Connect with us

Hi, what are you looking for?

News

ပလက်ဝမြို့အတွက် ဝိုင်းဝန်းကူညီလှူဒါန်းကြရန် ပြည်တွင်းနှင့် နိုင်ငံတကာရောက်သွေးချင်းများကို ဦးမင်းကိုနိုင်မေတ္တာရပ်ခံ

စစ်ဘေးရှောင်ပြည်သူများအတွက်အပါအဝင် အမှန်တကယ်လိုအပ်ချက်များပြားနေသည့် ပလက်၀အတွက် နိုင်သမျှ ဝိုင်းဝန်းပါဝင်လှူဒါန်းကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

(ချင်းပြည်နယ် ပလက်ဝမြို့နယ်က တိုက်ပွဲရှောင်ဒုက္ခသည်များကို ၂၀၁၉က တွေ့ရစဥ်၊ ဓာတ်ပုံ - ပလက်ဝမြို့နယ်လူမှု့ကူညီရေးပရဟိတအဖွဲ့)

ချင်းပြည်နယ် ပလက်၀မြို့အတွက် ဝိုင်းဝန်းကူညီလှူဒါန်းကြရန် ပြည်တွင်းနှင့် နိုင်ငံတကာရောက်သွေးချင်းများကို ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က မေတ္တာရပ်ခံတိုက်တွန်းသည်။

စစ်ဘေးရှောင်ပြည်သူများအတွက်အပါအဝင် အမှန်တကယ်လိုအပ်ချက်များပြားနေသည့် ပလက်၀အတွက် နိုင်သမျှ ဝိုင်းဝန်းပါဝင်လှူဒါန်းကြရန် ဦးမင်းကိုနိုင်က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

“အခုအထူးသဖြင့် ဒီပလက်၀ဆိုရင် ၂၀၁၉၊ ၂၀၂၀ လောက်တုန်းက လူ ၂၀,၀၀၀ ကျော်လောက် တောက်လျှောက်ဒုက္ခသည်စခန်းတွေမှာကျွေးမွေးခဲ့ရတော့ တော်တော်လည်း ခြေကုန်လက်ပမ်းကျနေကြပါပြီ။ ပြီးတော့ နိုင်ငံတကာကိုရောက်တဲ့ ပလက်၀နယ်သားဆိုတာလည်း အင်မတန်မှ နည်းပါတယ်။ အခုက ပလက်၀က နယ်မြေလည်းကျယ်တယ်။ နောက်ပြီးတော့မဟာဗျူဟာအရလည်း အရေးကြီးတဲ့နေရာပါ။ ပြောချင်တာကတော့ ရင်ဆိုင်ရတာတွေ အင်မတန်များတယ်။ တိုက်ပွဲတွေများတယ်။ အဲဒီတော့ သူ့ကို ပိုပြီး ဂရုစိုက်ရမယ်။ ဒါကြောင့် ပလက်၀မှာရှိနေတဲ့ ကျွန်တော်တို့ သွေးချင်းတွေ အားလုံးဆက်ပြီးတော့ တိုက်ပွဲဝင်နိုင်အောင် နိုင်ငံတကာရောက်နေတဲ့ သွေးချင်းများတဲ့ဖြစ်တဲ့ ချင်းလူမျိုးများအပါအဝင် အားလုံးက ဝိုင်းပြီးတော့ကူညီလှည့်ကြပါ”ဟု ဦးမင်းကိုနိုင်က ပြောသည်။

အာဏာမသိမ်းမီ ၂၀၁၉ကတည်းက အကြမ်းဖက်စစ်တပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပလက်၀မြို့နယ်အတွင်း စစ်ဘေးရှောင် ပြည်သူ ၂၀,၀၀၀ ကျော်ရှိခဲ့ကာ မြို့ပေါ်တွင်ပင် စစ်ဘေးရှောင်စခန်း ၁၃ခု ဖွင့်လှစ်ထားကာ ဒုက္ခသည် ၆,၀၀၀ ကျော်ရှိနေခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့်နှစ် အကြမ်းဖက်စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုအပြီး ချင်းပြည်နယ်အတွင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်တပ်အကြား တိုက်ပွဲများ တောက်လျှောက် ရှိခဲ့ပြီး စစ်ဘေးရှောင်အရေအတွက်သည်လည်း ၆၀,၀၀၀ ခန့်ရှိလာခဲ့သည်။

ပြည်နယ်အတွင်း နေအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူများအပြင် အိမ်နီးချင်း အိန္ဒိယနယ်စပ်သို့ လည်း ထွက်ပြေးတိမ်းရှောင်သူများရှိခဲ့သည်။

ချင်းပြည်နယ်အတွက် နှစ် ၇၀ကြာ ခါးသီးသည့်အတွေ့အကြုံများ၊ ထန်တလန်မြို့ကို စစ်ကောင်စီတပ်များ၏ မီးရှို့သည့်လုပ်ရပ်များအပါအဝင် ပြည်နယ်တနံတလျားထိခိုက်ခံစားနေရ မှုများကို အဆုံးသတ်ရန် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီနှင့် ချင်းလူမျိုးများက မည်သည့်အကြောင်းပြချက်နှင့်မျှ နောက်ဆုတ်ရန်မရှိကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC) အလှည့်ကျသဘာပတိအဖွဲ့ဝင် ဆလိုင်းအိုင်းဇက်ခင်က မကြာသေးမီက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

တစ်ခေတ်တစ်ခါက မြန်မာနိုင်ငံ၏ထောင်သက်အရှည်ဆုံးနိုင်ငံရေးသမားအဖြစ် ပြောစမှတ်တွင်ခဲ့သူတစ်ဦးရှိသည်။အလံနီကွန်မြူနစ်ပါတီခေါင်းဆောင် သခင်ဖေဌေးဖြစ်သည်။စုစုပေါင်းထောင်သက်မှာ ၁၄ နှစ် ကျော်။ထောင်တင်မက ကျွန်းနှစ်ကျွန်းသို့ပါ ပို့ဆောင်ခြင်းခံရသူ။ သခင်ဖေဌေး၏ ထောင်တွင်းအစာငတ် ခံ တိုက်ပွဲအဆက်ဆက် ကိုရေတွက်လျှင်စုစုပေါင်း ၁၅၁ရက်ကြာအစာငတ်ခံတိုက်ပွဲဝင်ခဲ့သူ။ထို့ ကြောင့်ပင်သံမဏိအလံနီကြီးအဖြစ်သမိုင်းမှတ်တမ်းဝင်ခဲ့သည်။

သတင်း

၁၇ ကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award)ကို ဦးမင်းကိုနိုင် ရရှိခဲ့ပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၊ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ NUG ဝန်ကြီးအချို့၊ PDF တပ်မှူးအချို့နဲ့ ဦးမင်းကိုနိုင်တို့ဟာ တော်လှန်ရေးတပ်​တွေက စိုးမိုးထိန်းချုပ်ထားတဲ့​ဒေသမှာအတူ လမ်းလျှောက်ထွက်တဲ့ ရုပ်သံမှတ်တမ်းကို တော်လှန်ရေးသတင်းရင်းမြစ်အချို့က​ပေးပို့ပါတယ် ။