Connect with us

Hi, what are you looking for?

LuduNwayOo

News

ထောင်တွင်းသင်္ကြန် လုံးဝပါဝင်မည်မဟုတ်သလို ပြည်သူများအ​နေဖြင့်လည်း ​ပျော်ပွဲ၊ရွှင်ပွဲများတွင် မပါဝင်ကြရန် နိုင်ကျဥ်းရဲ​ဘော်များ ​မေတ္တာရပ်ခံထုတ်ပြန်

စစ်ကောင်စီ အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ရက် ၂၀၂၁မှစ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အချုပ်အနှောင်ခံနေရချိန်တွင် ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲ၊ရွှင်ပွဲများသည် တန်ဖိုးအားဖြင့် ခြားနားခြင်းမရှိဟု မှတ်ယူကြောင်း နိုင်ကျဉ်းရဲဘော်များက ဆိုသည်။

ထောင်တွင်း၌သင်္ကြန်အား လုံးဝ (လုံးဝ)ပူးပေါင်းပါဝင်မည်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း စစ်ကောင်စီဖန်တီးထားသည့် ပျော်ပွဲ၊ရွှင်ပွဲများ၌ ဝင်ရောက်ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အင်းစိန်ဗဟိုအကျဥ်းထောင်အတွင်း၌ မတရားအကျဥ်းကျခံ​နေရ​သော နိုင်ငံရေးအကျဥ်းသားများက ဧပြီ ၁ရက်တွင် ​မေတ္တာရပ် ခံချက် ထုတ်ပြန်သည်။

မကြာမီကျရောက်လာမည့် မြန်မာနှစ်ကူးသင်္ကြန်ကာလတွင် အင်းစိန်အကျဉ်းဦးစီးအပါအဝင် စစ်ကောင်စီနှင့် လက်ပါးစေများက ထောင်တွင်း၊ထောင်ပြင် ပျော်ပွဲ၊ရွှင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်းလည်း ကြေညာချက်၌ ပါရှိသည်။

စစ်ကောင်စီ အာဏာစသိမ်းသည့် ဖေဖော်ဝါရီ ၁ရက် ၂၀၂၁မှစ၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် အချုပ်အနှောင်ခံနေရချိန်တွင် ထောင်တွင်းသင်္ကြန်နှင့် နိုင်ငံနေရာအနှံ့အပြားတွင် ကျင်းပပြုလုပ်မည့် ပျော်ပွဲ၊ရွှင်ပွဲများသည် တန်ဖိုးအားဖြင့် ခြားနားခြင်းမရှိဟု မှတ်ယူကြောင်း နိုင်ကျဉ်းရဲဘော်များက ဆိုသည်။

အဆိုပါ ပျော်ပွဲ၊ရွှင်ပွဲများသည် တော်လှန်ရေးတစ်ရပ်လုံး၏ အန္တိမပန်းတိုင် မှေးမှိန်သွားစေရန် (တော်လှန်ရေးဈာန်လျှောသွားစေရန်) ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားသော အတုအယောင် ပျော်ပွဲ၊ရွှင်ပွဲများဖြင့် အဓမ္မပျော်ရွှင်စေခြင်းမျိုး ဖြစ်ကြောင်းလည်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“မနှစ်ကလည်း ထောင်ထဲမှာ ပျော်ပွဲ၊ရွှင်ပွဲ မဖြစ်မနေလုပ်ရမယ်ဆိုပြီး ထောင်ပိုင်တွေကို စကစက ညွှန်ကြားတယ်။ကျွန်တော်တို့ အဆောင်တိုင်းမှာလည်း ကာရာအိုကေ တွေထားတယ်။ခြင်း ပြိုင်ပွဲတွေလုပ်တယ်။ပြီးတော့ ထောင်ဝန်ထမ်းတွေက ဗီဒီယို ရိုက်တယ်။နိုင်ငံရေး အကျဥ်းသား တွေထဲက ပါတဲ့သူနည်းပါတယ်။တခြားပြစ်မှုနဲ့ကျတဲ့သူတွေ များတယ်။အဲဒါကို လိမ်ပြီး နိုင်ငံတကာကို ပြန်ချပြတဲ့ ပုံစံ။တကယ်က အထဲမှာ နှိပ်စက် နေတာကို ဖုံးကွယ်ချင်တာ”ဟု ၅၀၅ (က) ဖြင့် အင်းစိန်ထောင်တွင် ခြောက်လကျော်ကြာ နေထိုင်ခဲ့ရသူတစ်ဦးက ပြော သည်။

နိုင်ငံရေးအချုပ်အနှောင်ခံများသည် ထောင်တွင်းသင်္ကြန်အား လုံးဝ(လုံးဝ) ပူးပေါင်းပါဝင်မည် မဟုတ်ဘဲ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ရန်သူတို့ဖန်တီးလုပ်ယူထားသော အတုအယောင် ပျော်ပွဲရွှင်ပွဲများ၊ အတုအယောင် လူနေမှုပုံစံများတွင် ဝင်ရောက်ပူးပေါင်းခြင်း မပြုကြရန် နိုင်ကျဥ်းရဲဘော်များက တိုက်တွန်းသည်။

အကြမ်းဖက်စစ်ကောင်စီ ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပါဝင်ဆင်နွှဲခြင်းမပြုရန် နှင့် ပြည်သူများ ပါးနပ်ရန်လိုကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများ​က လူထုနွေဦးမှတစ်ဆင့် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။