Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ခုခံတိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများ ပူးပေါင်းပါဝင်ပေးကြရန် ထားဝယ်(ပအဖ) မေတ္တာရပ်ခံ

ပြည်သူလူထု၏ အခက်အခဲများနှင့် လိုအပ်ချက်များကို နားလည်သော်လည်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် ခုတုံးလုပ် အကာအကွယ်ယူ တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(စစ်အာဏာရှင်ဆန့်ကျင်ရေး ထားဝယ်လူထုသပိတ်မှ လူငယ်များက မီးတုတ်များကိုင် ဆန္ဒပြနေသည်ကို ဖေဖော်ဝါရီက တွေ့ရစဥ်၊ ဓာတ်ပုံ - တပ်ပေါင်းစုသပိတ်ကော်မတီ - ထားဝယ်)

အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် ဆန့်ကျင်ခုခံတိုက်ခိုက်သွား မည်ဖြစ်၍ ပြည်သူများက ပူးပေါင်းပါဝင်ကူညီပေးကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ မေတ္တာရပ်ခံထုတ်ပြန်သည်။

ပြည်သူလူထု၏ အခက်အခဲများနှင့် လိုအပ်ချက်များကို နားလည်သော်လည်း အကြမ်းဖက် စစ်ကောင်စီက ပြည်သူလူထုအပေါ် ခုတုံးလုပ် အကာအကွယ်ယူ တိုက်ခိုက်နေမှုများအား ကာကွယ်နိုင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ပြည်သူများအနေဖြင့် နေ့စဉ်နှင့်အမျှ သွားလာလှုပ်ရှားရာတွင် အကြမ်းဖက် စစ်အုပ်စုများနှင့် ဝေးရာ ရှောင်ကွင်းသွားလာကြရန်နှင့် ညမထွက်ရအချိန် များတွင် သွားလာခြင်း၊ အကြမ်းဖက် စစ်အုပ်စုများ စခန်းချရာ နေရာများအနီး သွားလာခြင်း၊ မလိုအပ်ပဲ ခရီးသွားလာခြင်း၊ စစ်အုပ်စုမှ ဦးဆောင်ကျင်းပသည့် ပွဲလမ်းသဘင်များ၊ အခမ်းအနားများသို့ သွားလာခြင်းများ မပြုလုပ်ကြရန် ထားဝယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်သည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီ၏ ဝင်ငွေရလမ်းများဖြစ်သည့် စီးပွားရေးလုပ်ငန်းများ၊ ထုတ်ကုန်ပစ္စည်းများအား ဝယ်ယူသုံးစွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း၊ သယ်ယူပို့ဆောင်ပေး ခြင်းများ လုံးဝမပြုလုပ်ကြရန်လည်း တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ထားဝယ်မြို့နယ်အတွင်း စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင် များ၊ ဌာနဆိုင်ရာအသီးသီးမှ Non CDM များ၊ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင် ဆောင်ရွက်နေသူများ အနေဖြင့် ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင် ရပ်တည်ကြရန် အလေးထားတိုက်တွန်းထား သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။