရှိသော တိုက်ပွဲအခြေအနေများကြောင့် ရှေ့တန်းတွင် ကျည်မလောက်ငှမှုများ မကြာခဏကြုံတွေ့ရလျက်ရှိပြီး အချိန်မီပြန်လည်ဖြည့်တင်းနိုင်ရေး ကြိုးစားနေရသည်ဟု လူထုအား အသိပေးသည်။ LuduNwayOoမတ် 27, 2022
News လက်နက်ခဲယမ်းအတွက် ပြည်သူများကူညီပေးရန်ကလေး PDFမေတ္တာရပ်ခံ "ကျွန်မတို့ကတော့ လူငယ်တွေကို ယုံကြည်တယ်။ ကျွန်မတို့ ပြေးရင်းလွှားရင်းကနေ တတ်နိုင်သလောက် ထောက်ပံ့နေတယ်။ ပြည်မဘက်ကနေလည်း ဒီထက် ပိုထောက်ပံ့ပေးနိုင်ရင် ကောင်းမယ်။ ဒီတော်လှန်ရေး အမြန် ပြီးချင်ပြီ"ဟု ကလေးမြို့ခံတစ်ဦးကလည်းပြောသည်။ LuduNwayOoမတ် 22, 2022
News မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကိုခရီးသွားပြည်သူများအသုံးမပြုရန် အမိမြေတော်လှန်ရေးတပ်ဖွဲ့မေတ္တာရပ်ခံ လမ်းပိုင်းများ ပြန်လည်ဖွင့်လှစ်မည့်အချိန်ကို ထပ်မံကြေညာပေးသွားပါမည်ဟု အမိမြေ-တော်လှန်ရေးတပ်ဖွဲ့က ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 25, 2022
News မုံရွာတွင် အိမ်နှင့်ဆိုင်များ၌တပ်ထားသောCCTV များလမ်းဘက်သို့ လှည့်မထားရန် ပြောက်ကျားအဖွဲ့များမေတ္တာရပ်ခံ မုံရွာမြို့ရှိ ပြည်သူများအနေဖြင့် မိမိတို့၏ နေအိမ်၊ ဆိုင်ခန်း၊ တိုက်တာများတွင် တပ်ဆင်ထားသော လုံခြုံရေးကင်မရာများအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့နောက်ဆုံးထားကာ လမ်းဘက်သို့ လှည့်ထားပါက မိမိတို့နေအိမ်ဘက်သို့ ပြန်လှည့်ထားကြပါရန် မြို့ပြပြောက်ကျားအဖွဲ့များက ယနေ့ (ဖေဖော်ဝါရီ ၂၁ ရက်)တွင်မေတ္တာရပ်ခံသည်။ LuduNwayOoဖေဖော်ဝါရီ 21, 2022
News ပလက်ဝမြို့အတွက် ဝိုင်းဝန်းကူညီလှူဒါန်းကြရန် ပြည်တွင်းနှင့် နိုင်ငံတကာရောက်သွေးချင်းများကို ဦးမင်းကိုနိုင်မေတ္တာရပ်ခံ စစ်ဘေးရှောင်ပြည်သူများအတွက်အပါအဝင် အမှန်တကယ်လိုအပ်ချက်များပြားနေသည့် ပလက်၀အတွက် နိုင်သမျှ ဝိုင်းဝန်းပါဝင်လှူဒါန်းကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 14, 2022
News ပင်လုံစာချုပ်ချုပ်ဆိုခြင်း (၇၅)နှစ်မြောက် အကြို Profile Campaign တွင်ပါဝင်ကြရန် NUG မေတ္တာရပ်ခံ "အခမ်းအနားအစီအစဉ်ကို အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ အနှစ်သာရများ၊ တိုင်းရင်းသားများအားလုံး၏ စုစည်းညီညွတ်မှုများကို ထင်ဟပ်ပေါ်လွင်စေမည့် ပုံသဏ္ဍာန်ဖြင့် ကျင်းပပြုလုပ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်"ဟု NUG က အသိ ပေးသည်။ LuduNwayOoဖေဖော်ဝါရီ 9, 2022