Connect with us

Hi, what are you looking for?

LuduNwayOo

News

ပလက်ဝမြို့အတွက် ဝိုင်းဝန်းကူညီလှူဒါန်းကြရန် ပြည်တွင်းနှင့် နိုင်ငံတကာရောက်သွေးချင်းများကို ဦးမင်းကိုနိုင်မေတ္တာရပ်ခံ

စစ်ဘေးရှောင်ပြည်သူများအတွက်အပါအဝင် အမှန်တကယ်လိုအပ်ချက်များပြားနေသည့် ပလက်၀အတွက် နိုင်သမျှ ဝိုင်းဝန်းပါဝင်လှူဒါန်းကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

(ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲရှောင်ဒုက္ခသည်များကို ၂၀၁၉က တွေ့ရစဥ်၊ ဓာတ်ပုံ - ပလက်ဝမြို့နယ်လူမှု့ကူညီရေးပရဟိတအဖွဲ့)

ချင်းပြည်နယ် ပလက်၀မြို့အတွက် ဝိုင်းဝန်းကူညီလှူဒါန်းကြရန် ပြည်တွင်းနှင့် နိုင်ငံတကာရောက်သွေးချင်းများကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က မေတ္တာရပ်ခံတိုက်တွန်းသည်။

စစ်ဘေးရှောင်ပြည်သူများအတွက်အပါအဝင် အမှန်တကယ်လိုအပ်ချက်များပြားနေသည့် ပလက်၀အတွက် နိုင်သမျှ ဝိုင်းဝန်းပါဝင်လှူဒါန်းကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“အခုအထူးသဖြင့် ဒီပလက်၀ဆိုရင် ၂၀၁၉၊ ၂၀၂၀ လောက်တုန်းက လူ ၂၀,၀၀၀ ကျော်လောက် တောက်လျှောက်ဒုက္ခသည်စခန်းတွေမှာကျွေးမွေးခဲ့ရတော့ တော်တော်လည်း ခြေကုန်လက်ပမ်းကျနေကြပါပြီ။ ပြီးတော့ နိုင်ငံတကာကိုရောက်တဲ့ ပလက်၀နယ်သားဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ အခုက ပလက်၀က နယ်မြေလည်းကျယ်တယ်။ နောက်ပြီးတော့မဟာဗျူဟာအရလည်း အရေးကြီးတဲ့နေရာပါ။ ပြောချင်တာကတော့ ရင်ဆိုင်ရတာတွေ အင်မတန်များတယ်။ တိုက်ပွဲတွေများတယ်။ အဲဒီတော့ သူ့ကို ပိုပြီး ဂရုစိုက်ရမယ်။ ဒါကြောင့် ပလက်၀မှာရှိနေတဲ့ ကျွန်တော်တို့ သွေးချင်းတွေ အားလုံးဆက်ပြီးတော့ တိုက်ပွဲဝင်နိုင်အောင် နိုင်ငံတကာရောက်နေတဲ့ သွေးချင်းများတဲ့ဖြစ်တဲ့ ချင်းလူမျိုးများအပါအဝင် အားလုံးက ဝိုင်းပြီးတော့ကူညီလှည့်ကြပါ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

အာဏာမသိမ်းမီ ၂၀၁၉ကတည်းက အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပလက်၀မြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ ၂၀,၀၀၀ ကျော်ရှိခဲ့ကာ မြို့ပေါ်တွင်ပင် စစ်ဘေးရှောင်စခန်း ၁၃ခု ဖွင့်လှစ်ထားကာ ဒုက္ခသည် ၆,၀၀၀ ကျော်ရှိနေခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်နှစ် အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုအပြီး ချင်းပြည်နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်အကြား တိုက်ပွဲများ တောက်လျှောက် ရှိခဲ့ပြီး စစ်ဘေးရှောင်အရေအတွက်သည်လည်း ၆၀,၀၀၀ ခန့်ရှိလာခဲ့သည်။

ပြည်နယ်အတွင်း နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအပြင် အိမ်နီးချင်း အိန္ဒိယနယ်စပ်သို့ လည်း ထွက်ပြေးတိမ်းရှောင်သူများရှိခဲ့သည်။

ချင်းပြည်နယ်အတွက် နှစ် ၇၀ကြာ ခါးသီးသည့်အတွေ့အကြုံများ၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်များ၏ မီးရှို့သည့်လုပ်ရပ်များအပါအဝင် ပြည်နယ်တနံတလျားထိခိုက်ခံစားနေရ မှုများကို အဆုံးသတ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် ချင်းလူမျိုးများက မည်သည့်အကြောင်းပြချက်နှင့်မျှ နောက်ဆုတ်ရန်မရှိကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်က မကြာသေးမီက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံတကာနဲ့ မဟာဗျူဟာ လေ့လာရေး ဌာနက ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲ အစီအစဉ် တစ်ခုမှာ သူက မြန်မာစစ်တပ်ရဲ့ ထိပ်တန်း အရာရှိတချို့ဟာ နိုင်ငံတကာ ပိတ်ဆို့ အရေးယူမှုတွေ ခံထားရခြင်းက ဘင်္ဂလားဒေ့ရှ်ကို လုပ်ရကိုင်ရ ခက်စေတယ်လို့ ဆိုပါတယ်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

AA သည် ဇန်နဝါရီ ၁၄ရက်တွင် ပလက်၀မြို့၊ဖေဖော်ဝါရီ ပထမပတ်တွင် ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် မြို့များကို သိမ်းပိုက်နိုင်ခဲ့ပြီးယခုဖေဖော်ဝါရီလလယ်တွင် မြေပုံကို ထပ်မံသိမ်းနိုင်ခဲ့ဟု အသိပေးလာခြင်းဖြစ်သည်။