Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီအား ခုခံတိုက်ခိုက်​နေသည့် ကရင်နီ​ဒေသကာကွယ်​ရေးတပ်များ ကျည်မ​လောက်ငှသည့် ပြဿနာရင်ဆိုင်နေရ၍ တတ်နိုင်သမျှ လှူဒါန်းပေးကြရန် KPDF မေတ္တာရပ်ခံ

ကရင်နီ(ကယား)ပြည်နယ်တွင် နေ့စဥ်ပြင်းထန်လျက်ရှိသော တိုက်ပွဲအခြေအနေများကြောင့် ရှေ့တန်းတွင် ကျည်မလောက်ငှမှုများ မကြာခဏကြုံတွေ့ရလျက်ရှိပြီး အချိန်မီပြန်လည်ဖြည့်တင်းနိုင်ရေး ကြိုးစားနေရသည်ဟု လူထုအား အသိပေးသည်။

(KPDF တပ်ရင်း(၂)မှ ရဲ​ဘော်များ စစ်​ရေး​လေ့ကျင့်​နေစဥ်)

အကြမ်းဖက်စစ်ကောင်စီအား တိုက်ခိုက်နေသည့် ကရင်နီဒေသတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်၌ ကျည်မလောက်ငှသည့် ပြဿနာရင်ဆိုင်နေရသောကြောင့် တတ်နိုင်သမျှ လှူဒါန်းပေးကြရန် KPDF က မေတ္တာရပ်ခံသည်။

လက်နက်ခဲယမ်းများ အရေးပေါ်လိုအပ်နေသည့်အခြေ အနေကို ကရင်နီပြည်သူ့ကာကွယ်ရေးအဖွဲ့ (KPDF)က ယနေ့(မတ် ၂၇ရက်) ထုတ်ပြန်ခြင်းဖြစ်သည်။

ကရင်နီ(ကယား)ပြည်နယ်တွင် နေ့စဥ်ပြင်းထန်လျက်ရှိသော တိုက်ပွဲအခြေအနေများကြောင့် ရှေ့တန်းတွင် ကျည်မလောက်ငှမှုများ မကြာခဏကြုံတွေ့ရလျက်ရှိပြီး အချိန်မီပြန်လည်ဖြည့်တင်းနိုင်ရေး ကြိုးစားနေရသည်ဟု လူထုအား အသိပေးသည်။

“ယခုအခါ ကျည်ဆံများအရေးပေါ်လိုအပ်နေပြီး ပြည်နယ်အတွင်းရောင်းလိုအားမရှိတော့ခြင်းကြောင့်သော်လည်းကောင်း၊ လမ်းကြောင်းများ ကျပ်တည်းမှုကြောင့်သော်လည်းကောင်း ဈေးနှုန်းများအဆမတန် ကြီးမြင့်နေလျက်ရှိသောကြောင့် လိုအပ်သောပမာဏအား အချိန်မီဝယ်ယူနိုင်ရေးအတွက် အလှူငွေပမာဏ နည်းသည်၊ များသည်ကို ပဓာဏမထားဘဲ ပါဝင်လှူဒါန်းပေးကြပါရန် မေတ္တာရပ်ခံ အကူအညီတောင်းခံလိုပါတယ်ဗျ”ဟု KPDFက မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ကရင်နီပြည်နယ်ကို အကြမ်းဖက်စစ်ကောင်စီက ကာလကြာရှည်စွာ ထိုးစစ်ဆင်နေသည်ပြီး စနစ်တကျခုခံတိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကြောင့် စစ်ကောင်စီ၏ စစ်ဆင်ရေး အောင်မြင်ခြင်းမရှိပေ။

ဖရူဆို၊ မိုးဗြဲ၊ ဒီမောဆိုနှင့် လွိုင်ကော်မြို့နယ်တို့တွင် စစ်ကောင်စီက အရပ်သားများကို သတ်ဖြတ်ခြင်း၊နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည်။ ယင်းကဲ့သို့ ဖိနှိပ်ခံနေရသော်လည်း ဒေသခံပြည်သူ့ကာကွယ် ရေးအဖွဲ့များနှင့် လူထုက စစ်ကောင်စီကို နည်းမျိုးစုံဆန့်ကျင်တိုက်ခိုက်နေသည်။

“ကျွန်မတို့ အိုးအိမ်တွေပစ်ပြီး ပြေးနေရတယ်။ ဒီတော် လှန်ရေးဟာ ကျွန်မတို့ တစ်ပြည်နယ်တည်း လွတ်မြောက် ရေးမဟုတ်ဘူး။ တစ်နိုင်ငံလုံးလွတ်မြောက်ရေးဖြစ်တယ်။ တတ်နိုင်သလောက် လှူကြပါ။ ကူကြပါ။ စစ်တပ်ကို အမြစ်ဖြတ်ပြီး ကျွန်မတို့ အတူတူ အောင်ပွဲခံကြစို့ပါ”ဟု လွိုင်ကော်မြို့မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။