Connect with us

Hi, what are you looking for?

News

ထောင်တွင်းသင်္ကြန် လုံးဝပါဝင်မည်မဟုတ်သလို ပြည်သူများအ​နေဖြင့်လည်း ​ပျော်ပွဲ၊ရွှင်ပွဲများတွင် မပါဝင်ကြရန် နိုင်ကျဥ်းရဲ​ဘော်များ ​မေတ္တာရပ်ခံထုတ်ပြန်

စစ်ကောင်စီ အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ရက် ၂၀၂၁မှစ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အချုပ်အနှောင်ခံနေရချိန်တွင် ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲ၊ရွှင်ပွဲများသည် တန်ဖိုးအားဖြင့် ခြားနားခြင်းမရှိဟု မှတ်ယူကြောင်း နိုင်ကျဉ်းရဲဘော်များက ဆိုသည်။

ထောင်တွင်း၌သင်္ကြန်အား လုံးဝ (လုံးဝ)ပူးပေါင်းပါဝင်မည်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း စစ်ကောင်စီဖန်တီးထားသည့် ပျော်ပွဲ၊ရွှင်ပွဲများ၌ ဝင်ရောက်ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်း၌ မတရားအကျဥ်းကျခံ​နေရ​သော နိုင်ငံရေးအကျဥ်းသားများက ဧပြီ ၁ရက်တွင် ​မေတ္တာရပ် ခံချက် ထုတ်ပြန်သည်။

မကြာမီကျရောက်လာမည့် မြန်မာနှစ်ကူးသင်္ကြန်ကာလတွင် အင်းစိန်အကျဉ်းဦးစီးအပါအဝင် စစ်ကောင်စီနှင့် လက်ပါးစေများက ထောင်တွင်း၊ထောင်ပြင် ပျော်ပွဲ၊ရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်းလည်း ကြေညာချက်၌ ပါရှိသည်။

စစ်ကောင်စီ အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ရက် ၂၀၂၁မှစ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အချုပ်အနှောင်ခံနေရချိန်တွင် ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲ၊ရွှင်ပွဲများသည် တန်ဖိုးအားဖြင့် ခြားနားခြင်းမရှိဟု မှတ်ယူကြောင်း နိုင်ကျဉ်းရဲဘော်များက ဆိုသည်။

အဆိုပါ ပျော်ပွဲ၊ရွှင်ပွဲများသည် တော်လှန်ရေးတစ်ရပ်လုံး၏ အန္တိမပန်းတိုင် မှေးမှိန်သွားစေရန် (တော်လှန်ရေးဈာန်လျှောသွားစေရန်) ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော အတုအယောင် ပျော်ပွဲ၊ရွှင်ပွဲများဖြင့် အဓမ္မပျော်ရွှင်စေခြင်းမျိုး ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“မနှစ်ကလည်း ထောင်ထဲမှာ ပျော်ပွဲ၊ရွှင်ပွဲ မဖြစ်မနေလုပ်ရမယ်ဆိုပြီး ထောင်ပိုင်တွေကို စကစက ညွှန်ကြားတယ်။ကျွန်တော်တို့ အဆောင်တိုင်းမှာလည်း ကာရာအိုကေ တွေထားတယ်။ခြင်း ပြိုင်ပွဲတွေလုပ်တယ်။ပြီးတော့ ထောင်ဝန်ထမ်းတွေက ဗီဒီယို ရိုက်တယ်။နိုင်ငံရေး အကျဥ်းသား တွေထဲက ပါတဲ့သူနည်းပါတယ်။တခြားပြစ်မှုနဲ့ကျတဲ့သူတွေ များတယ်။အဲဒါကို လိမ်ပြီး နိုင်ငံတကာကို ပြန်ချပြတဲ့ ပုံစံ။တကယ်က အထဲမှာ နှိပ်စက် နေတာကို ဖုံးကွယ်ချင်တာ”ဟု ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင် ခြောက်လကျော်ကြာ နေထိုင်ခဲ့ရသူတစ်ဦးက ပြော သည်။

နိုင်ငံရေးအချုပ်အနှောင်ခံများသည် ထောင်တွင်းသင်္ကြန်အား လုံးဝ(လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရန်သူတို့ဖန်တီးလုပ်ယူထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများ၊ အတုအယောင် လူနေမှုပုံစံများတွင် ဝင်ရောက်ပူးပေါင်းခြင်း မပြုကြရန် နိုင်ကျဥ်းရဲဘော်များက တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် နှင့် ပြည်သူများ ပါးနပ်ရန်လိုကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ​က လူထုနွေဦးမှတစ်ဆင့် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။